Skip to main content

Posts

Showing posts with the label Mon

ခရီးသွားမှတ်တမ်းများ - မုလအိသို့

 English လိုကျ mulayit လို့ ရေးပြီး မြန်မာလိုကျ မုလအိ လို့ ရေးတယ်။ မွန် ဘာသာနဲ့  ကျတော့  ဒဵုမုဟ်လအိတ်  လို့ ရေးတယ်။  Click Wikipedia Link to read about မုလအိတောင် ခရီးစဉ် စီစဉ်တဲ့ သူတွေက မသွားခင် တစ်ရက်အလိုမှာပဲ ကားတွေ မရလို့ ခရီးစဉ်ဖျက်တယ် ပြောတာကို ကား မရလည်း ရတာနဲ့ တက်မယ် တောင်ခြေအထိပဲ ရအောင် စီစဉ်ပေးပါဆိုပြီး ပြောလို့ ခရီးက ထွက်ဖြစ်သွားတာ။  ရန်ကုန်ကနေ မော်လမြိုင်အထိ ရထားနဲ့ သွားတယ်။ Upper class ကနေ သွားရတာဆိုတော့ သက်တောင့်သက်သာပါပဲ။ ကားနဲ့ သွားတာနဲ့ ရထားနဲ့ သွားတာက ဘာကွာသလဲဆိုတော့ ဂိတ်တွေ မရှိတော့ ခဏခဏ အောက်မဆင်းရဘူး။ အာရုံမနောက်ရတော့ဘူးပေါ့။ ရထားနဲ့ သွားတာက ကားနဲ့ သွားတာထက် အချိန်တော့ ပိုပေးရတယ်။ ရထားပေါ်မှာ လက်ဖက်ရည်လေး ဝယ်သောက်လိုက်၊ ထမင်းပေါင်းလေး ဝယ်စားလိုက်၊ အိပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆိုတော့ ၈ နာရီ ကြာအောင် ရထားစီးရပေမယ့် အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး ဖြစ်သွားတယ်။  မော်လမြိုင်ဘူတာကနေ ညအိပ်မယ့် အိမ်အထိကို Light truck နဲ့ ခရီးဆက်ရတယ်။ သင်္ကြန်တွင်းဆိုတော့ ကားပေါ်မှာ ရေ ပက်ခံရတာ၊ လွယ်အိတ်တွေနဲ့ တောင်တက်အိတ်တွေကို ရေလုံအောင် မလုပ်မိတော့ အထဲပ...

မွန်ကီးဘုတ် For PC

 PC အတွက် မွန်စာ ရိုက်စရာ ရှိလို့ လိုက်ရှာရင်းတွေ့တာလေး ပြန်မျှပေးထားတာပါ။ Window နဲ့ Mac အတွက်ပါ။ Linux အတွက် တွေ့ရင် ထပ်မျှပေးပါဦးမယ်။ YouTube က video မှာ ပါတဲ့အတိုင်း install လုပ်ယုံပါပဲ။ file တွေကိုလည်း description မှာ ပေးထားပါတယ်။ Aug-31,2020 up dated ပလေဝ်လဝ်တၟိ သ္ပ install စမ်ရံၚ်ညိ။   #Mac Link #သွက်Window 10  Link  #တင်ဟွံပြေပြံင်တံဂှ် သ္ပလဝ် commend မာန်ရောင်၊ ဟွံသေင်မ္ဂး ပလံင်လိက်ကဵု gmail မာန်ရောင်။