Skip to main content

Posts

Showing posts with the label tools

Keka

  MacOS အတွက် zip software သုံးမယ်ဆိုပြီး လိုက်ရှာကြည့်၊ စမ်းသုံးကြည့်တဲ့အထဲ ဒါလေး က အဆင် အပြေဆုံးပဲ။ ပိုပြီး အဆင်ပြေတာက free ပါ ပေးသုံးထားတာပဲ။ Developer ကို အားပေးချင်ရင်လည်း ဝယ်သုံးလို့လည်း ရပါတယ်။   https://www.keka.io/   ကနေ Download လုပ်လို့ ရပါတယ်။ Free Version လိုချင်ရင်တော့ Github မှာ dmg file ကို Download လုပ်ပြီး သုံးလို့ရပါတယ်။ (Github ထိ မသွားချင်လည်း website မှာ Download from App Store ဆိုတာရဲ့ အောက်နားလေးမှာ Download v x.x.x ဆိုတဲ့ စာတန်းလေးကိုနှိပ်ပြီးလည်း Download လုပ်လို့ ရတယ်) https://github.com/aonez/keka

iPad Keyboard တွေအကြောင်း

  တကယ်တော့ Logitech combo touch ဘယ်လောက်ကောင်းကြောင်း video ပါ ရိုက်ပြီး သွားပြီး မတင်ဖြစ်ခဲ့တာ။ အခု iPad keyboard ဝယ်ပြီး ၄ နှစ်အကြာမှာတော့ မူရင်း Apple Keyboard နဲ့ logitech တို့ရဲ့ ကွာခြားချက်ကို သိသွားပါပြီ။ ရေရှည်မှာ logitech က ရာဘာ နဲ့ ပြုလုပ်ထားတာမို့ ရာသီဥတုဒဏ်ခံရတဲ့ အခါမှာ ရာဘာတွေက ပဲ့ကုန် ကြွေကျ ကုန်ပါတယ်။ ဒါက longterm မှ သိရမှာပါ။ ပုံကတော့ ပဲ့တဲ့နေရာတွေမှာ ကော်နဲ့ ထိန်းထားပြီး ရလို ရငြား ဆက်သုံးနေတာပါ။ ဒါပေမယ့်လည်း တဖြေးဖြေးနဲ့ နေရာစုံကနေ ပဲ့ လာတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။  Logitech က ဖြုတ်ရတပ်ရ လွယ်ပါတယ်။ ဒါပေမယ့် မကောင်းတာက သူက စားပွဲလို နေရာ အထိုင် အတည်တကျ ရှိမှ သုံးလို့ အဆင်ပြေတာပါ။ တခါက ရထားနဲ့ ခရီးသွားတော့ ရထား စီးရင်း စာရိုက်မယ် လုပ်တာ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ နောက်ပြီး ရေရှည်မှာ logitech ရဲ့ ကီးခလုတ်တွေက ပျက်ပါတယ်။ နေရင်းထိုင်ရင်း ပျက်ကုန်တာပါ။ Apple Magic Keyboard ကတော့ ၄ နှစ်ကျော်နေတဲ့ အထိ မပျက်သေးပါဘူး။ ကီးဘုတ်ရောင်းတဲ့သူတွေကတော့ လာဆဲချင် ဆဲနေပါလိမ့်မယ်။ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ဝယ်ထားပြီး ကျွန်တော် ကြုံတွေ့ရတဲ့ user experience ကို ရေးထားတာ...

Telegram Media Downloader

 Telegram က တချို့  private channel and private group တွေမှာ download လုပ်လို့ မရအောင် လုပ်ထားလေ့ရှိပါတယ်။ (သင်တန်း group တွေရယ်၊ ရုပ်ရှင် channel တွေရယ်ပါ၊ တခြား မတွေးစေချင် :P ) အဲ့က download လုပ်မရအောင် ပိတ်ထားတဲ့ video တွေကို download လုပ်လို့ ရအောင် လုပ်တဲ့ နည်းတော့ ရှိပါတယ်။ ကျွန်တော် သုံးနေတာလည်း တစ်နှစ်လောက်ရှိပါပြီ။ သူက browser ကနေ သုံးမှပဲ ရတာပါ။ Telegram app ထဲကနေ သုံးလို့ မရပါဘူး။  အရင်ဆုံး user script manager ကို install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Tampermonkey ကို သုံးပါမယ်။ https://www.tampermonkey.net/ ကိုယ်သုံးမယ့် browser ကို မူတည်ပြီး အောက်က link တွေကနေ တိုက်ရိုက် သွင်းလို့ ရပါတယ်။ Chrome:  Tampermonkey  or  Violentmonkey Firefox:  Greasemonkey ,  Tampermonkey , or  Violentmonkey Safari:  Tampermonkey  or  Userscripts Microsoft Edge:  Tampermonkey  or  Violentmonkey Opera:  Tampermonkey  or  Violentmonkey Maxthon:  Violentmonkey Add to Firefox ကိုနှိပ်ပြီး add ကို နှိပ်ပေးပါ။...

Local Send

 Cross platform တွေ သုံးတော့ file transfer လုပ်ရ file sharing လုပ်ရတာ ခေါင်းစားတယ်။ အခုတော့ အဲ့ ခေါင်းကိုက်တာကို ဖြေရှင်းပေးမယ့် software တစ်ခုတွေ့ထားလို့ စမ်းသုံးကြည့်လိုက်တယ်။ Platform အကုန်နီးပါးလည်း ရတယ်။ မြန်လည်းမြန်တယ်။ UI ကလည်း သုံးရတာ ရှင်းတယ်၊ minimal ဖြစ်တယ်။ အခုတော့ android to iOS,iPadOS, MacOS မှာ အဆင်ပြေပြေ သုံးလို့ ရတယ်။ window to android,iOS ကတော့ စမ်းမကြည့်ရသေးဘူး။ အဆင်ပြေမယ်လို့ ထင်ရတာပဲ။ File ပို့မယ့် device နဲ့ လက်ခံမယ့် device က wifi တစ်ခုတည်းကို ချိတ်ထားမှ ရမယ်။ Android phone ကနေ hotspot လွင့်ပြီး iPhone ကနေ အဲ့ hotspot ကို ချိတ်ထားလိုက်ရင်လည်း file share လို့ ရတယ်။ Android to iOS မှာ Android phone ကနေ ပို့တဲ့ ပုံက iOS ရဲ့ Photo ထဲ တန်းရောက်သွားတာက အဆင်ပြေတယ် ပြောရမယ်။  စမ်းကြည့်ကြဦး။ https://localsend.org/

The remote for the Mi Computer Monitor Light Bar does not work

Mi Monitor Light Bar နဲ့ control knob လေး နဲ့ မချိတ်မိတော့ပဲ control လုပ်မရဖြစ်နေလို့ အင်တာနက်မှာ ရှာကြည့်တော့ သူပြောတဲ့ အတိုင်း repairလုပ်ကြည့်တယ်။ မရဘူး။ အဲ့တာနဲ့ ပြန်ပြီး Hardware reset လုပ်ကြည့်တော့ မှ ရ သွားတော့တယ်။  If the remote for the Mi Computer Monitor Light Bar does not work, please try the following troubleshooting steps to address the issue:  Try replacing the batteries with new ones to ensure that the remote has sufficient power. If the remote still doesn’t work, please turn on the light bar, and quickly press and hold the remote control knob to re-connect the devices. Please check the remote control for any damage that can affect the function of the remote control;  Dust or debris in the remote control can lead to it does not work. Please carefully clean the remote control using a small brush. Ensure that the power cable is securely connected to both the light bar and the power outlet. A loose or faulty connection will cause the remote to fail to control t...

Smart Tags

     လူတွေက အလွယ်ပြောနေကြတာက GPS tracker တွေတဲ့။ တကယ်တော့ GPS tracker ဟုတ်မနေပါဘူး။      ကလေးတွေ ကို လိုက်ရှာရလွယ်အောင် ဘယ်နားရောက်နေလဲ သိအောင် ကလေးနဲ့အတူ ထည့်ထားပေးလို့ရတယ်။ စက်ဘီး တွေ ဆိုင်ကယ်တွေ ကို ဘယ်ရောက်နေလဲ သိအောင် ကြည့်လို့ရတယ်။ ကျွန်တော်က လေဆိပ်မှာ luggage ခဏတိုင်း လိုက်ရှာရလို့ luggage ထဲ ထည့်ထားတယ်။ ပိုက်ဆံအိတ် ဘယ်နားချထားမိမှန်းမသိလို့ ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်။ အိမ်သော့ စက်ဘီးသော့ ခဏတိုင်းပျောက်လို့ သော့ချိတ်နဲ့ တွဲထားတယ်။ အဲ့တော့ ပျောက်ပြီဆိုရင် Apple Find My app ကနေ အသံနဲ့ပြန်ရှာလို့ရတယ်။ တည်နေရာကိုပြပေးတယ်။      ဒီကောင်တွေ အလုပ်လုပ်ပုံကို ရှင်းပြမှရမယ်။ GPS TRACKER လို့သာ အလွယ်ခေါ်တာ။ ဒီကောင်တွေကိုယ်တိုင်မှာ GPS မပါဘူး။ သူ့အနီးအနားမှာ ရှိတဲ့ Apple device တစ်ခုခု ကို ဒီကောင်က လှမ်းချိတ်တယ်။ အဲ့ကနေ GPS signal ကို ယူတယ်။ပြီးမှ ပိုင်ရှင်ဆီကို GPS location ပြန်ပို့တယ်။ အဲ့လိုပို့ဖို့ကိုလည်း ဘေးနားရှိတဲ့ apple device ကိုပဲ သူက သုံးရတာ။ ဒါက အလွယ်ကူဆုံး ရှင်းပြတာ။ အဲ့တော့ ဘာ မကောင်းဘူးလဲဆို သူ့ဘေးနားပတ်ဝန်းကျင်မှာ iPhone iPad မရှိရင် ...

Linux to Android & Android to Linux

 Linux သုံးတဲ့ သူတွေအတွက် android ဖုန်းတွေကနေ wireless file transfer လုပ်ဖို့ app အသစ်ထွက်လာပါပြီ။ ANDROID ရဲ့ Quick Share နဲ့ အလုပ်လုပ်တာဆိုတော့ android phone မှာ ဘာ app မှ ထပ်ထည့်ဖို့ မလိုတော့ဘူး။ စမ်းပြီးမှ post ကို update ထပ်လုပ်လိုက်မယ်။ အခုက တွေ့တွေ့ချင်း ရေးလိုက်တာမို့။ https://github.com/nozwock/packet

Free VPN for Myanmar

 လက်ရှိ ကျွန်တော်သုံးနေတဲ့ Free VPN လေးမျှပေးချင်လို့ပါ။ Free လည်းဖြစ်တယ်။ လိုင်းလည်း ကောင်းတယ်။ ads လည်း မတက်ဘူး။ သုံးရတာလည်း လွယ်တယ်။ iOS, Android, Window, Lunix, MacOS အကုန် support ပေးတယ်။  https://amnezia.org/  မှာ download လုပ်လို့ ရပါတယ်။ Click to download for Apple Devices Click to download for Android Devices Click to download APK file ( Google Play Store မရတဲ့ ဖုန်းတွေအတွက်) အသုံးပြုနည်းကတော့ software ကို install လုပ်ပြီးရင် အခု telegram bot က ပေးတဲ့ key ကို amneziaVPN ထဲမှာ paste လုပ်ပြီး connect လုပ်ပေးယုံပါပဲ။ Telegram က bot နာမည်က  @amnezia_free_myanmar_bot ပါ။ Window, Ubuntu & Mac အတွက်လည်း သူ့ website မှာ installer တွေ ရှိပါတယ်။ 

မိုးရာသီ နဲ့ မှို

 ဇာတ်လမ်း အစက မိုးရာသီပဲ။ မိုးရာသီရောက်တိုင်း ရန်ကုန်မှာ ရောက်နေတဲ့ ကိုယ့်ကိုကိုယ် ပဲ အပြစ်တင်ရတော့မှာပေါ့။ မိုးရာသီမှာ humidity (စိုထိုင်းဆ) များတယ်ပေါ့။ စိုထိုင်းဆ နည်းတာ များတာက ဘာတွေသက်ရောက်မှု့ ရှိသလဲဆိုတာ SweetConnect က ရေးထားတဲ့ content လေး ကို ပြန်ကူးပြီး ပြောရမယ်။  🟩 မိမိနေအိမ်မှာ အပူချိန်များခြင်း နှင့် စိုထိုင်းဆ များ‌နေခြင်းက မိမိ အသက်အန္တရာယ်တွက်  မသိမသာခြိမ်းခြောက်နေတယ်ဆိုတာ သင်  သတိထားမိပါသလား ? 🟩 မိတ်ဆွေတို့ သတိထားမိအောင် စိုထိုင်းမှု များခြင်းနဲ့ အပူချိန်များခြင်း တို့ရဲ့ နောက်ကွယ်မှာ ဖြစ်တက်တဲ့ ရောဂါလေးတွေကို လေ့လာမိသလောက် အရင်ဆုံး ပြောပြပေးပါ့မယ် ခင်ဗျာ  ။  ________________________________________________ 🟩 စိုထိုင်းမှု များခြင်းကြောင့် ဖြစ်တက်တဲ့ ရောဂါလေးတွေကနေ စပြော‌ပြပါမယ် ခင်ဗျာ ။  🟩  စိုထိုင်းမှု များလာရင် ကိုယ့်ကို အန္တရာယ်ပေးနိုင်တာတော့  ( Mycotoxin )အဆိပ်တောက်ပါဝင်တဲ့ မှိုဆိုတဲ့ Bacteria ပါဘဲ ခင်ဗျာ ။  🟩 မှိုဆိုတဲ့ Bacteriaက စိုစွတ်မှုများပြီး လေကောင်းလေသန့် မရတဲ့နေရာတွေကနေ စတာဘဲ ခင်ဗျာ ။  🟩 မှို မှာ...

MYANOCR

ကျွန်တော့်ရဲ့ www.mm-lib.com လေးမှာ စာအုပ်တချို့က အစအဆုံးစာပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အစအဆုံး စာပြန်ရိုက်ရတာက အချိန်ကုန် လူပန်းတယ်။ အဲ့တုန်းကတော့ နည်းပညာက နောက်ကျနေတယ်ပြောရမလား လိုအပ်ချက်တွေရှိနေသေးတယ်ပြောရမလားပဲ။ ဒါပေမယ့်အခုတော့ အဲ့ဒီနည်းပညာက အတော်ကို အဆင်ပြေချောမွေ့နေပါပြီ။ OCR လို့ခေါ်ပါတယ်။ အရှည်က Optical Character Recognition ပါ။ OCR (optical character recognition) is the use of technology to distinguish printed or handwritten text  characters  inside digital images of physical documents, such as a scanned paper document. The basic process of OCR involves examining the text of a document and translating the characters into code that can be used for data processing. OCR is sometimes also referred to as text recognition.  OCR နဲ့ဆိုတော့ အရင်တုန်းက scanned pdf တွေရော typed pdf တွေရောကို အလွယ်တကူ မြန်မြန်ဆန်ဆန် text file ထုတ်လို့ ရလာပါတယ်။ ဒီ App ကို ဖန်တီးသူက ကိုငြိမ်းချမ်းကိုကို ပါ။ App က အခုမှာတော့ web version အနေနဲ့ပဲ ရှိပါသေးတယ်။ Browser ကနေ  https://mya...

𝙈𝙖𝙨𝙩𝙚𝙧𝙥𝙞𝙚𝙘𝙚 𝙎𝙥𝙧𝙞𝙣𝙜 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣 ဖောင့် (𝙐𝙥𝙙𝙖𝙩𝙚 - 𝙑𝙚𝙧𝙨𝙞𝙤𝙣 1.0)

  တကယ်က Version 1.0 ကို Sourceforge မှာ တင်ထားတာ ၃လကျော်ပြီ၊ အလုပ်များတာရော ပျင်းနေတာရောနဲ့ မရေးဖြစ်သေးတာ၊ အရင်ဗားရှင်းတွေမှာတုန်းက နသတ် နဲ့ ငသတ် ပုံစံကွဲကို Historic Ligatures feature နဲ့ထည့်ထားပြီး activate လုပ်ပေးမှ ပြောင်းတာပါ၊ ဒါပေမယ့် အပြင်မှာပြောင်းသုံးကြတာ တခါမှမတွေ့ဘူးသလိုပဲ၊ အထူးသဖြင့် နွေဦးတော်လှန်ရေးဆိုရင် သူ့မူရင်းနဲ့ လွဲသွားရော… ဒီဗားရှင်းမှာ Reph Form feature နဲ့ပဲ တခါတည်းပြောင်းအောင် ပြင်ထားပါတယ်၊ ကျန်တာတော့ အမှားလေးတချို့ပြင်ထားတာပါပဲ… အောက်ကဒေါင်းလုပ်လင့် အရင်အတိုင်းပါ။ ဖိုင်နာမည်မှာ နောက်ကဗားရှင်းနံပါတ်မပါတာက နောက်ဆုံးဗားရှင်းဖြစ်ပြီး အရင်ဗားရှင်းတွေကို နောက်ကဗားရှင်းနံပါတ်နဲ့ နာမည်ပြောင်းပေးထားပါတယ်။ Click Here To Download Credit to https://www.facebook.com/tmhtet

NearDrop

 ကျွန်တော်က backup phone အနေနဲ့ pixel 3 ကို သုံးတယ်။ Laptop က MacBook Pro ကိုသုံးတယ်။ Apple ECO System ထဲမှာဆိုရင် file တွေ share တာက airdrop နဲ့ လွယ်လွယ် share လို့ရပေမယ့် android phone နဲ့ MacBook မှာ file share ဖို့က အတော် အလုပ်ရှုပ်တယ်။ Google Photo သုံးရင် သုံး၊ ဒါမှမဟုတ် Google Drive သုံးပဲ။ ဒါမှမဟုတ် ကြိုးနဲ့ချိတ်ပြီး ကူးပဲ။ အခုတော့ ဒီကောင်လေးနဲ့ အဆင်ပြေသွားပြီ။ android phone ကနေ macbook ကို nearby share နဲ့ ပို့လို့ ရသွားတော့ အလုပ်ရှုပ်သက်သာသွားပြီ။ Geek တွေကတော့ မူရင်းလင့်မှာပဲ ကြည့်လိုက်တော့။  https://github.com/grishka/NearDrop install လုပ်ရတာလည်း မခက်ဘူး။ download လုပ်လို့ရတာလေးကို application folder ထဲ ဆွဲထည့်လိုက်။ Launchpad ကနေ ဖွင့်လို့ damaged ဖြစ်နေတယ်ပြနေရင်  terminal ကနေ  xattr -cr /Applications/Signal.app   လို့ ရိုက်လိုက်။ ပြီးရင် allow နှိပ်ပေး။ ပြီးရင် network နဲ့ noti ကိုလည်း access ပေးလိုက်။ တခုရှိတာက ဒီ app သုံးပြီး share တဲ့အခါ mac ရော android phone ရော wifi တခုတည်းမှာ ချိတ်ထားမှ ရမယ်။

Undelete

ဇာတ်လမ်းအစက ဒီလို။ အရင်က external HDD ကို ဖုန်းမှာ တပ်သုံးနေကျ။ အဲ့တာကို window မှာ တပ်လိုက်တော့ ဘာမပြော ညာမပြောနဲ့ format ရိုက်ခိုင်းတာနဲ့ ရိုက်လိုက်သတဲ့။ အဲ့မှာတင် အထဲ ရှိသမျှ data တွေ အကုန် ကုန်သွားတော့တာပဲ။ အဲ့တော့ ဖျက်မိလိုက်တဲ့ format ရိုက်လို့ ပျက်သွားတဲ့ video file တွေ ပုံတွေ ကို ပြန်ဆယ်ယူဖို့ လုပ်ရတော့တာပဲ။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက File System တွေ အကြောင်း နဲ့ format ရိုက်ရင် ဘယ် device အတွက် ဘယ်ဟာနဲ့ format ရိုက်သင့်တယ်ဆိုတာ သိထားသင့်တယ်။ External HDD တွေ ဝယ်မယ်ဆို ဘူးခွံမှာ ဘယ် OS တွေမှာ အလုပ်လုပ်တယ်ဆိုပြီးပါတယ်။ အဲ့ File System တွေ အကြောင်းမသိရင် အခုလိုပဲ format ရိုက်မိနေဦးမှာပဲ။ ကိုယ်က ဘယ် device နဲ့ ဘယ် OS နဲ့ သုံးမှာလဲ ဆိုတာသိရင် ဘယ် format နဲ့ ရိုက်ရမလဲ သိတာပေါ့။  Window အတွက်ဆို NTFS ကို သုံးတယ်။ NTFS က Microsoft က မူပိုင်ယူထားတယ်။ NTFS နဲ့ format ရိုက်ထားရင် window only ပဲ သုံးလို့ အဆင်ပြေမယ်။ NTFS နဲ့ လုပ်ထားတဲ့  HDD ကို mac မှာ သုံးမယ်ဆိုရင် ကြားခံ software တခုလိုမယ်။ NTFS နဲ့ လုပ်ထားတဲ့ HDD ကို Android Phone မှာ တပ်လိုက်ရင် မဖတ်တာများတယ်။ ဒါပေမယ့် xia...

Router Review

 Facebook ကို VPN နဲ့ သုံးမှ ရလာတဲ့ အချိန်မှာ ကျွန်တော့်အတွက် အဆင်မပြေတာတွေများလာတယ်။ ကျွန်တော့်မှာ devices တွေက များတယ်။ ဖုန်းတွေ laptop တွေ tablet တွေ အပြင် တခြား gadget တွေပါ ရှိနေတာကိုး။ အကုန်လုံးကို VPN ထည့်ဖို့ အလုပ်တခုကလည်း ပိုလာတယ်။ အဲ့တာနဲ့ အဆင်ပြေမယ့်နည်းလမ်းကို လိုက်ရှာရင်း facebook ပေါ်က ကိုကျော်စွာသွင် တင်ထားတဲ့ router လေးကို သွားတွေ့မိတယ်။  Router မှာ တခါတည်း VPN ထည့်လို့ရတဲ့ router ပေါ့။ အဲ့ router မှာ တခါတည်း VPN ထည့်ထားတော့ အဲ့ router က လွင့်တဲ့ wifi ကို ချိတ်တဲ့ devices တွေ အကုန် လုံး VPN ထည့်စရာမလိုတော့ဘူးပေါ့။  Router အကြောင်း product info အသေးစိတ်ကို သူ့ website မှာ ဖတ်လို့ရပါတယ်။ Click here for more info Router Mode က ၄ မျိုးပါတယ်။ Lan Cable တပ်ပြီး AP router အနေနဲ့ သုံးလို့ရတယ်။ Wifi ကို ဖမ်းပြီး repeater, range extender အနေနဲ့လည်း သုံးလို့ရတယ်။  ဖုန်းက usb tethering လုပ်ပြီး USB မှာ ဖုန်းနဲ့ချိတ်ပြီး portable router အနေနဲ့လည်း ရတယ်။ ( ဒီနေရာမှာ ထပ်ဖြည့် ပြောရမှာက android custom rom နဲ့ တွဲသုံးတဲ့အခါမှာ phone ရဲ့ vpn ကိုပါ တခါတည်း share လို့ရတယ...

စပူတီဖိုင်း ဒေါင်းလုဒ်ဒါ

  အရင်က သီချင်းတွေ download လုပ်ချင်ရင် website ပေါင်းစုံ ရှာရဖွေရနဲ့ ဂျင်းမိတာတွေလည်း ရှိရဲ့။ အခုတော့ streaming တွေ လည်း ရှိလာတော့ အတော် အဆင်ပြေနေပြီပေါ့။ ပြဿနာက data ဈေးတွေက တက်၊ ကိုယ်ကလည်း အင်တာနက် အမြဲ မရနေတော့ offline နားထောင်တာကိုပဲ အားသန်နေတုန်း။ အဲ့တာနဲ့ ဆင်ကြံ ကြံရင်း spotify က သီချင်းတွေ ကို သွားတွေ့တယ်။ ဝယ်နားထောင်ဖို့ကလည်း လစဥ်ကြေးဖိုးက မနည်းဘူး။ ( အရင်က Joox က သီချင်းတွေ သွားသွား down နေတာလေ ) အဲ့တာ တချို့ spotify downloader တွေကလည်း ဝယ်ရတာများတယ်။ အဲ့တာ လိုက်ရှာရင်း ဒီ telegram bot လေးကို သွားတွေ့တယ်။ ဘာမှ မခက်ဘူး။ ကိုယ် download လုပ်ချင်တဲ့ သီချင်းရဲ့ spotify link ကို ဒီမှာ သွားပို့လိုက်တာနဲ့ သီချင်းကို download လုပ်ပြီး ပြန်ပို့ပေးတယ်။ အေးဆေး down ပြီး ဖုန်းထဲ ထည့်ယုံပဲ။ Album link ပို့လိုက်ရင် album တခုလုံးစာ ပြန်ပို့ပေးတယ်။ android ဖုန်း နဲ့ web telegram or telegram desktop app ကနေဆို ပိုအဆင်ပြေမယ်။ iOS ကတော့ သိတဲ့အတိုင်းပဲ Music ထဲ ရောက်မှာ မဟုတ်ဘူး။  https://t.me/Spotify_downloa_bot...

Install Warp VPN on Ubuntu 22.04

 Download and install deb package from  https://pkg.cloudflareclient.com/packages/cloudflare-warp After that install this on terminal sudo apt install cloudflare-warp   After installation, register warp warp-cli register   To connect VPN, run this command warp-cli connect   To disconnect, run this command warp-cli disconnect      

Light Set Up များ

  Lighting set up တွေ အကြောင်း ရေးမှ ရတော့မယ်။ ကိုယ့်ဟာကိုယ်လည်း စိတ်ထဲ အမြဲ မှတ်မထားနိုင်တော့ဘူး။ စာရေးရင်း မှတ်ထားမှ မှတ်မိတော့မယ်။ နောက်ခါ လိုတဲ့အချိန်ကျရင် ပြန်ကြည့် ပြန်ဖတ် လို့လည်း လွယ်တာပေါ့။ sketch ဆွဲဖို့တော့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ကိုယ့် drawing skill က သိတဲ့အတိုင်းပဲ။ ကြောင်ခြစ်တာကမှ ကြည့်လို့ ကောင်းသေးတယ်။ ကျွန်တော် ဒီ post မှာ educational purpose အနေနဲ့ light set up တွေကို ထပ်ဖြည့်သွားပါ့မယ်။ အခုကတော့ ဘာမှ သိပ်ရှိဦးမှာ မဟုတ်ဘူး။ ကြာလာလေ စုံလာလေ ဖြစ်မှာပါ။ ဒီဟာတွေရေးဖို့ အတွက် အဓိက ပံ့ပိုးပေးတဲ့ Bliss Studio က ကိုနှောင်း ကို ကျေးဇူးတင်ရမှာပါပဲ။ သူ့ ရူတင်တွေမှာ ရိုက်ထားတာတွေချည်းပဲလေ။ ဆိုတော့ ဒီ set up တွေကလည်း ကိုနှောင်းရဲ့ set up တွေပါ။ ကျွန်တော် အဲ့လောက်မတတ်ပါဘူး။ အထင်မကြီးကြပါနဲ့ လို့။ ကျွန်တော်က ကျွန်တော့်အတွက် note သဘောမျိုးနဲ့ မှတ်ထားတာကို တခြားသူတွေလည်း ကြည့်လို့ရအောင် ပြန် မျှဝေပေးတဲ့ သဘောနဲ့ ဒီမှာ လာသိမ်းထားတာပါ။ set up 1 ထိုင်ခုံနောက်က AD 200 က backdrop ကို light ပေးထားတာ။ ပုံကို ISO 100, Shutter 1/160, f 11 နဲ့ ရိုက်ထားပ...

CipherText

  အင်တာနက်ကဖြတ်တော့မယ်လို့ပဲ ပြောနေတုန်းရှိသေး နေ့လည် တနာရီမှာ ဖြတ်သွားတယ်။ အဲ့တော့ sms ကနေ သတင်းဖလှယ်ဖို့ ကျတော့ ကြားဖြတ်ပြီး ကြည့်နေမှာကို စိုးရိမ်နေရတယ်။ အဲ့တာနဲ့ ဒီ app လေး ကို ကိုဇေယျ က လုပ်ပေးတယ်။ ဒီကောင်က စာတွေ ကို encrypt လုပ်ပေးတယ် decrypt လုပ်ပေးတယ်။ decrypt လုပ်ဖို့ key ကို သိမှ ရမယ်။ key ကို ကိုယ့်လူ အချင်းချင်း ကြိုပြောထားပေါ့။ Encrypt လုပ်မယ်ဆို အရင်ဆုံး key ထည့်၊ ပြီးရင် ရေးချင်တဲ့ စာကို ရေး၊ ပြီးရင် encrypt ခလုတ်ကို နှိပ်လိုက်ရင် ရပြီ။ encrypted လုပ်ပြီးသား text တွေကို auto copy လုပ်ပေးထားတယ်။ ပို့ချင်တဲ့ဆီ ( ဥပမာ SMS ) paste တန်းလုပ်ယုံပဲ။ SMS နဲ့ ပို့မယ်ဆို unlimited sms package နဲ့ မှ အဆင်ပြေမယ်။ ဒါပေမယ့် သတင်းအတွက်ဆိုတော့ စာကို လိုတိုရှင်းပို့တာ အဆင်ပိုပြေမယ်။ ဒီအတိုင်း စာ အရှည်ကြီးနဲ့ chatting လို ပို့နေလို့တော့ အဆင်မပြေဘူး။  Ooredoo ကတော့ sms 9 စောင် အထိ အရှည်ပို့လို့ရတယ်။ ကျန်တဲ့ operator တွေတော့ မရှိတော့ မစမ်းရလို့ မသိဘူး။ Click Here to Download

NTFS for MacOS (Only For WD Harddisks)

  Window မှာ သုံးတဲ့ External Hard disk တွေက MacOS မှာ read လို့ပဲ ရပါတယ်။ Write လို့ မရပါဘူး။ ဆိုတော့ အဲ့ထဲက ဖိုင်တွေကိုပဲ ဖွင့်လို့ ရမှာပါ။ အဲ့ထဲကို ဖိုင်တွေကူးထည့်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ macOS က NTFS ကို support မပေးလို့ပါ။ အဲ့အတွက် write လို့ရအောင် 3rd party software ထည့်ပေးရပါမယ်။  Software တွေ အများကြီး ရှိတဲ့အထဲက အလွယ်ဆုံးနည်းလို့ ကျွန်တော်ထင်ရတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ external HDD ဝယ်တဲ့ အခါမှာ WD discovery for Mac ပြီး External HDD ထဲ မှာ ပါလာပါတယ်။ အဲ့ကောင်လေးကို install လုပ်ပေးရမှာပါ။ Install လုပ်ပြီးသွားရင် ပုံမှာပြထားတဲ့ အတိုင်း Read-only, install driver ဆိုတာလေး ကို နှိပ်ပြီး NTFS for Mac ကို သူ့ဟာသူ Download  လုပ်ပြီး install လုပ်ပေးသွားပါလိမ့်မယ်။   Install ပြီးသွားရင်တော့ Laptop ကို reboot ချပေးရပါမယ်။ အဆင်ပြေကြပါစေ။  Big Sur ကျတော့ အရင် WD HDD တွေထဲ ပါတဲ့ installer က အလုပ်မလုပ် support မလုပ်ဘူးဖြစ်နေတယ်။ သူ့ရဲ့ website ကနေ software ကို download လုပ်မှပဲ ရတော့တယ်။ Click this to ...