နားဇိမ်ခံခြင်း

I.E.M ဝယ်ချင်နေတာ ကြာပြီ။ ဘာလို့ ဝယ်ချင်လဲ ဆို တော့ ဘာမှန်း မသိလို့ ဝယ်ချင်နေတာ။ အဲ့လိုနဲ့ မနှစ်က မွေးနေ့မှာ ကိုယ့်ဟာကိုယ် လက်ဆောင်ပြန်ဝယ် ပေးလိုက်တယ်။ ဝယ်တော့လည်း ဘာအမျိုးအစားဝယ်ရမယ်လည်း မသိဘူး။ ဘာက ဘယ်လို ရှိတယ်ဆိုတာလည်း မသိဘူး။ အဲ့တာနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေ amount ထဲက ဈေးအနည်းဆုံးဟာ ကို ရွေးဝယ်မိလိုက်တယ်။ I.E.M ဝယ်ရင်း မထူးပါဘူးလေဆိုပြီး D.A.P ( Digital Audio Player ) ပါ ဝယ်ဖြစ်သွားတယ်။ ဟိုး ပြီးခဲ့တဲ့ နှစ်တွေကတည်းက Sony Walkman လေး လိုချင်နေတာ ပိုက်ဆံ မရှိတာနဲ့ မဝယ်ဖြစ်တာရော၊ နိုင်ငံခြားကနေ ဝယ်ပြီး သယ်လာပေးမယ့် သူ မရှိတာရော နဲ့ မဝယ် ဖြစ်ခဲ့ဘူး။ အဲ့တာနဲ့ပဲ Fiio M6 နဲ့ Fiio FD1 အတွဲ ကို ဝယ်ဖြစ်သွားတယ်ပေါ့။ သောတအာရုံကို စာနဲ့ ရေးပြရတာ အတော်တော့ မလွယ်ဘူးရယ်။ ဒီကောင်တွေနဲ့ သီချင်းနားထောင်ရင် သီချင်းတွေကို အီဆောင့်နေအောင် နားထောင်ရတာပေါ့ လို့ပဲ ပြောနိုင်တယ်။ လုံးဝ အနှစ်အရသာ အပြည့်ကို နားထောင်ရတာမျိုးပေါ့။ ဒီကောင်တွေနဲ့ နားထောင်ပြီးရင် ကျန်တဲ့ ဖုန်းနဲ့ နားထောင်တာတို့ ဘာတို့က အတော်ကို ပေါ့သွားတာ။ ပေါ့သွားတယ် ဆိုတာထက် ဘာမှ ကို မတူတော့တာ။ M6 ကို သေးတယ် ပြောတော့ ကျွန်တော် ပထမဆုံး ဝယ်ခဲ့တဲ့ ဖ