Skip to main content

ယူနီကုဒ် မခက်ပါ

ဒီမနက် အိပ်ယာထ ဖေ့စ်ဘုတ်လျှောက်ကြည့်ရင်း တစ်ယောက်က မြန်မာစာယူနီကုဒ်အကြောင်းပြောထားတာမှာ နောက်တစ်ယောက်ကဝင်ပြောတာက “ ယူနီကုဒ်က သုံးရခက်တယ် “ တဲ့။ အဲဒါနဲ့ ယူနီကုဒ်သုံးရတာမခက်ကြောင်း နဲနဲပြောချင်လာလို့ပါ။ ကျနော် ကွန်ပျူတာ စသုံးတတ်တာ ၂၀၀၆ နှစ်လည်လောက်မှစသုံးတတ်ပါတယ်။ ထောင်ကထွက်လာ ရန်ကုန် ရှေ့လာပြီးနောက်ပိုင်း စီးပွားရေးအရ လဘက်ရည်ဆိုင်ဖွင့်ထားရင်း ညဘက် ဆိုင်ပိတ်ချိန်ကြမှ နီးရာ အင်တာနက်ဆိုင်မှာ သွားသုံးရပါတယ်။ စသုံးကာစက လက်ကွက်ရိုက်တာ လက်နှစ်ချောင်းထိုး ပေါ့ဗျာ။ ဘယ်ညာ လက်ညိုးတစ်ချောင်းစီနဲ့ပဲ စာရိုက်တယ်။ နောက်တော့ တိုက်ပင်ကူျတာနဲ့ အင်္ဂလိပ်လက်ကွက် ကျင့်ဖြစ်တယ်။ နောက်ထပ် မြန်မာလက်ကွက် ကျင့်တယ်ပေါ့။ ခေတ်စားနေတဲ့ ဇော်ဂျီလက်ကွက်ပါပဲ။ ထုံးစံအတိုင်း အင်တာနက်ရေစီးထဲမှာမျှောနေရင်းကနေ ဂူဂဲလ်ဆာ့ချ်ကို နဲနဲသုံးတတ်လာတယ်။ တောသားဆိုတော့ အင်္ဂလိပ်လို အရေးအပြောညံ့ပေမယ့် နဲနဲတော့ဖတ်တတ်တော့ ဂူဂဲလ်ကနေ လိုက်ရှာ၊လိုက်ဖတ်၊ အဲဒီကနေမှ ကိုယ့်ဝါသနာအတိုင်း ဒေတာတွေစုတာ သိမ်းတာလုပ်လာတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုရောပေါ့။ နောက်ပိုင်း ဘဘဦးဝင်းတင်ခေါ်တာနဲ့ ပြန်ကြားရေးမှာဝင်လုပ်၊ လူကနဲတော့ ရုံးခုျပ်နဲ့ ၅၄ခြံထဲမှာ ခိုင်းတာအကုန်လုပ်ပေါ့။ များသောအားဖြင့်တော့ ကွန်ပူျတာနဲ့စာရိုက်တာတွေ ဒေတာတွေ ရှာရတာတွေ အီးမေးလ်အပို့အယူလုပ်ရတာတွေ နောက်ပိုင်းကြတော့ ဓါတ်ပုံပါရိုက်ဖြစ်သွားတယ်။ ထားပါတော့။ ပြောနေတာ ဟိုရောက်ဒီရောက် ဖြစ်နေတယ်။ အဓိကပြောချင်တာက နောက်ပိုင်းရုံးချုပ်အထိုင်တာဝန်ကျပြီး ရုံးအလုပ်ရော ပြန်ကြားရေးအလုပ်ရောတွဲလုပ်ရင်း ဒေတာတွေ ရှာ၊ စု၊ သိမ်း၊ ပြန်ပြင် စတာတွေ ပိုလုပ်ဖြစ်တယ်။ အဲဒီအခိျန်မှာ ဘာသွားတွေ့ရလည်း မြန်မာလိုစာရိုက်တယ်။ အများသိအောင် ပြရုံသက်သက်အတွက်ဆိုရင် ဘာလက်ကွက် စံနစ်ကိုသုံးသုံးအဆင်ပြေပါတယ်။ ဒါပေမယ့် ဒေတာတွေကို ပြန်ပြီး ပြုစုမယ်၊ လိုအပ်သလို ပြင်ဆင်မယ်ဆိုတဲ့ အခါကြတော့ မြန်မာစာစနစ်မှာ ဇော်ဂျီက သိပ်အဆင်မပြေတော့ဘူး။ ယူနီကုဒ်စနစ်သုံးမြန်မာစာကသာ အဆင်ပြေတာကို တွေ့ရတယ်။ ဥပမာပြောရရင် အိပ်စဲလ်ဒေတာတစ်ခုကို အက္ခရာစဉ်ချင်တယ်ဆိုပါဆို့။ ဇော်ဂီျနဲ့ရိုက်ထားတာကိုစီတာထက် ယူနီကုဒ်နဲ့ရိုက်ထားတာကို စီတာက ပိုမှန်တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်း။ ခပ်လွယ်လွယ်ပြောရရင် ဥပမာ ရရစ် ဆိုပါတော့ ဇော်ဂီျမှာ ၄မိုျးရှိတယ်။ လက်ကွက်နေရာ ၄နေရာရှိတယ်။ ယူနီကုဒ်လက်ကွက်မှာ ရရစ်နေရာ ၁နေရာပဲ ရှိတယ်။ ကိုယ်ရိုက်တဲ့ စာလုံးအလိုက် ရရစ်ပုံစံကို သူ့အလိုလိုပြောင်းပေးသွားတယ်။ ကျတော်တို့ ဘယ်ရရစ်နဲ့ ရိုက်သင့် တယ်လို့ ခွဲခြားမှတ်နေစရာမလိုဘူး။ နောက်အရေးကြီးဆုံးတစ်ချက် ယူနီကုဒ်စံနစ်မြန်မာလက်ကွက်က ရေးထုံးအတိုင်း ရိုက်ရတယ်။ ပြန်စဉ်တော့လည်း မြန်မာစာရေးထုံးအစဉ် ဗျဉ်း၊ သရ၊ အသတ်အမှန်အတိုင်းပြန်စဉ်တယ်။ ဒါကြောင့် မြန်မာစာဒေတာတွေကို အက္ခရာစဉ်မယ်ဆိုရင် ယူနီကုဒ်ကသာ အမှန်ဆုံးဖြစ်တာတွေ့ရပါမယ်။ အဲဒီတော့ အထက်ကပြောခဲ့တာပြန်ကောက်ရရင် ယူနီကုဒ်မခက်ပါ။ အသုံးပြုရတာပိုလို့တောင်လွယ်ပါတယ်။ ကျတော်ဇော်ဂျီလက်ကွက်သုံးနေရင်းကနေ ယူနီကုဒ်လက်ကွက်ကို ပြောင်းလေ့ကျင့်တာ တစ်ပတ်ပဲကြာပါတယ်။ နောက်ပိုင်း ပိုလို့မြန်လာပါတယ်။ ဘာလို့လည်းဆိုတော့ သူ့လက်ကွက်ရိုက်နည်းက ကျတော်တို့ ငယ်ငယ်လေးကတည်းက ကျောင်းမှာသင်လာခဲ့တဲ့အတိုင်း စာလုံးပေါင်းပြီး ရိုက်ယုံပဲလေ။ ဒါဆိုရင် ကျတော်တို့တွေ ယူနီကုဒ်ကောင်းရက်နဲ့ ဘာလို တွင်တွင်ကျယ်ကျယ် မသုံးကြတာလည်း။ ခက်တယ်ထင်လို့ပါ။ နောက်ပြီး လက်ကွက်ပြောင်းလေ့ကျင့်ရတာ မလုပ်ချင်ကြဘူး။ တကယ်တမ်းလေ့ကျင့်ရင်ခဏလေးပါ။ စမ်းကျင့်ကြည့်ကြပါ။ နောက်ဆုံးအချက်ကတော့ ကျတော်တို့ လူအများနဲ့ဆက်ဆံတဲ့အခါမှာ ဆိုရှယ်မီဒီယာပေါ်မှာ အများသုံးနေတာက ဇော်ဂီျဖြစ်နေတော့ ကိုယ်ရေးတာ ပြောတာ အများသိဖို့လိုတဲ့အတွက် ဇော်ဂျီကို သုံးနေကြရတာကိုး။ လက်တွေ့မှာလည်း ခုဆိုရင် ဖုန်းနဲ့သုံးကြတယ်။ ဖုန်းဆိုင်တွေက သွင်းပေးကြတာက ဇော်ဂျီလက်ကွက်ပဲ။ ဖေ့စ်ဘုတ်မှာအများသုံးနေတာကလည်း ဇော်ဂီျပဲ။ နောက်ပြီး တစ်ခိုျ့ဖုန်းတွေမှာ တစ်ခါတည်းပါလာတဲ့မြန်မာစာစနစ်ကလည်းဇော်ဂီျဖြစ်နေတာကိုး။ ဒီတော့ ယူနီကုဒ်ကောင်းမှန်းသိရင်တောင်မှ ဇော်ဂီျကိုပဲသုံးဖြစ်နေတော့တာပါပဲ။ တကယ်တမ်းပြောရရင် အဲဒါ အစိုးရနဲ့သက်ဆိုင်တယ်။ သက်ဆိုင်ရာ ကွန်ပျူတာပညာရှင် အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တယ်။ အစိုးရကိုယ်တိုင်က အီလက်ထရောနစ်မြန်မာစာစနစ်ကို ယူနီကုဒ်သုံးမြန်မာ၃ ပါလို့ပြောထားပြီး သူတို့ကိုယ်တိုင် တကယ်မသုံးပါဘူး။ အစိုးရဌာနဝက်ဘ်ဆိုဒ်တွေမှာကြည့်ပါ။ ဇော်ဂျီသက်သက်သော်လည်းကောင်း၊ ဇော်ဂျီနဲ့မြန်မာ၃သော်လည်းကောင်းသုံးနေတာတွေ့ရပါတယ်။ အစိုးရဌာနတွေက စပြီး အခြားဘယ်မြန်မာစာစံနစ်မှမသုံးပဲ စံတစ်ခုအဖြစ် မြန်မာ၃ယူနီကုဒ်စံနစ်ကိုသာသုံးမယ်ဆိုရင် အစိုးရနဲ့ ဆက်ဆံရသူအားလုံး အလိုလိုနေရင်း ယူနီကုဒ်ကိုလိုက်သုံးရမှာပဲလေ။ စကားစပ်လို့ပြောရရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဝက်ဘ်ဆိုဒ်ကတော့ မြန်မာ၃ယူနီကုဒ်တစ်မျိုးတည်းသုံးထားတာတွေ့ပါတယ်။ အဲလိုပဲ အစိုးရကပြဌာန်းပြီး ပြည်တွင်းမှာအသုံးပြုမယ့်ဖုန်းတွေမှာ မြန်မာစာစနစ်ကို ယူနီကုဒ်ပဲသုံးရမယ်ဆိုရင် ဖုန်းထုတ်လုပ်သူတွေ လက်ခံပြီးလိုက်လုပ်ပေးရမှာပါပဲ။ ဖောင့်ပုံစံအမျိုးမျိုးထွင်နိုင်ပါတယ်။သုံးနိုင်ပါတယ်။ အဲဒါတွေ အားလုံးဟာ ယူနီကုဒ်ဘယ်အဆင့်အတိုင်းဖြစ်ရမယ်လို့ပြဌာန်းလိုက်ရုံပါပဲ။ စာရွက်ပေါ်ကအမိန့်တော့မလုပ်နဲ့ပေါ့။ အစိုးရကိုယ်တိုင်ကစသုံးပါ။ အခြားသူတွေသုံးဖို့လည်းအားပေးပါ။ ဒါဆိုရင် မကြာခင်တစ်ချိန်မှာ အီလက်ထရောနစ် မြန်မာစာစနစ်ဟာ တညီတညွတ်တည်းဖြစ်သွားမှာပါ။
အတိုခုျပ်ပြောရရင် စံသတ်မှတ်ချက်မှီသော အီလက်ထရောနစ်မြန်မာစာစနစ်အတွက် အစိုးရကိုယ်တိုင်က လက်တွေ့ကျကျ ဦးဆောင်ရင် တကယ်လုပ်တကယ်ဖြစ်ပါတယ်။ နောက်ပြီး ယူနီကုဒ်လက်ကွက်မခက်ပါ။ တကယ်သုံးကြည့်ပါ။ တကယ်ကောင်းတာတွေ့ရပါလိမ့်မယ်။ ကမ်းစပ်နဲ့ဝေးရမှာကြောက်သူတွေအတွက် သမုဒ္ဒရာ တစ်ဖက်ကမ်းက ကမ္ဘာသစ်ကိုတွေ့ဖို့ခဲယဉ်းပါလိမ့်မယ်ဆိုတဲ့စကားအတိုင်းပါပဲခင်ဗျာ။
By Kay Nyein

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...