Skip to main content

Posts

Showing posts from April, 2023

MS Window Direct Download

 Window ISO file ကို download လုပ်မယ်ဆိုရင် အင်တာနက်မှာ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ ကိုစိုးဝင်းပြောလို့ ဒီ ဆိုဒ်လေးကိုပဲ သုံးဖြစ်တယ်။ ကိုယ်လိုချင်တဲ့ window version, edition ရွေးပြီး direct download link or magnet link ထုတ်ပေးပါတယ်။  https://tb.rg-adguard.net / https://files.rg-adguard.net/

Bootable USB Creator for Linux

 Window တင်ဖို့ Ubuntu ပေါ်ကနေ Bootable USB လုပ်မယ်ဆိုပြီး ခါတိုင်းလုပ်နေကျ balena etcher နဲ့ လုပ်လိုက်တယ်။ USB stick ကို တပ်တယ်၊ boot တက်တယ်။ boot list မှာ တက်မလာဘူး။ ဘာဖြစ်လို့လည်း လိုက်ရှာတော့ Window 10 ဆိုတော့ UEFI mode နဲ့မှ ရမှာ ဖြစ်ပြီး etcher က Legacy mode နဲ့ bootable လုပ်ပေးလိုက်တာဆိုတော့ မတက်တော့ဘူးဖြစ်နေတာ။ UEFI mode နဲ့ bootable လုပ်ဖို့ကလည်း Rufus နဲ့ပဲ ရတယ်လို့ပဲ ကိုယ်က သိထားတယ်။ Rufus ကလည်း window ပေါ်မှာပဲ ရှိတယ်။ အဲ့တာနဲ့ အင်တာနက်ပေါ် ဟိုရှာ ဒီရှာလုပ်တော့လည်း ဘာမှ ထူးခြားတာ မတွေ့။ နောက်ဆုံးကျမှ WoeUSB ကို သွားတွေ့တယ်။ အဲ့ကောင်နဲ့ကျမှပဲ Linux ပေါ်မှာ  UEFI bootable USB ကို လုပ်လို့ ရသွားတော့တယ်။  https://github.com/WoeUSB နောက်ထပ် bootable လုပ်တဲ့ software တစ်ခုလည်း ကိုကိုရဲ ညွှန်းလို့ ဝင်ကြည့်ဖြစ်တယ်။ ဒီကောင်လည်း စိတ်ဝင်စားစရာပဲ။ နောက်လမ်းကြုံမှ စမ်းရမယ်။ https://www.ventoy.net/en/index.html