Skip to main content

Posts

Showing posts from January, 2022

Movie File Size နှင့်ပတ်သက်သည့်အချက်အလက်များ

 Movie များ Download လုပ်ရာတွင် တချို့ Website များတွင် 4GB 4K Movie များရှိပြီး တချို့တွင် 20GB, 60GB စသဖြင့်အမျိုးမျိုးရှိနေသည်။ အဘယ်ကြောင့် Size ကွာရသနည်း အမေးများသဖြင့်  Movie File Size များနှင့်ပတ်သက်၍ သီးခြား Post တင်လိုက်ပါသည်။ "Movie File ဆိုင်ရာ အချက်အလက်များ" Post ၏ နောက်ဆက်တွဲဖြစ်ပါသည်။  ကျနော်တို့ Movie များ Download လုပ်ရာတွင် Movie File ၏ Size သည် အရေးကြီးသည့်အချက်ဖြစ်သည်။ File Size ကြည့်ပြီး Download လုပ်မလုပ် ကို ဆုံးဖြတ်ရတတ်သည်။ Internet Speed 10 Mbps တွင် Full Download ကျသည့် ပမာဏက တနာရီ 4.5 GB ခန့်ဖြစ်သည်။ Torrent မှ Download လုပ်ပါက Upload ပါ လုပ်ပေးနေသောကြောင့် တနာရီ 4GB လောက်သာရတတ်သည်။ ထို့ကြောင့် 10Mbps Internet Speed တွင် 10GB Movie Size အတွက် ၂ နာရီခွဲလောက်ကြာတတ်ပါသည်။ { အကြမ်းတွက်နည်းက [(File Size x 2.5) ÷ Speed] ဖြစ်သည်။ ဥပမာ 60 GB Movie ကို 24 Mbps Speed တွက်လျှင် [(60 x 2.5) ÷ 24 ] = 6.25 (၆ နာရီ ၁၅ မိနစ်) ခန့် ကြာမည် }။ Torrent တွင် Seeder နည်းပါက ပိုကြာမည်။  Movie File ကို Movie ၏ ရုပ်/အသံ အရည်အသွေး၊ File Size, Download လုပ်ရန်ကြာမည့်အချိန်နှင့်

Power Bank နဲ့ WIFI Router အားသွင်းကြိုး ပြဿနာ

အခုတလော မီးတွေပြတ်လာတော့ Power Bank တွေနဲ့ တွဲသုံးတဲ့ 5to12v ကြိုးတွေနဲ့ Power Bank  တွေနဲ့ တွဲသုံးကြတယ်။ တစ်ချို့ကလည်း အဆင်ပြေတယ်၊ တစ်ချို့ကလည်း အဆင်မပြေဘူး။ အဲဒါထက် Power Bank ရောင်းတဲ့ တစ်ချို့ တွေက သူတို့ Power Bank  က WiFi အတွက်သုံးလို့ရတယ်။ ကျန်တဲ့ဟာတွေက သုံးမရဘူး။ သူတို့ဟာက 6v,9v,12v တွေထွက်လို့ 12v ကြိုးနဲ့သုံးရင်ရရတယ်။ ကဖန်တဲ့ဟာတွေက 5v ပဲထွက်လို့ ကြိုးနဲ့တွဲသုံးလို့မရဘူး ဆိုပြီး ပြော ရောင်းလာကြတာ တွေ့နေရတယ်။ ပထမ က တစ်ဦးပဲ၊ နောက်ကြတော့ အတော်များလာတယ်။ မသိလို့ပဲ ပြောရောင်းလာတာလား၊ သိသိရက်နဲ့ပဲ ဂျင်းထည့်သလားတော့မသိပါဘူးဗျာ။ မေး - Power Bank တိုင်း 12v ကြိုးနဲ့ သုံးလို့ရလား။ ဖြေ - ရပါတယ်။                       မရပါဘူး။ မေး - ဟမ်ဘယ်လိုကြီးလဲ။ ဖြေ  - ရပါတယ် ဆိုတာ ခေတ်ပေါ် Power Bank တိုင်း 2.1A or 2A တစ်ပေါက်ပါကြတာများလို့ပါ။         မရ ပါဘူးဆိုတာ က ဂျင်း Power Bankတွေက  battery ကနေအစ USB output အထိ အဆုံး အကုန်ဂျင်း မို့လို့ပါ။ 2A ပါတယ်ဆိုပေမယ့် 1.5A လောက်ပဲ အများဆုံးထွက် တာကို 2ပေါက် parallel ထုတ်ထားပြီး 2Ax1, 1Ax1 ဆိုပြီး ရေးထားလို့ပါ။ မေး - ဒါဆို ဟို ဆိုင်တွေက ပြောတဲ့ သူတို့ ပါဝါ

AMP

 ဒီတခါ ဆေးထိုးသွားတာက ကိုအေးမင်းလတ်ပဲ။ ကိုယ့်ဟာကိုယ် DAP လေးကို IEM လေးနဲ့ တွဲပြီး နားထောင်နေတာ အကောင်း။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မိမှာ Amplifier ပါတာ ပိုကောင်းတယ်။ Fiio က ထုတ်တဲ့ Amp ရှိတယ်။ ဈေးလည်း မကြီးဘူး။ ဝယ်ပြီး စမ်းကြည့် လိုက်တဲ့။ ဝယ်ပြီးရင်လည်း ပြော သူ လာငှားမလို့တဲ့။ သူဆေးထိုးတာနဲ့ မြို့ထဲ ရောက်တော့ မနေနိုင် မထိုင်နိုင် ဝယ်မိပါလေရော။   DAP နဲ့ သီချင်းနားထောင်တာကိုပဲ Amp ပါတာနဲ့ မပါတာ အတော်ကို ကွာတယ်။ နဂိုကတည်းက sound stage ကျယ်ပါတယ် ဆိုတဲ့ နားကြပ်နဲ့ ကိုပဲ Amp ပါသွားတာနဲ့ ထပ်ပြီး stage ပိုကျယ်သွားတယ်။ Bass သံလည်း ပိုပြီး ကျစ်သွားတယ်။ Amp မပါရင် bass က ဖွယ်တယ်တယ် ကြီးလို့ ကို ခံစားလာရတော့တာပဲ။ သီချင်းဆိုတဲ့ အဆိုတော်ရဲ့ အသံကလည်း ပိုပြီး clear ဖြစ်သွားတယ် ကျွံထွက်လာတာတွေလည်း သိပ်မရှိတော့ဘူး။ သေးသေးလေးတွေ ကြိုက်တဲ့ ကျွန်တော့် Amp ကလည်း Amp လို့ မထင်ရအောင်ကိုပဲ သေးတယ်။ ခုနားထောင်ဖြစ်နေတာက ၂၀၀၀ ပြည့်နှစ်က ထွက်ခဲ့တဲ့ ACID ရဲ့ စတင်ခြင်း အခွေ။ အဲ့ အခွေကို အခု သေချာပြန်နားထောင်မှ သေချာကို တီးထား ဆိုထားတာကို သိတာပဲ။ ခုနောက်ပိုင်း နည်းပညာတွေ ဒီလောက် တိုးတက်နေတာတောင်မှ အတော် ဆိုးဆိုး Hip-H

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း

Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်။ အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။ SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။ SATA SSD  SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။ SSD တွေထဲမှာ SATA က စျေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။ M2 SSD M2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)  M2 ကို transfer protocol အနေနဲ့ M2 SATA SSD နဲ့ M2 NVMe SSD ဆိုပီး နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊  M2 SATA နဲ့ M2 NVMe ဘယ်လိုတွေကွာလည်း တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ။အ

WD HDD အမျိုးအစားများ

  Green HDD (အစိမ်းရောင် )က ဆူညံသံနည်းတယ်။ ဈေးလည်း သက်သာတယ်။ အိမ်သုံးအတွက်အဆင်ပြေတယ်။ အပူထုတ်တာ နည်းတယ်။သူက Eco Friendly လိုပါတင်စားခံရပါတယ်။Energy အကုန်သက်သာလို့ပါ။IntelliPower နည်းပညာကို သုံးထားပြီး Storage အများကြီး ထောက်ပံ့နိုင်ပါတယ်။ သူကတော့ 5400-7200RPM ကြားရှိပါတယ်ဗျ။အသံတိတ်အောင်လုပ်ထားလို့ Performance အရမ်းအကောင်းကြီးတော့မဟုတ်ဘူး။ သက်တမ်းကလည်း ပျမ်းမျှလောက်တော့ ခံပါတယ်။  Red HDD (အနီရောင် )ကတော့ NAS လို့ခေါ်တဲ့ Network Attached storage တွေမှာသုံးတာများပါတယ်။NAS တွေက 24နာရီ 7ရက်လုံး အမြဲ Run ရတာဖြစ်လို့ပါ။ Residential နဲ့ လုပ်ငန်းအလတ် လောက်တွေမှာသုံးကြပါတယ်။သူက Green HDD အတိုင်းပဲ အသံတိုးတယ်၊ ပါဝါစားသက်သာတယ်။ ဆက်တိုက် မနားမနေ အလုပ်လုပ်ဖို့ နေရာတွေမှာ သုံးတယ်။ Black HDD (အမဲရောင် )ကတော့။ Performance လည်းကောင်းတယ်။ cache မှာလည်းအပေါ်ကနှစ်ခုထက်များပါတယ်။သူကတော့ အမြင့်ထဲမှာပါလို့ Video editing ၊ 3D ဆွဲတာ ၊ Gaming တို့ Server တို့လိုPerformanace ကောင်းကောင်းလိုတဲ့ နေရာတွေ မှာသုံးတယ်။ Blue HDD (အပြာရောင် )က လည်း အိမ်သုံးအတွက်ပါဘဲ။သူက ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်ပါတယ်။7200Rpm အထ

Hide VPN icon on Android

 Android ဖုန်းတွေမှာ (ဖုန်းအားလုံးတော့ ရချင်မှရမယ်) status bar မှာပေါ်နေတဲ့ VPN icon လေး ဖျောက်ချင်ရင် - ကွန်ပျူတာနဲ့ချိတ်၊ adb ခေါ် adb shell settings put secure icon_blacklist ,vpn - ပြန်ဖော်ချင်ရင် adb shell settings put secure icon_blacklist ,

Facebook Private Video Downloader

 အခုနောက်ပိုင်း facebook မှာ private group ကနေ သင်တန်းလုပ်ပြီး စာသင်တာတွေ ရှိလာတယ်။ အဲ့ private group ထဲက video တွေကို download လုပ်တာကျ downloader တော်တော်များများ က အလုပ် မလုပ်ဘူး။ အဲ့တော့ download လုပ်လို့ ရတဲ့နည်း ရှာရတာပေါ့။ ဘာမှ တော့ မခက်ပါဘူး။ Browser ကနေ ဒီ link ကိုသွား https://snapsave.app/download-private-video https://pastedownload.com/facebook-private-downloader/ ပြီးရင် အပေါ်ဆုံး အကွက်မှာ download လုပ်ချင်တဲ့ video url ရိုက်ထည့်၊ ရိုက်ထည့်လိုက်တာနဲ့ ဒုတိယအကွက်မှာ စာတန်း တစ်ခု ပေါ်လာလိမ့်မယ်။ အဲ့စာတန်းကို copy ကူး၊ ( copy ဆိုတဲ့ ခလုတ်ကလေးလည်းပါတယ် )  copy ကူးပြီးရင် browser မှာ new tab ဖွင့်လိုက်။ copy ကူးလာတာ ကို paste လုပ်လိုက်၊ ပြီးရင် enter ခေါက်။ စာတွေ အများကြီး ပေါ်လာလိမ့်မယ်။ အဲ့စာတွေ အကုန်လုံးကို select မှတ်ပြီး copy ပြန်ကူး။ ပြီးရင် တတိယ အကွက်မှာ paste လုပ်လိုက်၊ ခဏစောင့်လိုက်၊ ပြီးရင် download ခလုတ်ကို နှိပ်လိုက်။ ပြီး ရင် လိုချင်တဲ့ video quality ကို ရွေးပြီး download လုပ်လိုက်ရင် ရပြီ။  တစ်ခုရှိတာက MacOS ရဲ့ safari က အဲ့အတွက် သုံးမရဘူး။ Chrome ဖြစ်ဖြစ် Firefox

မှာတမ်း

ငါ မရှိတော့ဘူး တွေးမိလိုက်ကတည်းက Digital footprint တွေ ချန်ထားဖို့ တွေးမိလိုက်တယ်။  မင်း ဖတ်ဖို့ blog မှာ စာတွေရေးမယ်။ မင်းနားထောင်ဖို့ ဂစ်တာတီး သီချင်းဆိုပြီး Youtube မှာ တင်မယ်။  မင်းကြည့်ဖို့ ဓါတ်ပုံတွေ ရိုက်မယ်။ မင်း မသိသေးတဲ့ ကွန်ပျူတာနဲ့ ပတ်သက်တာတွေ ငါ vlog လုပ်မယ်။   ငါ မင်းအတွက် အသက်ရှင်နေခဲ့တယ် ဆိုတာ မင်း သိရင် ရပါပြီ အချစ်ရယ်။  (တကယ်ဆို blog ကိုတောင် အလုပ်မအားတော့လို့ ပစ်ထားတာ ကြာပြီ။ မင်းလုပ်မှပဲ blog လေးကို ပြန်လှည့်ကြည့်မိတော့တာပဲ။ ဟဲဟဲ) 

အင်တာနက်ပေါ်က လိမ်နည်းများ

Digital ခေတ်မှာ ဘာတွေ trend ဖြစ်လဲ ဆိုတာကို မှီအောင် လိုက်ဖို့လိုပါလိမ့်မယ်။ Smart Phone တွေ ကို လူတိုင်းသုံးလာတဲ့ ခေတ်မှာ ကိုယ့် အန္တရာယ်ကို ကိုယ်တိုင် သိဖို့ လိုပါလိမ့်မယ်။ အရေးကြီးတာကတော့ သူများပြောတိုင်း မယုံဖို့ပါပဲ။ နောက်ပြီး ဘယ် app တွေကတော့ ဘာလုပ်တဲ့ app ဆိုတာ သိဖို့လည်း လိုပါလိမ့်မယ်။ သူများပြောတဲ့ app တိုင်း ကိုယ့်ဖုန်းထဲကို install လုပ်လိုက်တာက အတော်ကို ဆိုးတဲ့ အခြေအနေပါ။ အခု ကြားရမြင်ရတာ များလာတာကတော့ anydesk app နဲ့ ပိုက်ဆံလိမ်တာပါ။ လိမ် နည်းတွေကလည်း မရိုးရပါဘူး။ လူတွေ လိုချင်တာနဲ့ မျှားကြပြီးတော့ လိမ်ကြတာပါ။ လူဆိုတာလည်း အလကားရတယ် ဆိုတိုင်း လိုချင်ကြတာမျိုးပဲလေ။  Anydesk software ဆိုတာ remote desktop software ပါ။ Remote assistance လုပ်ဖို့ အတွက် သုံးတာပါ။ ဒီရောက်တော့မှ hack ဖို့ ငွေလိမ်ဖို့ သုံးနေကြတော့တာ။ anydesk ကို install ပြီးရင် ကိုယ့် ID ကို ဟိုဘက်က သိပြီး ကိုယ်က remote assistance ကို accept ပေးလိုက်မိရင် ကိုယ့်ဖုန်းမှာ ပေါ်နေတာတွေကို ဟိုဘက်လူက မြင်နေရပါတယ်။ ဆိုတော့ privacy အရဆိုရင်တော့ လုံးဝ မကောင်းတာ အမှန်ပါပဲ။ အဲ့တော့ ကိုယ့်ဖုန်းဆီ ရောက်လာမယ့် OTP sms တွေ ကို ဟိုဘ

တော်လှန်ရေးနဲ့ ကျွန်တော်

တော်လှန်ရေးကာလအတွင်း  Facebook လို social media ပေါ်မှာ phone ကလိ နေတဲ့ ပုံတင်တော့ ဘဲလေး က လာပြီး comment ပေးတယ်။ ဘဲကြီးပဲ အေးတယ်။ ဟိုဟာလုပ်လိုက် ဒီဟာ လုပ်လိုက်နဲ့ ဆိုပြီးတော့ပေါ့။ အဲ့တာနဲ့ ဟကောင်ရ social media ပေါ်က life က လူတွေကို ကိုယ်မြင်စေချင်သလို မြင်ရအောင် ဒီလို ပုံမျိုးတွေ တင်နေရတာဟ။ Social media မှာတော့ ဖြူစင်သူလေး ပါဆိုပြီး တင်ရတာပေါ့ မဟုတ်ဘူးလား။  တော်လှန်ရေးအတွင်း ဘာလုပ်ဖြစ်လဲ ဆိုတာ ပြောရရင် အများကြီးပဲ။ ပြောလို့ရရင်တောင် ခုချိန်မပြောသင့်သေးဘူးဆိုပြီး ငြိမ်နေရတာ။ သူများတွေလို social media မှာ တက်ကြွယ်တာတော့ ကျွန်တော်လည်း လုပ်တတ်တာပေါ့။  တော်လှန်ရေးကာလမှာ နေ့တိုင်း ငါ တော်လှန်ရေးအတွက် ကနေ့ ဘာလုပ်ပြီးပြီလဲ ဆိုတာပဲ တွေးတယ်။ ဘယ်နေရာက ပါရပါရ တော်လှန်ရေးအတွက်ပါတယ်။ စဖြစ်ခါစက နေ့တိုင်းနီးပါး ရေးဖြစ်တဲ့ စာတွေတောင် ခု ကိုယ်တိုင်မြေပြင်မှာ ဝင်ပါလာရတော့ မရေးနိုင်တော့ဘူး။ ရေးတော့ ရေးရဦးမယ်။ မရေးဖြစ်ရင် အကုန်လုံး မေ့ကုန်တော့မှာ။ Happy New Year ကို အရေးတော်ပုံ အောင်ရမည် လို့ ကြွေးကြော်တာ ကျွန်တော်တို့ တစ်နိုင်ငံတည်း ရှိမယ်ပဲ ထင်တယ်။  နှစ်သစ်မှာ တော်လှန်ရေးအောင်မြင်ဖို့ အတွက်ပဲ အာရုံစိုက်

စာပိုဒ်တချို့

 အပိုဒ် ၁ ပျော်ခဲ့ရတဲ့ နေ့တွေ မင်းမျက်လုံးတွေက အမြဲတမ်း အရည်လဲ့နေတယ်။ မင်းနှုတ်ခမ်းလေးတွေက အမြဲတမ်း ပိတ်ထားပြီး အံကြိတ်နေတတ်တယ်။  မင်းဆံပင်လေးတွေက အရှည်နဲ့ ပိုလိုက်တယ်။  အပိုဒ် ၂ ငိုခဲ့တဲ့ ညတွေ ငါဝန်ခံရမယ်ဆိုရင် မင်းကဗျာတွေ ခိုးဖတ်မိရင်း ငိုခဲ့တဲ့ ညတွေရှိခဲ့တယ်။ ဒီကဗျာတွေရေးရင်းလည်း ငါငိုနေခဲ့တယ် ဆိုတာသိတော့ ငါ့ကိုယ်တိုင် အံ့ဩနေခဲ့တယ်။ အပိုဒ် ၃  လွမ်းရတဲ့ ညတွေ ညတွေမှာ ခြေလှမ်းတွေက တက်ကြွနေတယ်။ နှစ်ယောက်အတူပြန်ကြတဲ့ လမ်းက ညတိုင်းမီးပျက်တယ်။ မင်းကိုယ်အလေးချိန်ထက် ငါ့ကျောပိုးအိတ်က ပိုလေးတယ်။ အပိုဒ် ၄ ဇာတ်သိမ်း ရုပ်ရှင်ဇာတ်ဝင်ခန်း တခန်းပေါ့။ မင်းသမီးက ပြောတယ်။ ရှင် ကျမကို ရရင်ရမယ် ကျမ နှလုံးသားကိုတော့ ရမှာ မဟုတ်ဘူး တဲ့။ ရုပ်ရှင်မဟုတ်တဲ့ ပစ္စုပ္ပန် မှာတော့ မင်းက ငါ့နှလုံးသားကို အပိုင်သိမ်းသွားခဲ့တယ်။  အပိုဒ် ၅ Post Credit  ငါက မင်းအတွက်မဟုတ်ခဲ့တာလေး တခုပဲ။

ကျွန်တော်တို့ နဲ့ သမိုင်းများ

 သမိုင်းဆိုတာ မအ အောင် သင်ရတာ လို့ လူတိုင်း ပြောကြတယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတဲ့သမိုင်းက အတုအညာတွေ။ ဆိုတော့ ကျွန်တော်တို့ အ ခဲ့ကြတယ်။ သမိုင်းအစစ်ကိုလည်း ဘယ်မှာ ရှာရမှန်းမသိခဲ့ကြဘူး။ သမိုင်း အစစ်ကို သိမှ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို သိမှ အရှိတရား ကို လက်ခံနိုင်လာမယ်။ ဘယ်သူတွေက ဘယ်လို ဆိုတာ သိလာမယ်။ အမှားတွေကို ထပ်မလုပ်မိအောင် တားနိုင်မယ်။ ဟိုတနေ့ကမှ ကျားပေါက်ရဲ့ podcast နားထောင်လိုက်ရသေးတယ်။ အဲ့ထဲမှာ ပြောထားသလိုပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံသမိုင်းကို မြန်မာလူမျိုးတွေ ရေးတာ မဖတ်နဲ့။ ကျန်တဲ့ သူတွေ ရေးတာဖတ်ရင် အတော် လေး လုံလောက်ပြီ ဆိုသလိုပဲ။ ခုဖြစ်နေတာတွေမှာ ကျွန်တော်တို့ကိုယ်တိုင်က သမိုင်းပဲ။ ဒီသမိုင်းကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ရေးခဲ့ပြီ။ ရှေ့ကလူတွေ ရေးခဲ့တဲ့ သမိုင်းကို စာမကျေခဲ့တဲ့ ကျွန်တော်တို့ က ကိုယ့်သမိုင်းကို ရေးတဲ့ အခါမှာ အမှားတွေ ပါလာတယ်။  ဆိုတော့ အခုလည်း အချိန် မနှောင်းသေးပါဘူး။ ကျွန်တော်တို့ စာ မကျေခဲ့တာတွေကို စာကျေအောင် အခု စာပြန်ဖတ်လို့ မှီပါသေးတယ်။  ခုဆို သမိုင်းက တပါတ်ပြန်လည်လာပြီလို့ ပြောလို့ရတယ်။ တပါတ်ပြန်လည်လာတာကိုပဲ ကျွန်တော်တို့က ပြီးခဲ့တဲ့ အတိတ်ကအတို

ဖုန်းနံပါတ်ပြောင်းရခြင်း

 ကနေ့ ညနေပိုင်းမှာ ဖုန်း နံပါတ်တခုက ဖုန်းဆက်တယ်။ ကို ____ လားတဲ့။ အကို့ ပိုက်ဆံအိတ်ကောက်ရလို့ ဖုန်းဆက်တာပါတဲ့။ အဲ့တာနဲ့ လန့်ပြီး လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကို ကြည့်တော့လည်း သူ့နေရာသူ ရှိနေတယ်။ အဲ့တာနဲ့ ဘယ်သူ့ကို မေးတာလဲ လို့ ပြန်မေးတော့ ကို ____ လို့ပြန်ဖြေတယ်။ အဲ့တာနဲ့ လူမှားနေတယ် ခင်ဗျ လို့ ပြန်ပြောတော့ သူက ဖုန်းနံပါတ်ရွတ်ပြတော့လည်း ကိုယ့်ဖုန်းနံပါတ်ပဲ။ ပြီးတော့မှ သူလည်း သိသွားတယ် ထင်တယ်။ ကိုဘဲဥ လား ဆိုပြီး မေးလာတယ်။ ဟုတ်တယ် ကိုဘဲဥ ပါလို့ ပြန်ပြောလိုက်တော့ သူက " ပိုက်ဆံအိတ်ပိုင်ရှင်က အကို့ဆီကို ပစ္စည်းပို့ထားတဲ့ တယောက်နေမှာ"တဲ့။ အိတ်ထဲက ဘောက်ချာမှာ ကိုဘဲဥ ဆိုတဲ့ နာမည်နဲ့ ကျွန်တော့်ဖုန်းနံပါတ်ရေးထားတာတွေ့လို့ ကျွန်တော့်ဆီ ဖုန်းဆက်လိုက်တာပါတဲ့။ အဲ့ကျမှာ သူပြောချင်တာ ကို ဇာတ်ရည်လည်သွားတော့တယ်။ မန္တလေးက ကျွန်တော့်ဆီကို ဆေးပစ္စည်းတွေပို့ပေးနေတဲ့ အဖွဲ့ရှိတယ်။ ဘယ်သူတွေလည်း ကျွန်တော်မသိဘူး။ ကျွန်တော်က သူတို့ပို့တာတွေ ထုတ်ပြီး ဟိုဘက်ကို ပြန်ပို့ရတာကိုး။ အဲ့လိုပို့တာမှာ ကားဂိတ်ကနေ ပေးတဲ့ ဘောက်ချာကို ပိုက်ဆံအိတ်ပိုင်ရှင်က ပိုက်ဆံအိတ်ထဲ သိမ်းထားပုံ ရတယ်။ အဲ့ဘောက်ချာလေးက ဖုန်းနံပါတ်ကို ကော