ကနေ့ ပန်းချီပြပွဲတခုကို ရောက်ခဲ့တယ်။ တကူးတကသွားတာမဟုတ်ပဲ လမ်းကြုံလို့ ရောက်သွားတာ။ ပန်းချီကားတွေကို မကြည့်တတ်ပါဘူး။ ခံလည်း မခံစားတတ်ဘူး။ ဒီအတိုင်းခေါ်လို့ ရောက်သွားတာ။ အဲ့မှာ ပန်းချီကားတစ်ချပ် ကို Title ပေးထားတာလေးတွေ့မိတော့ အသံထွက်ပြီး သဘောကျမိတယ်။ နာမည်က "မင်းလဲမင်း ငါလဲငါ" တဲ့။ တကယ်ဗျာ။ ငါ့ကိုများ တည့်တည့်ကြီးပြောနေသလားပေါ့။ တကယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ကိစ္စမှာ ဘယ်သူမှ မမှားခဲ့ကြဘူးလို့ ကျွန်တော်က အခုထိ ယုံကြည်နေတုန်း။ ဘယ်သူမှ မမှားခဲ့ကြပေမယ့်လည်း နှလုံးသားနဲ့ ဦးနှောက် စီးချင်းထိုးတဲ့ပွဲမှာ ကျွန်တော် ရှုံးရတာပေါ့ မဟုတ်လား။ ခုမှ သတိရလို့ ပြက္ခဒိန်ကို ကြည့်လိုက်မိတော့ စက်တင်ဘာလဆိုတာ သတိရသွားတယ်။ စက်တင်ဘာလရောက်တိုင်း Green Day ရဲ့ Wake me up when september ends ကို ဂစ်တာတီးပြီး ဆိုနေကျ။ ဒီနှစ်တော့ ငါ့ကို မနှိုးကြနဲ့တော့။ ငါ ဒီ စက်တင်ဘာလကုန်ရင်တော့ မနိုးသော အိပ်ခြင်းနဲ့ အိပ်ပြီပဲ လို့ ကြွေးကြော်မိလိုက်တော့တာပဲ။ စက်တင်ဘာလကုန်တာနဲ့အတူ သူမလည်း ပြန်မလာနိုင်တဲ့နေရာကို ထွက်သွားခဲ့ပြီပဲ။ Hey Googel Play a song ဆိုပြီး ပြောလိုက်မိတော့ Spotify ကနေ သီချင်းတစ်ပုဒ် အသံထွက်လာတယ်။ I'm