Skip to main content

Bo Bo Keyboard

ယူနီကုဒ်သုံးရင်း ဇော်ဂျီသုံးစွဲသူနဲ့
ဆက်သွယ်ရ ခက်ခဲလို့ ဆိုတဲ့
အကြောင်းပြချက်နဲ့ နောက်ပြန်လှည့်ချင်သူတွေအတွက်
ဒီကီးဘုတ်လေးကို
share လိုက်ပါတယ်။
ပထမဦးစွာ ဝန်ခံလိုတာက
ကီးဘုတ်ရဲ့ အဆင်အပြင်ဟာ
သိပ်ပြီး စွဲမက်စရာမကောင်းပဲ
မသပ်မရပ် ဖြစ်နေတယ်ဆိုတာပါပဲ။
ဆော့ဖ်ဝဲရေးသူဟာ
pro တစ်ယောက် မဟုတ်တာ သိရင်
ဒီအပြစ်လောက်ကိုတော့
ခွင့်လွှတ်နိုင်ကောင်းပါရဲ့လို့
တွေးမိလို့ ခုလို Share လိုက်မိပါတယ်။
ဒီကီးဘုတ်လေး ရေးစဥ်က
အခြားသူများကို share ဖို့
မစဥ်းစားမိပါဘူး။
ဘာကြောင့်လဲဆိုတော့
ဖုန်းဆော့ဖ်ဝဲ ရေးဖူးတဲ့ သူတိုင်းလိုလို
ကီးဘုတ်တစ်ခုတော့ ရေးကြည့်ဖူးကြပါတယ်။
အဲ့ဒိလို ရေးဖူးတဲ့သူတွေထဲမှာ
ကိုယ်လည်း အပါအဝင်ဖြစ်လာတော့
ကိုယ်ရဲ့ကီးဘုတ်ဟာ ဘာမျှမထူးခြားပဲ
share မလုပ်ချင်ပါဘူး။
ကိုယ်တိုင် သုံးကြည့်တဲ့အခါ
ကျနော့်အတွက် အင်မတန်အသုံးဝင်နေပါတယ်။
အစားအသောက်ကောင်းကောင်း
စားမိတဲ့အခါ ချစ်ခင်မြတ်နိုးသူကို
ကျွေးချင်တဲ့ ဆန္ဒပေါ်လာသလို၊
စာအုပ်ကောင်းတစ်အုပ် ဖတ်မိတဲ့အခါ
မိတ်ဆွေရင်းချာကို ပေးဖတ်ချင်စိတ်
ပေါ်လာသလို၊
ဒီကီးဘုတ်လေး သုံးမိတဲ့အခါ
အခြားသော ကျနော့်လို
အသုံးတည့်မယ့်သူတွေအတွက်
share ချင်လာမိပါတယ်။
*"ဘာအသုံးတည့်နေလို့လဲ"
ကျနော့်လို အပျင်းထူတဲ့သူတွေ
အကြိုက်တွေ့စေရပါမယ်။
ကျနော်က အင်မတန် အပျင်းထူပါတယ်။
ယူနီကုဒ်သုံးတဲ့အခါ ဇော်ဂျီသုံးသူတွေနဲ့
ဆက်သွယ်ချင်ရင် ကွန်ဗာတာတွေကို
သုံးပြီး ဆက်သွယ်ရပါတယ်။
copyလုပ် pasteလုပ် convert လုပ်
copy ထပ်လုပ် paste ထပ်လုပ်
အဲ့ဒိလို အဆင့်ဆင့် လုပ်နေရတာတွေကို
အင်မတန် ပျင်းပါတယ်။
ဒါကြောင့်
one touch နဲ့ ပြေလည်စေမယ့်
နည်းလမ်းမျိုးကို
[software မရေးဖူးခင် ကတည်းက]
အလွန်ပဲ တမ်းတမိပါတယ်။
ဒါနဲ့ပဲ ပထမဦးစွာ
one touch နဲ့ ဇော်ဂျီမှ ယူနီကုဒ်ကို
ပြောင်းပြီး ပြတဲ့
Unicode Assistance လေးကို
ရေးခဲ့တာ unicode သုံးစွဲသူများအတွက်
အထိုက်အလျောက် အသုံးတည့်ခဲ့ပါတယ်။
အဲ ဒါပေမယ့်
ဇော်ဂျီသုံးစွဲသူဆီ စာပြန်ပို့ရင်တော့
အလုပ်နည်းနည်း ရှုပ်မြဲပါပဲ။
ခု ဒီကီးဘုတ်လေးက
အဲ့ဒိ အရှုပ်ကို ကျော်လွှားနိုင်ပါပြီ။
ယူနီကုဒ်နဲ့ ရိုက်ပြီး ဇော်ဂျီနဲ့ပို့ချင် ပို့
ဇော်ဂျီနဲ့ ရိုက်ပြီး ယူနီကုဒ်နဲ့ပို့ချင် ပို့
one touch ပါပဲ။
သုံးစွဲသူအဖို့ ခလုပ်တစ်ချက်ပဲ နှိပ်ရုံပါပဲ။
ဒါကြောင့်မို့ ကျနော့်လို အပျင်းထူတဲ့သူတွေ၊
ယူနီကုဒ်သုံးရင်း ဇော်ဂျီသုံးစွဲသူနဲ့
ဆက်သွယ်ရ ခက်ခဲလို့ ဆိုတဲ့
အကြောင်းပြချက်နဲ့ နောက်ပြန်လှည့်ချင်သူတွေအတွက်
အသုံးတည့်ပါလိမ့်မယ်။
"အရေးကြီးသော အားသာချက်"
android က ကော်ပီကူးတဲ့အခါ
စာလုံးရေ အကန့်အသတ်တစ်ခုရှိတဲ့ အတွက်
copy/paste လုပ်ပြီး convert လုပ်တဲ့အခါ
စာလုံးအရေအတွက်များတဲ့ text တွေမှာ
စာသားအားလုံး မပါလာပဲ
နောက်ပိုင်းများ ပြတ်ကျန်ခဲ့တာဟာ
အင်မတန် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
ဒီဒုက္ခကို ယခင် Unicode Assistance ရော၊
ယခု Bo Bo Keyboard လေးကရော၊
ဖြေရှင်းပေးနိုင်ပါတယ်။
Unicode Assistance လေးက
စာသားတွေ ဘယ်လောက်ပဲ များများ
popup လေးနဲ့ ပြနိုင်ခဲ့ပါတယ်။
နောက်ပိုင်းတွေ ပြတ်မကျန်ခဲ့ပါဘူး။
အခု ဒီကီးဘုတ်လေးကလည်း
ရိုက်ထားတဲ့စာတွေ
ဘယ်လောက်ပဲများများ
နောက်ပိုင်းတွေ ပြတ်မကျန်တော့ပါဘူး။
copy/paste လုပ်ဖို့မလိုတဲ့အတွက်
အဲဒိအားသာချက်ရှိပါတယ်။
ကျနော်ကိုယ်တိုင်
စာလုံးရေ ၁၁၂၀ ကျော်ရှိတဲ့
( A4 ၆ မျက်နှာ )
စာတွေကို ရိုက်ကြည့်ပြီး
convert လုပ်ကြည့်တာ
အောင်မြင်ပါတယ်။
"ဘာတွေ အားနည်းသလဲ"
အားနည်းချက်တွေ အများကြီးပါ။
pro keyboard တွေကို
မမှီနိုင်တဲ့ အားနည်းချက်တွေ
အများကြီးပဲ ရှိပါတယ်။
အဲ့ဒိအားနည်းချက်တွေကို
feed back လေးတွေ ရတဲ့အခါ
တတ်နိုင်သမျှ ပြင်ပြီး
update လုပ်ပါမယ်။
"ဘာတွေ ကြိုးစားထားသလဲ"
ယူနီကုဒ်အတွက် သဝေထိုးအရင်ရိုက်စနစ်
ထည့်ထားပါတယ်။
ဇော်ဂျီအတွက်
ရရစ် ရွေးဖို့မလိုခြင်း၊
လုံးဆင့်ရှာရိုက်ဖို့ မလိုခြင်း၊
english အတွက်
double tab ဖြင့် capital letter ရိုက်နိုင်ခြင်း၊
space bar ကို နှစ်ချက်နှိပ်၍
နောက်ပြန် ဖျက်နိုင်ခြင်း စသဖြင့်
အတတ်နိုင်ဆုံး ကြိုးစားပြီး
ရေးဆွဲထားပါတယ်။
ကျေးဇူးပြု၍ စမ်းသပ်ပြီး သုံးကြည့်ပါ။
အကြံပြုပေးပါ။
software ရေးသူတစ်ယောက်အနေနဲ့ မဟုတ်ပဲ
သုံးစွဲသူတစ်ယောက်အနေနဲ့
share လိုက်ပါတယ်။
ဒီကီးဘုတ်လေးဟာ
မြန်မာတစ်နိုင်ငံလုံး
ယူနီကုဒ် ပြောင်းလဲသုံးစွဲနိုင်ရေး
လှုပ်ရှားမှုအတွက်
အုတ်တစ်ချပ် သဲတစ်ပွင့်
ဖြစ်ခွင့်ရမယ်ဆိုရင် အရမ်းပဲ ဂုဏ်ယူမိမှာပါ။
ဒီကီးဘုတ်လေး ရေးဖို့အတွက်
ဆရာ Waifer Kolar ရဲ့
သင်ခန်းစာတွေကို သေသေချာချာ
လိုက်လုပ်ကြည့်ခဲ့ရပါတယ်။
ဆရာ Waifer Kolar ကို
credit ပေးပါတယ်။
https://www.dropbox.com/s/03zihe986q4yx4g/Bo%20Bo%20Keyboard_1.0.apk?dl=0

Comments

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...