Skip to main content

Posts

Showing posts from 2021

Lumos Maxima

  Projector ဝယ်ပြီး home cinema လုပ်မယ် စိတ်ကူးနေတာ ကြာပြီ။ ပိုက်ဆံ မရှိလို့ မလုပ်နိုင်သေးတာ။ ခုကျ ငွေယားလေး ရှိတာနဲ့ projector တလုံး ဝယ်မယ် စိတ်ကူးယုံ ရှိသေး စလုံးက အသိအမ မပိုးက သူဝယ်ထားတာလေး ပိုစ့်တင်ထားတာ တွေ့လို့ သူ့ကို မေးပြီး သူဝယ်တဲ့ ဆီက လိုက်ဝယ်လိုက်တာ။ စလုံးမှာနေတဲ့ ဘော်ဒါတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ကိုဝယ်ခိုင်း၊ ပြီးမှ delivery နဲ့ ရန်ကုန်ကို ပို့ခိုင်းရတာ။ SG to YGN အိမ်အထိကို S$40 ကျတယ်။  မဝယ်ခင် lumosprojector.com ထဲ ဝင်ပြီးကြည့်တော့ Lumos Auroa နဲ့ Ray ဆိုပြီး ရှိတယ်။ Auroa က 1080P ရပြီး Ray က 720P ရတယ်။ ဈေးက  auroa က 100 S$ ပိုများတယ်။ Projector  ၂ မျိုးစလုံးမှာ smart နဲ့ normal ဆိုပြီး ထပ်ကွဲတယ်။ Normal ကတော့ HDMI input ကနေပဲ ရုပ်ထွက်တယ် ၊ အလုပ်လုပ်တယ်ပေါ့။ Smart version က ကျ Android OS နဲ့ လာတယ်။ Netflix နဲ့ YouTube လည်း ပါပြီးသား။ Google Play Store လည်းပါတော့ တခြား Disney+ တို့ဘာတို့ လည်း ထပ်ထည့်လို့ရတယ်။ နောက်ပြီး Android Phone ကနေ Screen Mirroring ရတယ်။ iOS နဲ့ MacOS ကနေလည်း Air Play နဲ့ ရတယ်။ Spec တွေသိချင်ရင် သူ့ website ကိုသာ သွားကြည့်။ အဲ့မှာ အကုန်ရေးထားတယ်။

အသက်ရှူရပ်တန့်သွားချိန်များ

 ကျွန်တော် လူတစ်ချို့ကို တွေ့ဖူးတယ်။ သူတို့လက်တွေမှာ ဓါးနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေနဲ့။ ဘာလို့ အဲ့လို လုပ်တာလဲ လို့ ကျွန်တော်သူတို့ကို မေးခဲ့ဖူးတယ်။ အရည်မရ အဖတ်မရ ကိုယ့်အသား အနာခံလို့ကွာ ဆိုပြီး ကျွန်တော်သူတို့ကို ပြောခဲ့ဖူးတယ်။ တစ်ယောက်ကတော့ ပြန်ဖြေခဲ့တယ်။ ဓါးနဲ့ မွှန်းတဲ့ ဒဏ်ရာက အဲ့အချိန်မှာ မနာဘူး၊ ရင်ဘတ်ထဲက ပိုနာတာတဲ့။ ဒါပေမယ့် အဲ့လို ဓါးနဲ့ မွှန်းလိုက်တော့မှ ရင်ဘတ်ထဲက အနာကို မေ့သွားတာ တဲ့။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့် အသိတစ်ယောက်က ကျွန်တော့်ကို စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားသင့်နေပြီလို့ လာပြောတယ်။ အင်း ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကျွန်တော်လည်း သွားသင့်နေပြီလို့တော့ ထင်တာပဲ။  တချို့အရာတွေကို ကျွန်တော် မခံစားနိုင်ဘူး။ The Godfather part 1 နဲ့ part 2 ကြည့်တယ်။ ကျွန်တော် part 3 ဆက်မကြည့်ရဲဘူး။ ခက်ဇော်ရဲ့ The Guys from Mandalay 1950s ကိုဖတ်တယ်။ တဝက်လောက်အရောက်မှာ ကျွန်တော် ဆက်မဖတ်နိုင်တော့ဘူး။ ညသန်းခေါင်ကျော် တစ်နေရာမှာ လှောင်ပိတ်မိနေတယ်။ လူရော အတွေးတွေရောပေါ့။

MacOS Bugs & Fix

macOS Big Sur တင်ပြီးတော့ double click မရဘူးဖြစ်နေရင် System Preference > Accessibility က Pointer Control ထဲက Double click speed ကို သွားလျော့ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။

CipherText

  အင်တာနက်ကဖြတ်တော့မယ်လို့ပဲ ပြောနေတုန်းရှိသေး နေ့လည် တနာရီမှာ ဖြတ်သွားတယ်။ အဲ့တော့ sms ကနေ သတင်းဖလှယ်ဖို့ ကျတော့ ကြားဖြတ်ပြီး ကြည့်နေမှာကို စိုးရိမ်နေရတယ်။ အဲ့တာနဲ့ ဒီ app လေး ကို ကိုဇေယျ က လုပ်ပေးတယ်။ ဒီကောင်က စာတွေ ကို encrypt လုပ်ပေးတယ် decrypt လုပ်ပေးတယ်။ decrypt လုပ်ဖို့ key ကို သိမှ ရမယ်။ key ကို ကိုယ့်လူ အချင်းချင်း ကြိုပြောထားပေါ့။ Encrypt လုပ်မယ်ဆို အရင်ဆုံး key ထည့်၊ ပြီးရင် ရေးချင်တဲ့ စာကို ရေး၊ ပြီးရင် encrypt ခလုတ်ကို နှိပ်လိုက်ရင် ရပြီ။ encrypted လုပ်ပြီးသား text တွေကို auto copy လုပ်ပေးထားတယ်။ ပို့ချင်တဲ့ဆီ ( ဥပမာ SMS ) paste တန်းလုပ်ယုံပဲ။ SMS နဲ့ ပို့မယ်ဆို unlimited sms package နဲ့ မှ အဆင်ပြေမယ်။ ဒါပေမယ့် သတင်းအတွက်ဆိုတော့ စာကို လိုတိုရှင်းပို့တာ အဆင်ပိုပြေမယ်။ ဒီအတိုင်း စာ အရှည်ကြီးနဲ့ chatting လို ပို့နေလို့တော့ အဆင်မပြေဘူး။  Ooredoo ကတော့ sms 9 စောင် အထိ အရှည်ပို့လို့ရတယ်။ ကျန်တဲ့ operator တွေတော့ မရှိတော့ မစမ်းရလို့ မသိဘူး။ Click Here to Download

ဒစ်ဂျစ်တယ် စာအုပ်စင်

 Quarantine ဝင်နေရင်း အလုပ်မရှိ ပျင်းလာတာနဲ့ လက်ထဲလည်း ငွေယားလေး ရှိနေတုန်းဆိုပြီး အရင်ကတည်းက လုပ်ချင်နေတဲ့ မြန်မာ ebook တွေ အတွက် website လေး တစ်ခု လုပ်ဖြစ်သွားတယ်။ hosting ကတော့ Digital Ocean က တစ်လကို 5$ မို့ မတတ်နိုင်တာနဲ့ ကိုယ်တတ်နိုင်တဲ့ shared hosting မှာပဲ တင်ဖြစ်တယ်။ Hositng နဲ့ domain ဖိုးက တစ်နှစ်ကို ၆ သောင်း လောက်တော့ ကျသွားတယ်။ Web Dev ကတော့ ဘော်ဒါထဲက တစ်ယောက်ကို လည်ပင်းညှစ် ဈေးလျော့ခိုင်းပြီး လုပ်ခိုင်းရတော့တာပဲ။ လုပ်သာ လုပ်တာ လုပ်ချင်စိတ်တစ်ခုပဲ ရှိတာ အဲ့ဘက်က နည်းပညာတွေ အခေါ်အဝေါ်တွေ ကိုယ်တစ်ခုမှာ မသိဘူး နားမလည်ဘူး အကျွမ်းမဝင်ဘူးရယ်။ စစချင်းမှာပဲ host က redirct ပြဿနာတက်ပြီး ဝင် ရလိုက် မရလိုက်ဖြစ်လို့ အသိ web dev အကိုတွေကို အကူအညီတောင်းလိုက်ရသေးတယ်။ သူတို့ ကူညီပေးလိုက်မှ ပြန်ရသွားတယ်။  ဒီ website launch လုပ်ပြီး မကြာခင်မှာပဲ "အမတ နှင်းဆီ စာပေ" က စပြီး ပွဲဦးထွက် digital version နဲ့ စာအုပ်ရောင်းတယ်။ နောက်ဆို မြန်မာစာအုပ်တွေကို တရားဝင် digital version နဲ့ မြင်ရတော့မယ်။ ခုလို website လုပ်ရတာတောင် တကယ်တော့ copy right နဲ့ ငြိနေတယ် ဆိုတာ သိတော့ နည်းနည်းတော့ ကျောချမ်းတယ

နွေဦးတော်လှန်ရေး သတင်းစဉ်များ

 အရင်ကလို နွေဦးတော်လှန်ရေး သတင်းစဉ်တွေကို တစ်ပါတ်ကို post တခု တင်နေရင်းကနေ အလုပ်ရှုပ်လာတာကြောင့် post တစ်ခုတည်းပဲ ထားတော့မယ် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် သိမ်းထားတဲ့ MD file တွေကို ပဲ ဒီ post မှာ လာတင်မယ် update လုပ်တော့မယ်။ တစ်ပါတ်စာကို MD file တခုပေါ့။ နဂိုကတည်းက သတင်းစဉ်တွေက ဖတ်ဖို့ ဆိုတာထက် သိမ်းဖို့ ကို ဦးစားပေးခဲ့တာမို့ရယ်၊ နောက်ပြီး ဖတ်တဲ့ သူလည်း သိပ်မရှိဘူး ထင်လို့ ခုလို လုပ်လိုက်တာပါ။ ကျွန်တော် md file တွေကို Google drive ပေါ် တင်ထားပါတယ်။ အဲ့ကနေ သွားယူလို့ရပါတယ်။ Google Drive Link

နားဇိမ်ခံခြင်း

I.E.M ဝယ်ချင်နေတာ ကြာပြီ။ ဘာလို့ ဝယ်ချင်လဲ ဆို တော့ ဘာမှန်း မသိလို့ ဝယ်ချင်နေတာ။ အဲ့လိုနဲ့ မနှစ်က မွေးနေ့မှာ ကိုယ့်ဟာကိုယ် လက်ဆောင်ပြန်ဝယ် ပေးလိုက်တယ်။ ဝယ်တော့လည်း ဘာအမျိုးအစားဝယ်ရမယ်လည်း မသိဘူး။ ဘာက ဘယ်လို ရှိတယ်ဆိုတာလည်း မသိဘူး။ အဲ့တာနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေ amount ထဲက ဈေးအနည်းဆုံးဟာ ကို ရွေးဝယ်မိလိုက်တယ်။ I.E.M ဝယ်ရင်း မထူးပါဘူးလေဆိုပြီး D.A.P ( Digital Audio Player ) ပါ ဝယ်ဖြစ်သွားတယ်။ ဟိုး ပြီးခဲ့တဲ့ နှစ်တွေကတည်းက Sony Walkman လေး လိုချင်နေတာ ပိုက်ဆံ မရှိတာနဲ့ မဝယ်ဖြစ်တာရော၊ နိုင်ငံခြားကနေ ဝယ်ပြီး သယ်လာပေးမယ့် သူ မရှိတာရော နဲ့ မဝယ် ဖြစ်ခဲ့ဘူး။ အဲ့တာနဲ့ပဲ Fiio M6 နဲ့ Fiio FD1 အတွဲ ကို ဝယ်ဖြစ်သွားတယ်ပေါ့။ သောတအာရုံကို စာနဲ့ ရေးပြရတာ အတော်တော့ မလွယ်ဘူးရယ်။ ဒီကောင်တွေနဲ့ သီချင်းနားထောင်ရင် သီချင်းတွေကို အီဆောင့်နေအောင် နားထောင်ရတာပေါ့ လို့ပဲ ပြောနိုင်တယ်။ လုံးဝ အနှစ်အရသာ အပြည့်ကို နားထောင်ရတာမျိုးပေါ့။ ဒီကောင်တွေနဲ့ နားထောင်ပြီးရင် ကျန်တဲ့ ဖုန်းနဲ့ နားထောင်တာတို့ ဘာတို့က အတော်ကို ပေါ့သွားတာ။ ပေါ့သွားတယ် ဆိုတာထက် ဘာမှ ကို မတူတော့တာ။  M6 ကို သေးတယ် ပြောတော့ ကျွန်တော် ပထမဆုံး ဝယ်ခဲ့တဲ့ ဖ

Wireless file transfer between PC & Android

Android ဖုန်းနဲ့ Mac OS ချိတ်ပြီး ဖိုင်တွေ အရွေ့အပြောင်းလုပ်ရတာ အတော် တိုင်ပတ်တာ။ Android က ထုတ်ပေးထားတဲ့ Android file transfer က လည်း တခါတလေ ကြောင်တောင်တောင်နဲ့ battery က စားသေးတယ်။ ပြီးတော့ ကြိုးတန်းလန်းနဲ့ Thunderbolt 2    ပေါက်တည်းပါတဲ့ macbook နဲ့ တွေ့တော့ အတော်ကို အဆင်မပြေတာတွေပေါ့။ အဲ့တာနဲ့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း ဒါလေးကို သွားတွေ့တယ်။ သုံးကြည့်တော့လည်း အတော် အဆင်ပြေတယ်။ MacOS မှ မဟုတ်ဘူး။ တကယ်တော့ ဘယ် Desktop OS နဲ့ မဆို ရတယ်။ Window, Linux လည်း ရတာပဲ။ Click Here to download for Android Android ဖုန်းမှာ app ထည့်လိုက် ပြီးရင် အလယ်က ခလုတ်ကို နှိပ်လိုက်။ ပြီးရင် သူပြထားတဲ့ address ကို safari မှာ ရိုက်လိုက်တာနဲ့ wireless file transfer လုပ်လို့ရပြီ။ ကြိုးနဲ့ ထက်တောင် ပိုမြန်သေးတယ်။ Android File Transfer မှာ ဆိုရင် ပုံတွေ ကို thumbnail တောင် မမြင်ရဘူး။ ဒီမှာ မြင်ရတယ်။ Transfer speed ကလည်း ကြိုးနဲ့ထက်ကို ပိုမြန်တယ်လို့ ခံစားရတယ်။ ကြိုးနဲ့ file transfer လုပ်ရင် တခါတလေ ရပ်ရပ်သွားတာတွေ ရှိတယ်။

မွန်ကီးဘုတ် For PC

 PC အတွက် မွန်စာ ရိုက်စရာ ရှိလို့ လိုက်ရှာရင်းတွေ့တာလေး ပြန်မျှပေးထားတာပါ။ Window နဲ့ Mac အတွက်ပါ။ Linux အတွက် တွေ့ရင် ထပ်မျှပေးပါဦးမယ်။ YouTube က video မှာ ပါတဲ့အတိုင်း install လုပ်ယုံပါပဲ။ file တွေကိုလည်း description မှာ ပေးထားပါတယ်။ Aug-31,2020 up dated ပလေဝ်လဝ်တၟိ သ္ပ install စမ်ရံၚ်ညိ။   #Mac Link #သွက်Window 10  Link  #တင်ဟွံပြေပြံင်တံဂှ် သ္ပလဝ် commend မာန်ရောင်၊ ဟွံသေင်မ္ဂး ပလံင်လိက်ကဵု gmail မာန်ရောင်။

The abandoned cities

 ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ရန်ကုန်ဟာ မြို့ပျက်ကြီး တစ်ခုဖြစ်သွားခဲ့ပြီ။ အရာရာဟာ ခြောက်သွေ့၊ လမ်းမပေါ်မှာ ကားတွေတချို့နဲ့ မီးပွိုင့်မှာ ဈေးရောင်းတဲ့ ကလေးတချို့ပဲ ရှိတယ်။ ရုံးပိတ်ရက်ဆိုရင် စည်ကားတဲ့ မြန်မာပလာဇာ မှာကိုပဲ ဝါဆိုလပြည့်နေ့ ကြီး လူ မရှိပဲ ခြောက်ကပ်နေတယ်။ City Mart မှာလည်း လူတွေ panic buying လုပ်နေကြတာ အများကြီးပဲ။ ပိုက်ဆံရှိလူတန်းစားတွေပဲ နင်းကန်ဝယ်နေကြတာ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေကျတော့ ဝယ်စရာ ပိုက်ဆံကို မရှိလို့ ဘာတွေ ဝယ်စား ဘယ်လို နေကြသလဲ လို့ စိတ်ပူနေမိတယ်။ အလုပ်တွေလည်း ပိတ်ထားကြရတယ်။ ကိုဗစ်နှိပ်စက်လို့ ကိုဗစ်မကူးရင်တော်ပါပြီ ဝင်ငွေမရှိလည်း နေနိုင်ပါတယ် ဖြစ်ကုန်ကြတယ်။ နေ့စား အလုပ်သမားတွေ အများကြီး ( အများကြီး ဆိုမှ အများကြီး ) အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့တွေလည်း ထွက်ခွာသွားကြတော့ အဲ့ကနေ အလုပ်လက်မဲ့ဖြစ်တဲ့ နှုန်းကလည်း မြင့်တက်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်။ နိုင်ငံခြား company တွေကလည်း ထွက်ကုန်ကြတော့ အဲ့မှာ အလုပ်လုပ်တဲ့သူတွေကလည်း မြန်မာနိုင်ငံက ထွက်ဖို့ပြင်နေကြပြီ။ ပိုင်ဆိုင်မှု့တွေ များလာလေ စွန့်လွှတ်နိုင်ဖို့ ကြောက်

Canon EOS M50 Review

 Review ဆိုတာထက် ကိုယ်တိုင်သုံးပြီး အတွေ့အကြုံကို ပြန် မျှဝေတာ လို့ ပြောရင် ပိုမှန်မယ်။ M50 က ကျွန်တော့်ရဲ့ တတိယမြောက် Digital camera ပါ။ ကျွန်တော် mirrorless ပဲ ကိုင်ခဲ့တာပါ။ ပထမဆုံးက Canon EOS M3 ပါ။ ဒုတိယက Fujiflim XT 20 ပါ။ T20 က တော့ ကျွန်တော်ဝယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း ဗလကြီး ဟာပါ။ သူမရိုက်ဖြစ်လို့ ကျွန်တော်ယူထားပြီး ကျွန်တော်ပဲ ရိုက်နေဖြစ်သွားတာပါ။ M3 ကနေ M50 ပြောင်းဖို့ သိပ်မစဉ်းစားလိုက်ရပါဘူး။ M3 ကို တစ်နှစ်ကျော် ကိုင်ပြီးတဲ့ အခါ အားနည်းချက် ကို သွားတွေ့ပါတယ်။ EVF ( Electrical Viewfinder ) မပါတာပါ။ EVF က နေပူထဲ ရိုက်တဲ့ အခါ မရှိမဖြစ်ကို လိုပါတယ်။ နောက်တစ်ချက်က Digit 8 ဖြစ်သွားတာပါ။ ပြီးတော့ M50 ကို အကြိုက်ဆုံးက Touch foucs ပါပဲ။ View finder ကို မျက်နှာကပ်လိုက်တဲ့အခါ နောက်က LCD panel က trackpad လို ဖြစ်သွားပြီး foucs point ကို လိုက်ရွေ့လို့ရတာပါ။ M50 ရဲ့ မကောင်းတဲ့ အချက်တွေကတော့ dial က တစ်ခုတည်းပါတာပါ။ M3 မှာ dial က ၂ ခုပါပါတယ်။ ပြီးတော့ body က plastic ဖြစ်နေတာပါ။ M3 က metal body နဲ့ ပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အကုန် အဆင်ပြေပါတယ်။ သေးသေးလေး ဖြစ်တာကတော့ ပြောစရာမ

နေဝင်ချိန်များ

 ဒီရက်ပိုင်း နေဝင်တာကို ထိုင်ကြည့်ဖြစ်တယ်။ တပါတ်လုံး ဆိုပါတော့။ နေဝင်တာ က စောတယ် နောက်ကျတယ် မရှိဘူး။ သူ့အချိန်ရောက်တာနဲ့ ဝင်သွားတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာတော့ နေဝင်ချိန်မရောက်သေးပဲ နေဝင်ကုန်ကြပြီ။ လူတွေလည်း နေဝင်ကုန်ကြပြီ။ နိုင်ငံတော်လည်း နေဝင်သွားပြီ။  Failed state ဆိုတာ နိုင်ငံ တခုရဲ့ နေဝင်ချိန်ပဲ မဟုတ်လား။ ( ၁၇/ဇူလိုင်/၂၀၂၁ ကော့သောင်း ) Social media ပေါ်မှာ အားတင်းထားပါ၊ ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ ဘယ်လောက် အော်အော် ၊ တကယ် လက်တွေ့မှာ ကိုယ်နဲ့ ပတ်သတ်နေတဲ့သူတွေ၊ ကိုယ့် ခင်မင်ရာ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေ တယောက်ပြီး တယောက် ဆုံးသွားတဲ့ သတင်းတွေကို နေ့စဉ် ကြားလာရတဲ့ အခါမှာ ငါတို့ထဲက ငါတို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာတဲ့ အခါမှာ လူလည်း ယိုင်နဲ့နဲ့ ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ physically ဘယ်လောက် strong ဖြစ်ပါတယ် ပြောပြော mentally အနေနဲ့ လူတွေ က ယိုယွင်းလာကြတယ်။ Mentel health ဆိုတာက ဒီဘက်ခေတ်မှာမှ မြန်မာမှာ ဆေးခန်းတွေဖွင့် ကျ၊ ဆေးခန်းပြကြ ဖြစ်လာတာ။ စိတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့ပြတယ်ဆိုတာ သိပ်ပြီး အလေ့အကျင့်မဖြစ်သေးဘူး။ ဒါတောင် ခုပြောနေတဲ့ စိတ်ကျန်းမာရေး အတွက် ဆေးခန်းတွေဆိုတာ ရန်က

IA နဲ့ AI

 IA အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်။ စိတ်ထဲ ရှိနေတာတော့ ကြာပြီပေါ့။ IA ဆိုတာ Facebook မှာ ရှိတဲ့ Instant Article တွေပေါ့။ IA က ဘာထူးခြားလဲဆိုတော့ facebook နဲ့ ချိတ်ထားတဲ့ website တွေကို ဖွင့်လိုက်တာနဲ့ browser နဲ့ ဖွင့်စရာ မလိုပဲ  instant ပွင့်သွားတာပေါ့။ မြန်လည်းမြန်တယ်။ စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးပေါ့။ Facebook app မှာ အောက်နားလေးမှာ မိုးကြိုးသွားလို ပုံစံလေးနဲ့ဟာဆို IA လို့ သတ်မှတ်လို့ရတယ်။  AI ကတော့ Artificial Intelligence ပေါ့။ ခုနောက်ပိုင်းမှာ လူတွေ ပိုပြီး သတိထားလာမိကြတဲ့ စကားလုံးပေါ့။ ကွန်ပျူတာဦးနှောက်လို့ တင်စားထားကြတယ်။ AI အကြောင်းသာ ပြောရရင် ပြီးမှာ မဟုတ်ဘူး။ ခုကိစ္စမှာတော့ AI က ဘယ်လို အလုပ်လုပ်သလဲ ဆိုတော့ ခင်ဗျား က facebook သုံးတယ်ပေါ့။ အဲ့ ခင်ဗျားက facebook မှာ ဘယ်လို post တွေကို အချိန်ပေးဖတ်သလဲ၊ ဘယ်လိုဟာတွေကို ဝယ်တတ်သလဲ၊ ရောင်းတတ်သလဲ၊ ဘယ်လို ကိစ္စတွေကို စိတ်ဝင်စားတတ်လဲ၊ ဘယ်လို post တွေမှာ ဘယ်လို comment တွေ ပေးတတ်သလဲ ဆိုတာ အမြဲလေ့လာစောင့်ကြည့်ပြီး သိမ်းဆည်းထားတယ်။ ပြီး ရင် ပြန်အသုံးချတယ်။ ဆိုပါတော့၊ ခင်ဗျားက ကား group တွေထဲ ဝင်ပြီး ကားအကြောင်းတွေလိုက်မေးတယ်။ post တင်

ဇူလိုင် ဒုတိယအပါတ် သတင်းစဉ်

 ၈.၇.၂၀၂၁ သူတို့စကား NUG အစိုးရက မြန်မာစစ်ခေါင်းဆောင်များကို ICC တရားရုံးမှ တစ်ဆင့် အရေးယူရန် လိုလားပြင်ဆင်နေဟု ကုလလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူပြောဆို စစ်အုပ်စုက ယနေ့ ပြည်သူကို အာဏာ ပြန်အပ်လျှင် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ရန် CDM ကျန်းမာရေးဝန်ထမ်းအားလုံး အလုပ်ပြန်ဆင်းမည်ဟု ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်ပြော NCA ရဲ့စံတန်ဖိုးတွေကို ဆက်လက်ကိုင်စွဲထားပေမယ့် စစ်ကောင်စီနဲ့ဆွေးနွေးသွားမှာမဟုတ်ဘူးဟု ခွန်ဥက္ကာဆို တရားဝင်အစိုးရ ကိုဗစ်ကာထိန်းကု ဖွဲ့ပြီ NUGက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်ကို ဖွဲ့စည်းလိုက် တိုက်ပွဲသတင်း ထားဝယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊စခကား ၅စီးလာ၊ ၂စီးမိုင်းခွဲ့ခံရ၊ အနည်းဆုံး ၅ ယောက်ခန့်သေ ရေဦးတွင် စစ်ကောင်စီ၏ ကင်းလှည့်ယာဉ်တန်းကို PDF ဝင်တိုက်၊ ရဲတစ်ဦးသေဆုံးပြီး PDF ဘက်မှလည်း တစ်ဦးကျဆုံး ထားဝယ်၊ ရောင်းမော်ရွာတွင် PDF များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား ယောပြည်သူ့ကာကွယ်ရေးတပ်မတော် လက်နက်နဲ့ ရိက္ခာလိုအပ်နေ သာရေး မြို့သစ်မြို့နယ်၊ ကိုရံ(တောင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကောင်း ဂျင်ကလိဖြင့် ၇ ချက် အပစ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ မင်းတ

ဇူလိုင် ပထမအပါတ် သတင်းစဉ်

၁.၇.၂၀၂၁ မြင်းခြံ မနေ့ညက ပြည်သူ ၁၅ ဦးခန့်အား စခများ အဓမ္မဖမ်းဆီးခဲ့ အနိမ့်ရွာအနီးတွင် ပြည်သူတစ်ဦးအား ဒလန်သတင်းမှားပေးမှုဖြင့် စခများပစ်ခတ်ဖမ်းဆီး၊ စစ်တပ်တွင် ကောင်းမွန်စွာရှိဟုသိရ ယနေ့ ကိုဗစ်ဖြင့် ပြည်သူတစ်ဦး အသက်ဆုံးပါးခဲ့ရ အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။ ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။ NUG မြန်မာစစ်တပ်ကို ကလေးသူငယ်တွေအပေါ်အခွင့်အရေးချိုးဖောက်တဲ့စစ်တပ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထည့်သွင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အမတ် ၁၅၀ ကျော် လက်မှတ်ထိုး သူတို့ပြောစကား အာဏာသိမ်းမှုကိုရှုတ်ချဖို့ပျက်ကွက်တာ ရှက်စရာကောင်းဟု အရှေ့တီမောသမ္မတဟောင်းပြော ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း အရင်ကတည်းက အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာမို့ အခုလို ပြန်လွတ်လာမှုအပေါ် ပြောစရာစကားမရှိဘူးလို့ ထောင်ကလွတ်လာသူပြော ယနေ့ ဟာဒယ နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ သတင်းရေးသားရာမှာ စစ်အစိုးရလို့ သုံးနှုန်းဖော်ပြပါက အရေးယူမယ်လို့ အာဏာသိမ်း