Blogger app updated
ကနေ့မှပဲ blogger Android app က update လာပေးတယ်။ မပေးပဲနေတာ ဘယ်နနှစ်ရှိပြီမှန်းတောင်မသိဘူး။ အရင်ထက်စာရင် အများကြီးကောင်းသွားတယ်။ ဖုန်းကနေပိုစ့်တင်မရလို့ မရေးဖြစ်တာ ခုလို အဆင်ပြေတော့ စာရေးဖြစ်တာပါ့။ Update တော့ ဖြစ်သွားပါရဲ့။ Google ရဲ့ chromium based ဖြစ်နေတော့ မြန်မာယူနီကုဒ် နဲ့ စာရိုက်ရတာ အတော် ကို အဆင် မပြေသေးဘူး။ သဝေထိုးတွေ အဆင်မပြေဘူး။ စာတွေကို Delete လုပ်ရင် ရှေ့ကစာဖျက်ရင် နောက်ကစာပါပျက်လို ပျက်နဲ့။ နောက်ဆုံးတော့ notepad မှာရေးပြီး ဒီထဲ လာ paste လုပ်မှပဲ အဆင်ပြေတော့တယ်။ ဖုန်းမှာတင် စာရိုက်ရတာ အဆင်မပြေတာလားဆိုတော့ မဟုတ်သေးဘူး။ PC မှာ chrome browser မှာလည်း အတူတူပဲ။ ခုတော့ Window ဘက်ဆို Firefox သုံးမှ Mac မှာ Safari သုံးမှ စာ ကောင်းကောင်းရေးလို့ရတယ်။ Android အတွက်တင် မကဘူး Web မှာပါ အသစ်ပြောင်းသွားတာ ခုမှ သိတယ်။ အသစ်ကို စမ်းသုံးကြည့်ပေမယ့် အသားမကျလို့ classic ပဲ ပြန်သုံးလိုက်တယ်။