Skip to main content

Posts

Showing posts from October, 2026

About Biking

 စက်ဘီးစီး အင်္ကျီ ဘောင်းဘီတွေကို ဒီမှာ ဝယ်ရတာ ဘယ်လိုမှ စိတ်ကြိုက်မတွေ့ဘူး။ အင်္ကျီ တွေက ဘေထုတ်ထဲက ဟာတွေဆို တစ်သောင်းခွဲ နှစ်သောင်း က စ တယ်။ အသစ်ဆို ၆ သောင်း က စတယ်။ အသစ် ၆ သောင်းတန်တွေကျတော့လည်း ဒီဇိုင်းတွေက ကိုယ့်စိတ်ကြိုက် ဖြစ်မနေဘူး။ ကြောင်တောင်တောင် ဒီဇိုင်းတွေ များတယ်။ ကိုယ်ကပဲ ဇီဇာကြောင်တယ် ဆိုပါတော့။  ဘောင်းဘီလည်း အဲ့သလိုပဲ။ ပိုဆိုးတာက ဘောင်းဘီ second တွေက သူများဝတ်ပြီးသား ဖြစ်တော့ elastic ဆွဲသားတွေက မကျန်တော့တာတွေ ဖြစ်တတ်တယ်။ အဆိုးဆုံးက စက်ဘီး ဘောင်းဘီတွေက အထဲမှာ ဖော့ (foam pad )နဲ့ ဆိုတော့ အဲ့ဖော့ က ကျန်းမာရေး ရှု့ထောင့်က ကြည့်ရင် ဘယ်လိုမှ သူများဝတ်ပြီးသား ကို မဝတ်သင့်ဘူး။ ကျွန်တော့် personal အကြိုက်မှာ ကကျတော့ အသားကပ် ဘောင်းဘီတွေကို ဘယ်လိုမှ မကြိုက်ဘူး။ ဗိုက်ကလည်း ပူနေတာ အပြင် ပေါင်ကြားမှာလည်း ဖောင်းထွက်နေတာကြီးကို ကိုယ့်ဟာကိုမြင်ရ ကြည့်ရတာ စိတ်မချမ်းသာဘူး။ ကိုယ်က ပြိုင်ပွဲ မှာ မို့ wind resistance မရှိအောင် ဝတ်ရမယ် ဆိုရင်တော့ တမျိုးပေါ့။ ခုလို daily ride အတွက်ကတော့ အသားကပ် အင်္ကျီ ဘောင်းဘီ မလိုဘူး ထင်တာပဲ။  အဲ့တော့ ကျွန်တော် စက်ဘီးစီးတော့ ဘောလုံး အင်္ကျီ ဘောင်...

X3, X4 custom firmware with ePub Myanmar font support

 X3, X4 custom firmware with ePub Myanmar font support ဆိုတဲ့အတိုင်းပါပဲ။ epub တွေမှာ မြန်မာ font သီးသန့် ထပ်ထည့်စရာမလိုပဲ xtc format ပြောင်းစရာမလိုပဲ epub ထည့်လိုက်တာနဲ့ တန်းဖတ်လို့ ရပါတယ်။ မဟုတ်ရင် xtc format ကို ပြောင်းနေရတာ အလုပ် ပို ရှုပ်ပါတယ်။ မူရင်းကတော့  https://github.com/bhonemyinthtoo999-pixel/CrossInk-Myanmar-Edition/tags ကနေ fork ထားတာပါ။ သူ့ firmware ကို သုံးလည်း ရပါတယ်။ သူ့ဟာက 1.4.0 ဆိုတော့ ပိုသွက်မယ်။  သူ့ 1.4.0 က မြန်မာစာ ကို merge လုပ်ပြီး 1.6.1 ကို ကျွန်တော် ထပ် release လုပ်ထားပါတယ်။ https://github.com/HtetWaiAung/CrossInk/releases/tag/crossink_myanmar X3 နဲ့ X4 မှာ အလုပ် လုပ်ပါတယ်။  Firmware file size က limit ရှိနေတာမို့ UI language က Myanmar နဲ့ English ပဲ ပါပါမယ်။ Firmware flash ပြီးရင် SD card ထဲက .crossink folder ကို delete လုပ်ပေးဖို့ လိုပါတယ်။ zip file ထဲမှာ firmware.bin file အပြင် assets folder ပါ ပါတယ်။ အဲ့ folder ကို sd card ထဲ ထည့်ပေးဖို့လည်း လိုပါတယ်။