Skip to main content

Posts

Showing posts from August, 2026

စာအုပ် Ebook ကုန်ဈေးနှုန်း

  ကျွန်တော် စာအုပ်ဆိုင် သွားလေ့ သိပ်မရှိပါဘူး။ သွားရင် ပိုက်ဆံ တအားကုန်လို့ မသွားတာပါ။ မြင်ရရင် မဝယ်ပဲ မနေနိုင်ပါဘူး။ ၂ အုပ် ၃ အုပ်လောက် ဝယ်ပြီးမှ နေလို့ ထိုင်လို့ ကောင်းသွားတာပါ။   အခုခေတ် စာအုပ်ဈေးက ကြောက်စရာပါ။ စာရေးဆရာတွေ အနေနဲ့လည်း စာအုပ် တစ်အုပ် ထွက်ဖို့ အတော်လေးကို လုံးပန်းရတာပါ။ အစစ အရာရာ ဈေးတက်၊ ကုန်ကြမ်းတွေ က ဈေးတက်နဲ့ မို့ စာအုပ်အသစ် တစ်အုပ်ထုတ်ဖို့ကို အတော်လေး ကြိုးစားယူရပါတယ်။  စဉ်းစားလို့ မရတာက ဒီလို Physical book တွေ ထက်စာရင် လူတိုင်းလက်ထဲမှာ digital device တွေ ရှိနေတဲ့ ခေတ်မှာ ဘာလို့ digital book တွေ ကို မထုတ်ကြသလဲဆိုတာပဲ။ Local မှာ ဝန်ဇင်းလို app ရှိနေပေမယ့် သုံးတဲ့သူ အရေအတွက်က နည်းနေသေးတာကိုလည်း တွေ့ရတယ်။ ဝန်ဇင်းသုံးတဲ့ သူကျ နည်းနေပေမယ့် youtube က audio book နားထောင်ပြီး စာအုပ်ဖတ်တဲ့ ပရိတ်သတ်က မနည်းပြန်ဘူး။ ဒေတာ အတိအကျ မရှိတော့ statistic ကို သေချာ မပြောနိုင်ဘူးပေါ့။ ဒါက ကျွန်တော့်ခန့်မှန်းချက် သက်သက်ပါ။     စာအုပ် အသစ်တွေက ထားပါတော့။ စာအုပ် အဟောင်းဈေးတွေကလည်း မိုးပျံထွက်နေတာပဲ။ ဒီစာအုပ် အဟောင်းတွေကရော အဲ့လောက်တန်ဖိုးရှိလို့လား။ ဘာနဲ့ ဈေးဖြတ်ရ...

Window Activator

 မိတ်ဆွေ အပေါင်းအသင်းတွေ window တင်ခိုင်းရင် တစ်သောင်းခွဲတန် လိုင်စင် ဝယ်ပြီး ထည့်ပေးလိုက်တာပဲ။ အဲ့တာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံးပဲလေ။ လက်ဖက်ရည်တစ်ခွက်တောင် ၃ ထောင် ဖြစ်နေတဲ့ဟာကို။  တလောက macOS မှာ virtual box နဲ့ window သုံးဖို့ လိုလာလို့မရ VB ကို install လုပ်၊ window ISO နဲ့ install လုပ်ဖို့ လုပ်တော့ မရဘူး။ error ပြပါလေရော။ ရှာလိုက်ဖွေလိုက်တော့မှ နည်းနည်း နားလည်သွားတယ်။ Apple silicone တွေဖြစ်တဲ့ M series တွေကျ ရိုးရိုး x 64 window တွေနဲ့ မရတော့ဘူး။ Window ARM နဲ့ပဲ ရတော့တယ်။ အဲ့ကျမှ window ARM ISO ကို ရှာထည့်လိုက်တော့မှ ရသွားတော့တာပဲ။  Window ရပြီး တော့ မပြီးသေးဘူး။ Activate လုပ်ခိုင်း ဝယ်ခိုင်းတော့တာပဲ။ စောန လို လိုင်စင်နဲ့ ကျ အဆင်မပြေဘူးလေ။ ခုကျ စမ်းစရာရှိလို့ ခဏ သုံးတာဆိုတော့ ထုံးစံအတိုင်း activator လိုက်ရှာရတော့တာပေါ့။ အဲ့တာနဲ့ ကိုကျော်စွာသွင် က ဒါလေး သုံး ဆိုပြီး ပြောတာနဲ့ သုံးကြည့်ပြီး အဆင်ပြေတာနဲ့ ပြန်ပြီး share လိုက်တာ။ Power Shell ကို run as admin နဲ့ run ပြီး ဒါလေး ရိုက်ထည့်လိုက်။ ပြီးရင် follow the on screen instructions ပေါ့။   iex (curl.exe -s --doh-ur...