ဘာသာစကားတစ်ခုကို လေ့လာတဲ့ အခါမှာ အရေးအသားနဲ့ အသံရယ်လို့ရှိတယ်။ သေချာတာကတော့ အသံကသာ မူရင်းကျပါတယ်။ ပြီးတော့ သတိထားရမှာတစ်ခုက အသံနဲ့ အရေးထပ်တူကျဖို့ သိပ်မျှော်လင့်လို့မရဘူး။ အင်္ဂလိပ်စာမှာတောင်မှ အသံနဲ့ အရေးထပ်တူမကျတာတွေရှိပါတယ်။ ယူနီကုဒ်နဲ့ ပတ်သက်လာရင် သဝေထိုးနောက်ကရိုက်ရတာကို ရမယ်ရှာကြတယ်။ ယူနီကုဒ်မှာ အသံကို ဦးစားပေးထားတာ။ ဘာဖြစ်လို့လဲ ဆိုတော့ အသံက အရင်းမူလဖြစ်လို့ပါပဲ။ "မေ" ဆိုတဲ့ စကားလုံးကိုကြည့်ရအောင် မ နဲ့စတာလား သဝေထိုးနဲ့စတာလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမယ်ထင်သလဲ။ "မောင်" ဆိုတဲ့စကားလုံးကိုရော သဝေထိုးနဲ့စတာလား မ နဲ့စတာလား တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမလဲ။ အင်္ဂလိပ်လိုလဲ အသံလှယ်ကြည့်ရအောင်။ မေ = May >>> M မ နဲ့ ay အေ ပေါင်းပြီး မေလို့ အသံထွက်လာတာဖြစ်တယ်။ မောင် = Maung >>> M မ နဲ့ aung အောင် ဆိုတာ ပေါင်းပြီး မောင်လို့ အသံထွက်လာတာဖြစ်တယ်။ အင်္ဂလိပ်စာက ရိုးရှင်းတော့ မြင်သာတယ်။ မြန်မာစာလိုမျိုး ရှုပ်ထွေးတဲ့ အရေးအသားတွေမှာတော့ မြင်အောင်ပြဖို့ နည်းနည်းလေ့လာဖို့တော့ လိုတာပါပဲ။ နောက်တစ်ခု သတိပြုသင့်တာက မြန်မာသင်ပုန်းကြီးဆို
I keep all of my memos here.