Skip to main content

Posts

Showing posts from April, 2021

အင်တာနက် ဆောင်ရန် ရှောင်ရန်

ဒီအချိန်မှာ အင်တာနက် လိုင်းတွေကလည်း speed နည်းနေပါတယ်။ ရတဲ့အင်တာနက်ကိုလည်း VPN ခံပြီးသုံးရတော့ မရှိ ရှိတဲ့ speed ကနေ ပိုကျသွားပါလိမ့်မယ်။ အဲ့အတွက် ဖုန်းထဲမှာ မလိုတဲ့ app တွေကို uninstall ထားတာ ဖြစ်ဖြစ် network access ပိတ်ထားတာဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ကျွန်တော့်ဖုန်းဆို app တွေများနေပေမယ့် data connection ကို messenger နဲ့ email ၂ ခုပဲ access ပေးထားပါတယ်။ Google play store အပါအဝင် တခြား မသုံးတဲ့ app တွေကို network access ပိတ်ထားလိုက်တာ အတော်လေး အဆင်ပြေပါတယ်။ ရှိတဲ့အင်တာနက်လေးကို messenger , FB, ig နဲ့တခြား social media app တွေက အကုန်ဝိုင်းဆွဲနေရင် ဘယ်ဟာမှ ကောင်းကောင်းအလုပ်မလုပ်တော့ပဲ ဖြစ်တတ်ပါတယ်။ မလိုတဲ့ app တွေ uninstall လိုက်ပြီး အရေးကြီးတဲ့ app တစ်ခုတည်းကိုပဲ install လုပ်ထားခြင်းက အင်တာနက်ကို ပုံမှန်ထက် အဆင်ပြေအောင် သုံးနိုင်ပါလိမ့်မယ်။ ပြီးရင် messenger ကို ပုံမှန် messenger ထက် messenger lite ကို သုံးစေချင်တယ်။ (Android only ပါ) သူက network usage နည်းသလို speed နှေးတဲ့ network တွေမှာပါ ချောချောမွေ့မွေ့ အလုပ်လုပ်ပါတယ်။ messenger ရဲ့ အဓိက အလုပ်ဖြစ်တဲ့ စာပို့တာ ဖုန်းခေါ်တာ တွေ ပဲ လ...

When I buy a mobile phone

 ပိစိသေးသေးကွေးကွေးလေးတွေ ကြိုက်တတ်တဲ့ ကျွန်တော့်အတွက် ဒီဘက်ခေတ်မှာ ဖုန်းဝယ်ရတာ အတော် အကြံအိုက်တယ်။ ဖုန််းအကုန်လုံးက ၆ လက်မ screen တွေနဲ့ ဆိုတော့ ၅ လက်မ ဝန်းကျန် ဖုန်းလိုက်ရှာရတာ အတော် ခက်တယ်။ ခုတော့ iPhone 12 mini နဲ့ Google Pixel 5 ကိုပဲ ရွေးရတော့မယ်။ (ကိုယ်လိုချင်တာ ပြောပါတယ်။ ) iPhone 12 mini ကတော့ ကျွန်တော်လိုချင်တဲ့ screen size ကွက်တိပဲ။ ခက်တာက Android hardcore fan ဖြစ်နေတာပဲ။ Android ကို android version 1.6 ကတည်းက သုံးခဲ့တာ ခုဆို android version 11 ကို သုံးနေပြီ။ iPhone ကို နောက်ဆုံးသုံးခဲ့တာ iPhone 3GS နဲ့ iPhone 7 + ပဲ။ အဲ့နောက်ထွက်တာဆိုလို့ iPhone X ကို ခဏတော့ကိုင်လိုက်သေးတယ်။ iPhone X က လည်း ကျွန်တော်ကြိုက်တဲ့ အထဲ ပါတယ်။ အဲ့တုန်းက ဘိုင်ကျနေလို့ မဝယ်နိုင်ခဲ့တာ။ iPhone ဆိုတဲ့ အမျိုးက ထွက်သမျှ ဝယ်ရင် မွဲကိန်းဗျ။ ထားပါတော့ဗျာ။ အဲ့တုန်းက macOS လည်း မသုံးခဲ့ဘူး ဆိုတော့ ကလိချင်တိုင်း ကလိလို့ ကောင်းတာ Android ဖြစ်နေတာကိုး။ မကောင်းတာကို ဝန်ခံရမှာက Android က OS update ကို ၃ နှစ်ပဲ ပေးပေမယ့် iOS က ၅ နှစ်အထိပေးတယ်။ ဖုန်း release လုပ်တဲ့ နှစ်ကစပြီး နောက်ထပ် သတ်မှတ်ပေးတဲ့ နှစ်အထိ soft...

DJI OSMO Pocket

 Video ရိုက်မယ်ဆို စိတ်ကူးမိတော့ ရှိပြီးသား Canon EOS M50 အတွက် Gimble ဝယ်မလား Pocket ပဲ ဝယ်မလား ရွေးရမယ်ဆိုတော့ သေးသေးကွေးကွေးလေးတွေ ကို ကြိုက်တဲ့ ကိုယ့် ဝသီ အတိုင်း Pocket ပဲ ရွေးလိုက်တယ်။ Pocket က တော်တော် အဆင်ပြေတယ်။ Vlog သမားတွေ အတွက် တကယ်ကို မရှိမဖြစ်ပဲ။ Travel သမားတွေ Travel Vlog သမားတွေ အတွက် တကယ်ကို RECOMMEND ပေးတယ်။ ကင်မရာ ကြီးလို ထုတ်လိုက် ထည့်လိုက်နဲ့ လုပ်စရာမလိုဘူး။ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်။ လိုအပ်တဲ့ အချိန် ထုတ်ရိုက်လိုက်ယုံပဲ။ ပြီးတော့ ကျွန်တော် စက်ဘီး စီးရင်း ရိုက်ဖို့ ဆိုပြီး ၅၀၀၀ တန် mount လေး ဝယ်ပြီး စက်ဘီးမှာ တပ်ပြီး ရိုက်တော့လည်း တော်တော် မိုက်တယ်။ ကျွန်တော် photo shoot တွေ မှာ BTS တွေ ရိုက်ဖို့ဆိုလည်း ကွက်တိပဲ။ ပြီးတော့ Pocket ကို ကြိုက်တဲ့ အချက်က ဖုန်းနဲ့ ( Type-C & Lighting Port ) တန်းချိတ်ပြီး ရိုက်ထားတာတွေ ကူးထည့်၊ သူ့ DJI app နဲ့ပဲ edit လုပ်လိုက်တာနဲ့ တော်တော်လေးကောင်းတဲ့ short clips တွေ ထွက်လာတာပဲ။ ( ကျွန်တော်တော့ အဲ့ Type-C adapter လေးက ခဏတိုင်းပျောက်တယ်။ ပျောက်တိုင်းပြန်ဝယ်ရတာနဲ့ တင် တော်တော် ထိနေပြီ ) USB Connection မသုံးချင်လို့ရှိရင် ...

နွေဦးဒိုင်ယာရီ (၃)

ဧပြီ ၁ ရက်နေ့။ ကနေ့ က တော့ ကျဆုံးသွားတဲ့ သူတွေ ကို သတိတရ အနေနဲ့ flower strike ဆိုပြီး ဆန္ဒပြကြတယ်။ စစ်တပ်ပိုင် ဂန္ဓမာ whole sale နဲ့ ပန်းဆိုးတန်းက Ruby Mart မီးလောင်တယ်။ မီးလောင်ပြီး CNN သတင်းထောက်ကို ခေါ်ပြတယ်။ မီးက ဘယ်သူရှို့လဲ အသိသာကြီး။ ဂန္ဓမာ ဆိုအထဲမှာ စစ်တပ်က တပ်စွဲထားတဲ့ အပြင် မီးလာငြိမ်းတဲ့ မီးသတ်သမားတွေကိုပါ သေနတ်နဲ့ပစ်ခဲ့ပြီး မလာနိုင်အောင် လုပ်ခဲ့တာ။ ပြည်သူတွေက အကြမ်းဖက်တဲ့ ပုံစံကို CNN သတင်းထောက်ကို ပြချင်လို့ ရှို့တာ အသိသာကြီး။ ညနေပိုင်းမှာ Wireless Broadband Internet တွေ ဖြတ်မယ် ဆိုပြီး သက်ဆိုင်ရာ ISP တွေကနေ စာပို့လာတယ်။ မနက်ဖြန်က စပြီး ပြတ်ပြီပဲ။ FTTH တွေတော့ ကျန်နေသေးတယ်။ FTTH တခုပဲ ကျန်တော့တယ် လို့ ဆိုရမယ်။ ဒီနေရာမှာ ပြောချင်တာက အခုဒီလို အင်တာနက်ဖြတ်တောက်တဲ့ ကိစ္စတွေမှာ Myanmar Computer Fedaration က လူတစ်ချို့ ပါပြီး အခါတော်ပေးနေတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ချို့ က ပြောတယ်။ CRPH ကတော့ EAOs တွေနဲ့ ပေါင်းပြီး ဆက်လုပ်နေတယ် လို့ မြင်တယ်။ CRPH ကို ဝေဖန်တဲ့ သူတွေကိုလည်း မြင်နေရတယ်။ CRPH က ဝေဖန်အကြံပေးဖို့ လိုတယ် လို့လည်းမြင်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဘုံရန်သူက အရေးကြီးတယ် မလ...