Skip to main content

Posts

Showing posts with the label mandalay

2019 အစ

2019 အစမှာ ရန်ကုန်ပြန်ရောက်တယ်။ ရောက်တာနဲ့ ရုံးကိစ္စတွေ လုပ် ပြီးတာနဲ့ နယ်က အိမ်လေးကို တန်းပြန်။အိမ်မှာ ၄ ရက်လောက်နေပြီး ပုဂံ ကိုသွားလည်။ ပုဂံမှာ ၃ ရက်နေပြီး အိမ်ကိုပြန်။ အိမ်မှာ ၄ ရက် နေပြီး ရန်ကုန်ကို ပြန်လာ။ ရန်ကုန်မှာ ၂ ရက်ပဲနေပြီး မန္တလေးကို ပြန်သွား။ မန္တလေးမှာ ၄ ရက်နေပြီး ရန်ကုန် ကို ပြန်လည်းရောက်ရော လူလည်း ဘုန်းဘုန်းကျ တော့တာပဲ။ ဒီတခေါက် ပုဂံ မှာ လျှောက်လည်ရတာ မပျော်သလိုပဲ။ အရင်လို မနက် sun rise ကို ဘုရားတွေပေါ် တက်ကြည့်ခွင့် မပေးတော့ဘူးလေ ။ အကုန် ပိတ်ပစ်လိုက်ပြီ။ တချို့ ဘုရား အသေးလေးတွေပေါ်တော့ တက်ကြည့်နေကြတာပါပဲ။ Tour Guide တွေလည်း ညည်းကြတယ်။ သူတို့ညည်းမယ်ဆိုလည်း ညည်းလောက်တယ်။January ဖြစ်တာတောင် အရင်လောက် နိူင်ငံခြားသားဧည့်သည်တွေ မတွေ့ရဘူးလေ။ ဘုရားတွေပေါ် တက်လို့မရတော့ ဘယ်ကနေ sun rise ကို ဓါတ်ပုံရိုက်ရမှန်းမသိ ဖြစ်နေတာနဲ့ တမနက်လုံး နေရာလိုက်ရှာတာနဲ့ နေသာ ထွက် သွားတယ် ဘယ်ကနေ ရိုက်ရမှန်း မသိလိုက်ဘူး။ နေထွက်ပြီးတော့မှ ဓမ္မရံကြီးဆီရောက်ပြီးမှ ဝရုန်းသုံးကား ဓါတ်ပုံ တစ်ပုံ ရိုက်ဖြစ်သွားတယ်။ ညနေကျတော့ ဗူးဘုရား မှာ drone နဲ့ ရိုက်မယ်ဆိုပြီးထွက်လာ၊ ဘုရားရောက်တော့ အမှန်အကန် ဓါတ်ပုံတွေရ...