မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေသွားပါလိမ့်မည်.. Windows မှာ မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင် ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်... Windows မှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။ အောက်ပါအတိုင်းလုပ်ဆောင်ပေးပါ။ ၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။ အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း အပြည့်အဝ လိုက်နာသော ဖောင့်များဖြစ်သဖြင့် မိမိစက်အတွင်း ၎င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို ဖတ်ရှုနိုင်မည်ဖြစ်သည်... (က) PyidaungSu Font ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.) ဒေါင်းလုဒ်လင့် -- http://goo.gl/hz9MvA ( ခ) Myanmar 3 Font (တိုင်းရင်းသားစာမျ