Skip to main content

Posts

Showing posts with the label Facebook

အခပေး ယူနီကုဒ်ဖောင့်များ စုစည်းမှု့

အရင် ယူနီကုဒ်ကို စပြောင်းခါစတုန်းက ဖောင့် အလှလေးတွေ မရှိဘူးလားဆိုပြီး ပြောကြတာ တအားပဲ။ ခုတော့ ပေါလိုက်တာမှ လွန်လို့။ ဖောင့်ဒီဇိုင်နာတွေ ကလည်း ထုတ်ပေးလိုက်တာမှ အတော်လှတဲ့ ဒီဇိုင်းတွေချည်း။ ကျွန်တော်ဆို ဘာမှမလုပ်တာတောင် ဒီအတိုင်း ဝယ်ပြီး သိမ်းထားတယ်။ Digital Marketing သမားတွေ၊ Graphic Designer တွေကတော့ ဝယ်ကိုဝယ်ရမယ် (Online Shop က လေသံနဲ့ပြောကြည့်တာ ဟိဟိ) Photo Credit to ZiNBO   ZiNBO Mudra Net Panchi

Free VPN for Myanmar

 လက်ရှိ ကျွန်တော်သုံးနေတဲ့ Free VPN လေးမျှပေးချင်လို့ပါ။ Free လည်းဖြစ်တယ်။ လိုင်းလည်း ကောင်းတယ်။ ads လည်း မတက်ဘူး။ သုံးရတာလည်း လွယ်တယ်။ iOS, Android, Window, Lunix, MacOS အကုန် support ပေးတယ်။  https://amnezia.org/  မှာ download လုပ်လို့ ရပါတယ်။ Click to download for Apple Devices Click to download for Android Devices Click to download APK file ( Google Play Store မရတဲ့ ဖုန်းတွေအတွက်) အသုံးပြုနည်းကတော့ software ကို install လုပ်ပြီးရင် အခု telegram bot က ပေးတဲ့ key ကို amneziaVPN ထဲမှာ paste လုပ်ပြီး connect လုပ်ပေးယုံပါပဲ။ Telegram က bot နာမည်က  @amnezia_free_myanmar_bot ပါ။ Window, Ubuntu & Mac အတွက်လည်း သူ့ website မှာ installer တွေ ရှိပါတယ်။ 

Express VPN Tips & Tricks

  Singapore marina bay Japan - Yokohama Singapore Jurong Japan Shibuya Japan osaka South Africa Pick for me  Lebanon Morocco  Italy - Naples  France - Strasbourg Canada - toronto-2 Canada - Montreal Georgia uk - wembley  UK - Midlands Hong Kong - 2  Germany - Nuremberg USA Seattle USA - New Jersey - 3 Network  အမျိုးအစားပေါ်မူတည်ပြီး   ချိတ်မရတာတွေရှိပါတယ်။ တစ်ခုမရတစ်ခုချိတ်ပေးပါ။ iOS => Options > Other Settings > VPN protocol > ikev2  မှာ   ထားပီး   အောက်ကနိုင်ငံတွေ   ချိတ်လို့ရပါတယ်။ PC/Andriod => Options > Other Settings > VPN protocol > Lightway - TCP  မှာ   ထားပီး   အောက်ကနိုင်ငံတွေ   ချိတ်လို့ရပါတယ်။ Singapore - Marina Bay Japan Osaka Japan - Yokohama USA - Santa Monica USA - Los Angeles - 5 USA - Houston USA - Tampa -1 USA - Dallas USA - Washington DC USA - New York Canada - Toronto -2 Canada - Montreal Italy - Naples France - Strasbourg Belgium Hungary Ghana Lebanon Morocco So...

Router Review

 Facebook ကို VPN နဲ့ သုံးမှ ရလာတဲ့ အချိန်မှာ ကျွန်တော့်အတွက် အဆင်မပြေတာတွေများလာတယ်။ ကျွန်တော့်မှာ devices တွေက များတယ်။ ဖုန်းတွေ laptop တွေ tablet တွေ အပြင် တခြား gadget တွေပါ ရှိနေတာကိုး။ အကုန်လုံးကို VPN ထည့်ဖို့ အလုပ်တခုကလည်း ပိုလာတယ်။ အဲ့တာနဲ့ အဆင်ပြေမယ့်နည်းလမ်းကို လိုက်ရှာရင်း facebook ပေါ်က ကိုကျော်စွာသွင် တင်ထားတဲ့ router လေးကို သွားတွေ့မိတယ်။  Router မှာ တခါတည်း VPN ထည့်လို့ရတဲ့ router ပေါ့။ အဲ့ router မှာ တခါတည်း VPN ထည့်ထားတော့ အဲ့ router က လွင့်တဲ့ wifi ကို ချိတ်တဲ့ devices တွေ အကုန် လုံး VPN ထည့်စရာမလိုတော့ဘူးပေါ့။  Router အကြောင်း product info အသေးစိတ်ကို သူ့ website မှာ ဖတ်လို့ရပါတယ်။ Click here for more info Router Mode က ၄ မျိုးပါတယ်။ Lan Cable တပ်ပြီး AP router အနေနဲ့ သုံးလို့ရတယ်။ Wifi ကို ဖမ်းပြီး repeater, range extender အနေနဲ့လည်း သုံးလို့ရတယ်။  ဖုန်းက usb tethering လုပ်ပြီး USB မှာ ဖုန်းနဲ့ချိတ်ပြီး portable router အနေနဲ့လည်း ရတယ်။ ( ဒီနေရာမှာ ထပ်ဖြည့် ပြောရမှာက android custom rom နဲ့ တွဲသုံးတဲ့အခါမှာ phone ရဲ့ vpn ကိုပါ တခါတည်း share လို့ရတယ...

Facebook Private Video Downloader

 အခုနောက်ပိုင်း facebook မှာ private group ကနေ သင်တန်းလုပ်ပြီး စာသင်တာတွေ ရှိလာတယ်။ အဲ့ private group ထဲက video တွေကို download လုပ်တာကျ downloader တော်တော်များများ က အလုပ် မလုပ်ဘူး။ အဲ့တော့ download လုပ်လို့ ရတဲ့နည်း ရှာရတာပေါ့။ ဘာမှ တော့ မခက်ပါဘူး။ Browser ကနေ ဒီ link ကိုသွား https://snapsave.app/download-private-video https://pastedownload.com/facebook-private-downloader/ ပြီးရင် အပေါ်ဆုံး အကွက်မှာ download လုပ်ချင်တဲ့ video url ရိုက်ထည့်၊ ရိုက်ထည့်လိုက်တာနဲ့ ဒုတိယအကွက်မှာ စာတန်း တစ်ခု ပေါ်လာလိမ့်မယ်။ အဲ့စာတန်းကို copy ကူး၊ ( copy ဆိုတဲ့ ခလုတ်ကလေးလည်းပါတယ် )  copy ကူးပြီးရင် browser မှာ new tab ဖွင့်လိုက်။ copy ကူးလာတာ ကို paste လုပ်လိုက်၊ ပြီးရင် enter ခေါက်။ စာတွေ အများကြီး ပေါ်လာလိမ့်မယ်။ အဲ့စာတွေ အကုန်လုံးကို select မှတ်ပြီး copy ပြန်ကူး။ ပြီးရင် တတိယ အကွက်မှာ paste လုပ်လိုက်၊ ခဏစောင့်လိုက်၊ ပြီးရင် download ခလုတ်ကို နှိပ်လိုက်။ ပြီး ရင် လိုချင်တဲ့ video quality ကို ရွေးပြီး download လုပ်လိုက်ရင် ရပြီ။  တစ်ခုရှိတာက MacOS ရဲ့ safari က အဲ့အတွက် သုံးမရဘူး။ Chrome ဖြစ...

IA နဲ့ AI

 IA အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်။ စိတ်ထဲ ရှိနေတာတော့ ကြာပြီပေါ့။ IA ဆိုတာ Facebook မှာ ရှိတဲ့ Instant Article တွေပေါ့။ IA က ဘာထူးခြားလဲဆိုတော့ facebook နဲ့ ချိတ်ထားတဲ့ website တွေကို ဖွင့်လိုက်တာနဲ့ browser နဲ့ ဖွင့်စရာ မလိုပဲ  instant ပွင့်သွားတာပေါ့။ မြန်လည်းမြန်တယ်။ စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးပေါ့။ Facebook app မှာ အောက်နားလေးမှာ မိုးကြိုးသွားလို ပုံစံလေးနဲ့ဟာဆို IA လို့ သတ်မှတ်လို့ရတယ်။  AI ကတော့ Artificial Intelligence ပေါ့။ ခုနောက်ပိုင်းမှာ လူတွေ ပိုပြီး သတိထားလာမိကြတဲ့ စကားလုံးပေါ့။ ကွန်ပျူတာဦးနှောက်လို့ တင်စားထားကြတယ်။ AI အကြောင်းသာ ပြောရရင် ပြီးမှာ မဟုတ်ဘူး။ ခုကိစ္စမှာတော့ AI က ဘယ်လို အလုပ်လုပ်သလဲ ဆိုတော့ ခင်ဗျား က facebook သုံးတယ်ပေါ့။ အဲ့ ခင်ဗျားက facebook မှာ ဘယ်လို post တွေကို အချိန်ပေးဖတ်သလဲ၊ ဘယ်လိုဟာတွေကို ဝယ်တတ်သလဲ၊ ရောင်းတတ်သလဲ၊ ဘယ်လို ကိစ္စတွေကို စိတ်ဝင်စားတတ်လဲ၊ ဘယ်လို post တွေမှာ ဘယ်လို comment တွေ ပေးတတ်သလဲ ဆိုတာ အမြဲလေ့လာစောင့်ကြည့်ပြီး သိမ်းဆည်းထားတယ်။ ပြီး ရင် ပြန်အသုံးချတယ်။ ဆိုပါတော့၊ ခင်ဗျားက ကား group တွေထဲ ဝင်ပြီး ကားအကြောင်းတွေလိုက်မေ...

Unicode on Xiaomi

လုပ်ပုံလုပ်နည်း ဗီဒီယိုကြည့်ရန် 👇👇👇👇👇 https://youtu.be/i52XFR3T_qw Xiaomi ဖုန်း အသုံးပြုသူများအတွက် မိမိလက်ရှိအသုံးပြုနေတဲ့ ဇော်ဂျီဖောင့်ကနေ ယူနီကုဒ်စနစ် စံမြန်မာစာကို ပြောင်းလဲအသုံးပြုလိုသူများအတွက် Default ဖောင့်ကို ပြန်လည်ပြောင်းလဲပုံကို ပြထားတဲ့ ဗီဒီယိုလေးပါ။ တကယ်တန်းတော့ MIUI မှာက ယူနီကုဒ်စနစ်က ပါဝင်ပြီးသားပါ။ အဲ့ဒီယူနီကုဒ်စနစ်ထဲမှာလည်း မြန်မာဘာသာအတွက် တစ်ပါတည်းပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဇော်ဂျီဖောင့် အသုံးပြုနေကြတဲ့သူများ ယူနီကုဒ်စနစ်ထဲမှာ ပါပြီးသား စံမြန်မာစာကို ပြန်လည်အသုံးပြုလိုကြတယ်ဆိုရင်  ဖုန်းရဲ့ Home screen ပေါ်မှာရှိတဲ့ Theme ထဲဝင်ပြီး ဘယ်ဘက်အပေါ်ထောင့်လေးက လူပုံလေး (My account) ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့စာမျက်နှာထဲက Font ထဲကို ဝင်ပါ။ ထိပ်ဆုံးမှာရှိတဲ့ Default ဆိုတာကို နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့စာမက်ေနှာထဲက အောက်နားလေးမှာရှိတဲ့ Apply ဆိုတာကို နှိပ်ပါ။ Reboot လုပ်မလားမေးရင် Reboot လုပ်ပေးလိုက်ပါ။  Reboot ဖြစ်သွားပြီး စက်ပြန်တက်လာရင် ယူနီကုဒ်စနစ် စံမြန်မာစာကို အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ တကယ်က ပါပြီးသားကို ပြန်ပြောင်းအသု...

iPhone မှာ မြန်မာယူနီကုဒ်ဖောင့်နဲ့ကီးဘုတ်ဘယ်လိုထည့်လဲ

နောက်လာမယ့် iOS 10 မှာ ယူနီကုဒ် တခါထဲ ပါလာတော့မယ်ဆိုတော့ အဲဒါကို မသုံးခင် လောလောဆယ် ယူနီကုဒ်ပြောင်းသုံးချင်ရင် လုပ်ရမယ့် အဆင့်လေးတွေကို ပြောပြချင်ပါတယ်။ တခြားသူတွေရေးထားပြီးသားလဲ ရှိချင်ရှိမှာပါ။ ပြန်ကူးပြီး မတင်ချင်လို့ ကိုယ့်ဘာသာပဲ ရေးလိုက်ပါတယ်။ ပထမဆုံး myFont, ttkeyboard app တွေကို အင်သတောလုပ်ထားဖို့လိုပါတယ်။ အင်စတောလုပ်ပြီးရင် myapp ကို ဖွင့်လိုက်ပါ။ အောက်ကလိုမျိုးမြင်ရပါလိမ့်မယ်။ ခုမြင်ရတဲ့ Tharlon, MyanmarCensus, Myanmar3 က myapp မှာ ပါတဲ့ ယူနီကုဒ် ဖောင့်ပါ။ တစ်ကယ်လို့ ယူနီကုဒ် 100% , ဇော်ဂျီ 80% မြင်ရတဲ့ဖောင့်ကို လိုချင်ရင် အောက်နားလေးကို နည်းနည်းဆွဲချလိုက်ပါ။ Hybrid Fonts အောက်မှာရှိတဲ့ zawdecode 1.1, NanKhone Web pro ထဲက တစ်ခုခုကို သုံးနိုင်ပါတယ်။ ကြိုက်တဲ့ တစ်ခုကို ဖိနှိပ်လိုက်ပါ။ အော်ကလိုမျိုး မြင်ရပါလိမ့်မယ်။ install ကို နှိပ်လိုက်ပါ။ passcode တောင်းပါလိမ့်မယ်။ passcode ထည့်ပေးလိုက်ပြီးရင် အောက်ကလိုမြင်ရပါလိမ့်မယ်။ အပေါ်နားက install ကို နှိပ်ပါ။ ပြီးရင် နောက်ထပ်အောက်နားမှာပေါ်လာတဲ့ install ကို ထပ်နှိပ်လိုက်ပါ။ခုဆိုရင် သင်ရွေးချယ်ခဲ့တဲ့ ယူနီကုဒ်...

Facebook See Conversation

Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။ 1. https://touch.facebook.com/ ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါတယ်) 2.  https://touch.facebook.com/settings/language/primary_dialect/?primarydialect=en_XX ကိုသွားပါ။ ဒါမှမဟုတ် Account Setting > Language > What language do you want stories to be translated into ကို သွားပါ။ ရွေးစရာ language တွေပေါ်လာရင် အောက်က အဆင့်ကို ဆက်လုပ်ပါ။  (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ) 3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)()  ကို copy ...