Android team ကနေပြီးတော့ Android version အသစ်တိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ရှိပြီးသား ဖုန်းတွေအတွက် ဗားရှင်းအသစ်ထုတ်မယ်ဆိုရင် အချိန်တွေ ငွေတွေ တအားကုန်ပါတယ် ဖုန်းထုတ်လုပ်သူတွေက ပြန်ပြောလာပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဖုန်းထုတ်လုပ်သူတွေ နဲ့ ဆီလီကွန်တောင်ကြားက ထုတ်လုပ်သူတွေ ပူးပေါင်းပြီး Android O ကနေစပြီး Project Treble ကို ဖန်တီးလိုက်ကြပါတယ်။ ပထမဆုံး Android version အသစ်ထွက်လာပြီး အသုံးပြုသူတွေလက်ထဲ ရောက်လာဖို့ ဘယ်လို အဆင့်ဆင့်လုပ်ဆောင်ရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ် ။ Android team ကနေ open-source code ကို ဖြန့်ချီလိုက်ပါတယ်။ ဆီလီကွန်တောင်ကြားကထုတ်လုပ်သူတွေ ( android device တွေအတွက် chip ထုတ်လုပ်တဲ့သူတွေကို ခေါ်တာပါ ) က သူတို့ထုတ်လုပ်တဲ့ chip တွေနဲ့ ကိုက်ညီအောင် ထွက်လာတဲ့ open source code ကို ပြုပြင်မှု့တွေလုပ်ရပါတယ်။ ဆီလီကွန်တောင်ကြားကထုတ်လုပ်သူတွေက ပြုပြင်မှု့တွေလုပ်ပြီးတဲ့အခါမှာတော့ Android device တွေကို ထုတ်လုပ်တဲ့သူတွေ ဖြစ်တဲ့ Sony, Samsung, LG, Huawei, Xiaomi, စတဲ့ ဖုန်းထုတ်လုပ်သူကနေ ဆက်လက်ပြီး device တစ်ခုချင်းဆီအတွက် လိုအပ်တာတွေကိုပြ