နွေဦးဒိုင်ယာရီ (၅)

ဇွန် ၁ ရက်နေ့။ မော်လမြိုင်က ချောင်းဆုံ တံတားကို အရင် NLD လက်ထက်က ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးထားတာကနေ ချောင်းဆုံတံတားလို့ နာမည်ပြောင်းပြီး စစ်သူပုန်တွေက ဆိုင်းဘုတ်ဖွင့်ပွဲတွေ ဘာတွေပါလုပ်တယ်။ မနေ့ကပဲ စစ်သူပုန်တွေက အပစ်အခတ်ရပ်တယ် ပြောတယ်။ ကနေ့ ဒီမော့ဆိုမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတယ်။ ပူတာအို လေဆိပ်ကို KIA က ဝင် ပစ်တယ်။ ဒီမော့ဆို ကုန်းသာရွာ မှာ စစ်ခွေး အယောက် ၈၀ ကျော် ကျသွားလို့ အညှိုးနဲ့ ပစ်နေတာလို့ ပြောကြတယ်။ ကရင်ပြည်နယ် ဖလူးမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေရတယ်။ ကယားပြည်နယ် တချို့ မြို့တွေမှာ စားသောက်ကုန်တွေ ပြတ်ကုန်ပြီး ဆန်တစ်အိတ်ကို တသိန်း အထိ ဖြစ်သွားတယ်။ NUG က အခြေခံပညာမှာ ကျောင်းမတက်နဲ့ ပြောနေယုံတင်မကပဲ Online Education ကို လုပ်ဖို့ စီစဉ်နေတယ်။ အင်တာနက် မရတဲ့ ကလေးတွေအတွက်လည်း တခြားနည်းနဲ့ လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ Online Education Portal ကို မကြာခင် launch လုပ်မယ်လို့ မျှော်လင့်ရတာပဲ။ တပြိုင်နက်တည်းမှာပဲ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကရင်ပညာရေးကောလိပ်ကျောင်းတွေ စ ဖွင့်တယ်။ အစိုးရကျောင်းတွေမှာလည်း ကျောင်း