Skip to main content

Unicode Vs iOS 10

ဟိုတနေ့က Facebook ထဲကအသိတစ်ယောက် ဇော်ဂျီနဲ့ ယူနီကုတ်ကို windows နဲ့ Mac OS အကြောင်း နှိုင်းယှဉ်ပြတဲ့ post လေးကို Like လိုက်တော့ ကိုယ်တွေလဲပြောင်းလဲချိန်တန်ပီလို့ အတွေးရောက်လာခဲ့ပါတယ် ဝင်းဒိုးက လူသုံးများတယ် Apple os က Unicode font လိုဘဲ အသုံးမများဘူး နောက်ပိုင်း စတိဂျော့ကြီးက
အိုင်ဒီယာရပီး အိုင်ကျူးနဲ့ ပြန်ရေပန်းစားအောင်လုပ်တယ် ဒါမှ အောင်မြင်လာမယ်ပေါ့ ယူနီကုဒ်သမားတွေလဲ အဲဒီလမ်း လိုက်သင့်ပါတယ်ပေါ့ သေချာတွေးကြည့်တော့ နားမလည်တဲ့သူဆို သူပြောတာ ဟုတ်နေသလိုပါဘဲ၊ ဒါပေမယ့် လုံးဝ အိုင်ဒီယာလွဲချော်နေသလိုမျိုးပါဘဲ၊ မတတ်တာလား မသိတာလား ဘာရည်ရွယ်ချက်နဲ့ရေးတာလဲ စဉ်းစားမရပါဘူး (သေချာတာကတော့ အခုနေ အများ အဆင်ပြေနေတဲ့ ဇော်ဂျီဘဲ ဆက်သုံးစေချင်တာဘဲနေပါ့မယ်) ၊
သူ့အိုင်ဒီယာလေးဘဲ ပြန်ကောက်ရရင် အခုအများသုံးနေတဲ့ ဝင်းဒိုးက လုံခြုံရေးအရ စိတ်ချရပါပီလား၊ မရောင်းရတဲ့ MAC os တွေလောက် တကယ်တန်း လုံခြုံရေး စိတ်မချရပါဘူး ၊ ဟိုတနေ့ကဘဲ ဖေ့ဘုတ်ပိုင်ရှင်ကြီးတောင် သူ့အနီးအနားက စိတ်ချရပါတယ်ဆိုတဲ့ MacBooks တွေရဲ့ ကင်မရာတွေ စပီကာ တွေကိုတောင် စတစ်ကာနဲ့ ကာပိတ်ထားရပါတယ်၊ နောက်တကယ်တန်း လုပ်ငန်းခွင်ဆို macbook တွေဘဲအသုံးပြုကြပါတယ်၊ ရုပ်ရှင် ဗီဒီယို
တည်းဖြတ်တာတွေဆို macbook ကမသုံးမဖြစ်ပါဘဲ၊ windows နဲ့ သုံးလို့မဖြစ်ဖူးလား မရဘူးမဟုတ်ရပါတယ် အချိန်ကြန့်ကြာပါတယ်၊
ဒါကြောင့်ပို စွမ်းရည်ပိုကောင်းတဲ့ Mac OS ကိုအသုံးပြုကြပါတယ်၊
အခုဇော်ဂျီ နဲ့ ဇော်ဂျီအဆင့်မြင့်ဗားရှင်းဖြစ်တဲ့ ယူနီကုဒ်လဲ ထိုနည်းလည်းကောင်းပါဘဲ၊ သုံးရပြုရပိုအဆင်ပြေပါလိမ့်မယ်၊ အခုအချိန်မှာ
အဆင်မပြေတာက သူ့ကိုလူသုံးနည်းတယ် ဆိုတော့ မတွင်ကျယ်သေးတာပါဘဲ၊ ဒါကတော့ ကိုယ်စသုံးရင် ကိုယ့်ဘေးပတ်ဝန်းကျင်တွေလဲ သတိထားမိပီး ပြောင်းသုံးကြမယ်ထင်ပါတယ်၊ ဒါပေမယ့် မသုံးကြပါဘူး ဘာလို့လဲဆိုတော့ ရလာမယ့် သူ့အကျိုးကျေးဇူးတွေကို မသိ၍သော်လည်းကောင်း အခုဒါလေးနဲ့သုံးလဲ က ကနေ အ အထိမြင်သေးတာပါဘဲကွာ ကိုယ်ပြောင်းသုံးလဲ သူများတွေမှာမပြောင်းတာ ကိုယ်ဘဲ အထီးကျန် ဆက်သွယ်မှုခက်ခဲတဲ့ ဒုက္ခဘဲ ခါးစီးခံရမယ်ဆိုတော့ မပြောင်းချင်ကြပါဘူး၊ အခမသင့် ရန်ဖြစ်ခံရပီး အသက်အန္တရာယ်ပါ ကြုံနိုင်ပါသေးတယ်😂 ဆိုတော့ မုန့်လုံးစက္ကူကပ်ဘဝနဲ့ဘဲ ဖြစ်သလိုလေး ဆက်သွားကြတာအများစုပါဘဲ၊
Apple က iOS 10 နှင့်အတူ ပိုပီးအဆင့်မြင့်တဲ့ မြန်မာစာလေးထည့်ပေးလာပါပီ၊ အခုမသုံးသေးတောင် နောင်ဆို မဖြစ်မနေသုံးရမှာပါဘဲ၊ အိုင်ဖုန်းတွေအဆင့်မြှင့်သလိုပါဘဲ အခုနေ ဟိုးအရင်သုံးခဲ့တဲ့ iphone 3 gs လေးလာပေးမယ် အခုသုံးနေတဲ့ အိုင်ဖုန်း ၆s ကိုဘဲ စွန့်ခွါမလား ဒါမှမဟုတ် စွန့်ခွါပီး iPhone 3GS တော့မသုံးဘူး
Iphone ၇ ဘဲ ဝယ်သုံးမလားကတော့ 😅အားလုံးမှာ မိမိဆုံးဖြတ်ချက်နဲ့ မိမိပါဘဲလို့လေ၊ ထူပီးလဲမတိုက်တွန်းချင်တော့ပါ၊
iOS 9 နဲ့ ပေတေပီး စောင့်သုံးသူများလဲ ရှိပါအုန်းမယ်၊ ကျွန်တော်တို့တွေ ဘယ်လောက်စောင့်နိုင်မလဲ နောင် iOS 11 12 13 တို့ကျရင် Apple က iOS 9 ကို software update မပေးတော့ရင် ဒါလဲ နောင်ခါလာနောင်ခါစျေးပါဘဲလို့လေ😂
ဘာဘဲဖြစ်ဖြစ်ပေါ့ အိုင်အိုအက်စ်၁၀ တင်ပီးရင် ချစ်သူလေးနဲ့ စာရိုက်ရခက်နေရင် စိတ်အားမငယ်ပါနဲ့ ကျွန်တော်တို့ page လေးကို ဝင်နေကျ မူရင်း Facebook apps လေးနဲ့လာကြည့်ပါ မြန်မာစာတွေ ခါတိုင်းလိုဘဲ မှန်မှန်ကန်ကန်လေးနဲ့ မြင်ရပါမယ်၊ zawgyi နဲ့ရေးထားတာတွေကလွဲပီးတော့ပေါ့လေ

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...