Skip to main content

Unicode ဆိုတာ ဘာလဲ


မသိသေးသူများ အတွက်ပါ Unique ဆိုတာက မြန်မာလိုဆို တစ်ခုထဲ သီးသန့်ဖြစ်သော code အစုအဝေး ကနေဆင်းသက်လာတာနေပါ့မယ်၊
သီးသန့်ဖြစ်တည်နေတာဆိုတာမျိုးက ဥပမာ နေဆိုရင် တစ်လုံးထဲရှိပါတယ် သူ့ကိုမူတည်ပီး အရှေ့အနောက်တောင်မြောက် ခွဲလို့ရပါတယ် ဓူဝံကြယ် ညအခါ မြောက်အရပ်မှာ ရှိတာကလဲ သီးသန့်သဘောမျိုးပါဘဲ၊ ၂ လုံးရှိနေရင်တော့ တောင်သွားရမလို မြောက်သွားရမလိုနဲ့ လိုရာခရီးမရောက်နိုင်တော့ပါဘူး၊
Code ဆိုတာကတော့ ဂဏန်းအစုအဝေးလေးတွေပါ
ကွန်ပြူတာသမားတွေဆို မြင်လွယ်ကြမှာပါ ကွန်ပြူတာက ကျွန်တော်တို့ A လို့ရေးရင် တကယ်တန်း စကရင်မှ ပြန်ပြဖို့ရာ A ဆိုတာ သူမသိပါဘူး A အစား သူသိနားလည်တဲ့ ၀ နှင့် ၁ တွေကိုဘဲ အစီအစဉ်အစုအဝေးတစ်ခုအနေနဲ့ မှတ်သားပါတယ် ဥပမာ ၁၀၀၁၀၁ စသည့် ကုဒ်အစုအဝေးနဲ့ပါ၊ ၁ နှင့် ၀ ဆိုတာကတော့ မြင်လွယ်အောင်ဆို လျပ်စစ်ဗို့အား ရှိခြင်း မရှိခြင်း သဘောမျိုးပါ
လျပ်စစ်ဗို့အားလေး ရှိနေရင် ၁ မရှိနေရင် ၀ ပေါ့ ဆိုတော့ ကွန်ပြူတာက A ဆိုရင် ၁၀၀၁၀၁ အနေနဲ့ သိမ်းထားတယ် ကျွန်တော်တို့ ရိုက်လိုက်ရင်လဲ စကရင်မှာ ပြန်ပေါ်ဖို့ရာ ၁၀၀၁၀၁ ကိုဘဲ ပြန်ထုတ်ပေးပါတယ် ဒါပေမယ့် ကျွန်တော်တို့က ကွန်ပြူတာမှ မဟုတ်တာ သူက ဆိုတော့ အဲဒီ ၁၀၀၁၀၁ ကိုဘဲ A ဆိုပီး ပြန်ပြပေးရပါတယ်
ကမ္ဘာပေါ်မှာ ဘာသာစကားတွေ အများကြီးရှိပါတယ် ဆိုတော့ ကွန်ပြူတာထဲကို သူတို့ စကားလုံးတွေ သိမ်းဖို့ရာ စနစ်တစ်ခု လိုလာပါတယ် စနစ်တစ်ကျမရှိရင် မသိမ်းခဲ့ရင် ဆိုလိုတာက A ကိုဘဲ တစ်ယောက်က ၁၀၀၁၀၁ နှင့်မဟုတ်ဘဲ ၁၁၁၁၁၁ ဆိုပီးသိမ်းရင်
သူ့ကွန်ပြူတာထဲတော့ အမှန် A ဘဲ ပြမှာပါ ဒါပေမယ့် တခြားသုတစ်ယောက်ရဲ့ ကွန်ပြူတာမှာဆို ၁၁၁၁၁၁ ဆိုတဲ့ Z ဘဲ ပြချင်ပြမှာပါ၊
ဒါနဲ့ဘဲ သူမှန်တယ် ငါမှန်တယ်နဲ့ ညင်းကြခုန်ကြနဲ့ A ကလေး ပြဖို့ရာ စစ်ပွဲတွေ ဖြစ်မယ် ဒါကို သိကြလို့ အားလုံးက စုဝေးတိုင်ပင်ကြပီး ကဲတို့တော့ A ကိုတော့ဖြင့် စက်ရဲ့ ၁၀၀၁၀၁ အနေနဲ့ သိမ်းပါ့မယ်
အဲဒါနဲ့ လိုက်လျောညီထွေရှိတဲ့ စာဖေါ်ပေးတဲ့ စနစ်ကိုလဲ ၁၀၀၁၀၁ လာရင် A ကိုဘဲ ထုတ်ပေးပါ တခြားဟာတွေ မထုတ်ရဆိုပီး စည်းကမ်း ကန့်သတ် တစ်ခုထဲဆိုတော့ရာ Unique ပေါ့ နောက် Code တွေပါတာဆိုတော့ Unicode စနစ်ဆိုပီး လိုက်နာဖို့ရာ သဘောတူကြပါတယ်၊ ဆိုတော့ အာဖရိကက ကွန်ပြူတာဘဲ ဖြစ်ဖြစ်
အာရှကကွန်ပြူတာကဘဲ ဖြစ်ဖြစ် ၁၀၀၁၀၁ ဆို A ဘဲ ပြရပါတော့တယ်၊ မဟုတ်ရင် ဖတ်မရ ဆက်သွယ်မရကြုံကြရမှာပါ၊
ဒါဆို ကျွန်တော်တို့ရဲ့ ဇော်ဂျီ ယူနီ ပြဿနာလေးကို အနည်းငယ် သဘောပေါက်မိမှာပါ မြန်မာစာကို အင်္ဂလိပ်ကြီးက နားမလည်တော့
သူတို့လို ယူနီကုဒ် မြန်မာစာအတွက် သူတို့ မကူညီနိုင်ပါဘူး
ဆိုတော့ ကိုယ်တွေရဲ့ ပညာရှင်တွေကဘဲ စတင်လုပ်ကြရပါတယ်
ဇော်ဂျီဖေါင့်လုပ်သူက က ကနေ အ ကို ဖေါင့်ဖိုင်ထဲသိမ်းဆည်းခဲ့ပါတယ် ဒါပေမယ့် သူ့သိမ်းဆည်းမှုက စနစ်မကျသလို ယူနီကုတ်က ချမှတ်ထားတဲ့ စည်းစနစ်အတိုင်း ထည့်သွင်းခဲ့ခြင်းမရှိပါဘူး
ဆိုတော့ စစချင်းဆို အမှန်မပြလားဆိုတော့ ပြပါတယ် က ကနေ အ ဖြောင့်နေတာပါဘဲ မှန်ကလဲ မှန်နေတော့ လူတွေ အများသုံးကြရင်း
အသုံးကျယ်ပြန့်ပီး လူတိုင်းသုံး စနစ် ဖြစ်သွားပါတယ်၊ ဒါပေမယ့်လဲ မှား နေတာက မှားနေတာပါဘဲ စာစီစနစ် အမှန်မရ တိုင်းရင်းသားတွေအတွက် Unicode စနစ်က ပေးထားတဲ့ နေရာလွတ်တွေကိုပါ သူက မြန်မာ စာပေါ်ဖို့ရာ ဥပမာ အောက်ကမြင့်ဆို တစ်ခုထဲ ရှိရမှာကို သုံးလေးခု စသည် ယူသုံးသွားပါတယ်၊ ဆိုတော့ အိုကွယ် နေရာလေးဘဲ ယူသုံးပါစေ အဲလိုမရပါဘူး တိုင်းရင်းသား စာလုံးတွေလား တခြားနေရာလေး ထပ်ပေးပေါ့ မရပါဘူး ကမ္ဘာ ယူနီကုဒ် အဖွဲ့က မြန်မာ စာလုံးလေးတွေ အတွက်ဆို ဒီနေရာကနေ ဒီနေရာသာသုံးပါ
နေရာခြွေတာတဲ့ အနေရော ရှာဖွေရ စီစဉ်ရလွယ်အောင်ရော ထိုင်ခုံနေရာ ပေးသလို သတ်မှတ်ပီးမို့ပါ၊ မဟုတ်ဖူး သူပေးတာနဲတယ် တခြား ဘာသာစာပေက နေရာလေးကို ဒို့အတွက်ပေးပါကွာ သွားတောင်းလဲ မရလောက်ပါဘူး သူတို့ကလဲ လေ့လာထားပီးသား
သူများ ဘာသာတွေလဲ ဒီနေရာမှာ ဒီလို ကွက်တိထည့်တာ မင်းတို့လဲ ရအောင်ထည့်သုံးရမှာပါ ဒီလောက်ပါဘဲ
နောက်သူတို့ စာစီစနစ် အင်ဂျင်ထဲမှာလဲ နေရာကန့်သတ်ပီးသားဖြစ်နေလို့ သူတို့ နေရာရွေ့ပေးလို့မရပါဘူး ပေးရင်လဲ ကျန်တဲ့ ဘာသာ စကားသုံးသူတွေက ဟင် ငါတို့စာလုံးလေး တစ်နေ့က ပေါ်နေတာ
ဒီနေ့ဘာကြောင့်များ မပေါ်သလဲ ကွိုင်ရှာရင် ယူနီကုဒ် လူကြီးမင်းများလဲ အလုပ်ထုတ်ခံရမယ့် အရေးပါဘဲ၊ ဆိုတော့ ယူနီကုဒ်စနစ် အတိုင်း ကိုယ့်မြန်မာ ပညာရှင်တွေက မပြုစုနိုင်သလား ဆိုတော့
မပြုစုနိုင်တာလည်း မဟုတ်ပါဘူး တိုင်းရင်းသား စာပေတွေကိုလဲ ညှိညှိနှိုင်းဘဲ စနစ်တကျထည့်သွင်းခဲ့ပီးပါပီ လိုအပ်တာလေးတွေ မရှိတော့ဘူးလားတော့ မဟုတ်ဖူး လုပ်စရာလေးတွေတော့ ကျန်ပါအုန်းမယ်၊ မြန်မာစာ မှန်ဖို့ရာ ဖေါင့်လဲ သူတို့ ထုတ်ပေးပီးပါပီ
စံစနစ်လွဲနေတဲ့ ပုံစံကနေ စနစ်မှန်ပြောင်းဖို့ရာ လိုအပ်တဲ့ ပြောင်းဖို့ရာ software တွေလဲထုတ်ပေးပီးပါပီ စံစနစ် လွဲနေတာကို ၈၀ % နည်းပါးမှန်အောင် အတည့်မြင်ရအောင် ကူးပြောင်းရလွယ် အောင် လုပ်ပေးနိုင်တဲ့ ဖေါင့်လဲထုတ်ပေးပီးပါပီ ကျွန်တော်တို့တွေ မသုံးရင်
ကျွန်တော်တို့တွေ မသုံးတာပါဘဲ၊ မသုံးလို့လဲ အခုနေ ကိုယ်နဲ့ သူနဲ့ ဆက်သွယ်ရ အဆင်ပြေတယ်ထား ဒါလေးတစ်ခုပါဘဲ လူဆိုတာ ဆက်သွယ်ရေးနဲ့ ရှင်သန်ရတာ ဟုတ်ပါတယ် ဒါပေမယ့်လဲ ကြီးပွါး တိုးတက် ခေတ်မှီဖို့ဆိုရင် မှန်တဲ့ အရာကိုဘဲ အသုံးပြုမှ ရေရှည်မှာ အဆင်ပြေပါလိမ့်မယ်၊ စာရေးသူတစ်ယောက်ကဆိုတယ် ( သူ့ကိုတော့ အပြစ်ပြောတယ်တော့ မဟုတ်ပါဘူး လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ခွင့် ရှိပါတယ် အခုနေ ယူနီကုဒ် ရုတ်ချည်း ပြောင်းဖို့ဆိုတာကလဲ နံရံကို ခေါင်းနဲ့ ဝင်စောင့်သလိုမျိုးနေပါ့မယ် ဒါပေမယ့် ယူနီကုတ် မကောင်းလို့တော့မဟုတ်ပါဘူး ) ကျွန်တော် စာရေးနေတာ စာဖတ်ပရိတ်သတ်တွေ မလာတော့ရင် ကျွန်တော်ပေးစေချင်တာ သူတို့မရတော့ရင် ခက်ပါတယ် အဆင်မပြေပါဘူးတဲ့၊ သူ့စေတနာကို လေးစားပါတယ် သူ့အသိဉာဏ်ကလဲ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါလိမ့်မယ်၊ ဒါပေမယ့်လဲ ရေရှည် အနာဂတ် တိုးတက်ပြောင်းလဲ ဖို့ရာကိုတော့ လှစ်လျူမရှုသင့်ဘူးလို့ဘဲ ဆိုသင့်ပါတယ်။
ကျွန်တော်တို့တွေရဲ့ ခဏတာ အဆင်ပြေနေမှုကို ထာဝရအဆင်ပြေ ချောမွေ့မှုဆိုတာနှင့်တော့ မလဲလှယ်သင့်ပါဘူးလို့
အနဲဆုံးတော့ ဒီလိုလေးတွေးကြည့်နိုင်ပါတယ် ဟာ သူတို့တွေကွာ ဘာတွေ ရေးမှန်းလဲမသိ သူတို့မှာလဲ မှန်ကန်တဲ့ ဖေါင့်စနစ်လဲ ရှိနေပီ သူတို့ ဘာလို့များ မသုံးကြသေးသလဲ အက်မေးဇင်းရယ်ပေါ့လေ
သူတို့တွေ ဝေဖန်ကြမှာလဲ မလွဲပါဘူးလို့ ပြောလဲ ကိုယ့်ပေါင် ကိုယ်ဘဲလှန်ထောင်းနေသလိုပါဘဲ နာလို့ နားပီလို့လေ 😂
ဘာဘဲဖြစ်ဖြစ် အခုပိုစ်လေးက မည်သူ့ကိုမှ မရည်ရွယ်ပါဘူး
ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကို ထောက်ပြထားခြင်းလို့ နားလည်ပေးပါ ဇော်ဂျီကိုလဲ ထူးပီးအပြစ်မမြင်ပါဘူး
အကြောင်းကြောင်းကြောင့်ဆိုသလိုပါဘဲ၊ ဘာဘဲဖြစ်ဖြစ်ပေါ့
အိုဘားမား ပြောသွားသလိုပေါ့ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ကျွန်တော်တို့တွေ မှန်ကန်တဲ့ စနစ်တစ်ရပ်ဆီ သွားကြရမယ် မဟုတ်ပါလား ခင်ဗျာ၊ သွားဖို့ရာတော့ သွားနည်း သွားစဉ်
ကိရိယာတန်ဆာပလာတွေ စသည်လိုပါလိမ့်မယ်၊ အဲဒါတွေတော့
ဆွေးနွေးတိုင်ပင် ကြရမယ်မဟုတ်ပါလား ခင်ဗျာ

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter