Mi Book Air 12.5 hackintosh

Hackintosh လုပ်မယ် လုပ်မယ်နဲ့ အတော်ကြာသွားတယ်။ MacOS ရှိရင် ပိုလွယ်တယ်။ မရှိရင် Window ကနေ OSX ကို downloader နဲ့ ဆွဲပေါ့။ Window အတွက်ကတော့ မူရင်းပိုစ့်မှာ ရေးထားတယ်။ ကျွန်တော်ကတော့ window အတွက် မရေးတော့ဘူး။ အရင်ဆုံး ကိုယ်တင်ချင်တဲ့ OSX ကို bootable USB installer လုပ်ရမယ်။ Apple website မှာ အသေးစိတ်ရေးထားတယ်။ အဲ့အတိုင်း လိုက်လုပ်လိုက််။ မလုပ်ခင် bootable လုပ််မယ့် USB drive ကို OSX မှာ ပါတဲ့ disk utiltity နဲ့ Format ရိုက်ရပါမယ်။ Name ကို လွယ်တာပေးလိုက်ပေါ့။ Format က MacOS Extended (Juournaled) ကို ရွေးပေးပါ။ Schema မှာ GUID partation table ကို ရွေးပြီး မှ format ရိုက်ပါ။ https://support.apple.com/en-us/HT201372 အပေါ်က Apple website မှာရေးထားသလို OSX installer ကို download လုပ်ပြီး USB Drive ကို တပ်၊ ready ဖြစ်ပြီဆိုရင် သူပေးတဲ့ command ကို terminal မှာ ရိုက်လိုက်ယုံပဲ။ သတိထားရမှာက နောက်ဆုံးမှာ ပါတဲ့ MyVolume ဆိုတဲ့ နေရာမှာ စောန usb drive ကို format ရိုက်တုန်းက ပေးခဲ့တဲ့ နာမည်ကို ထည့်ပေးရမှာပါ။ (ကျွန်တော့်တုန်းက အဲ့တာ ရွာလည်သွားလိုက်သေးလို့) ပြီးရင် ဒီကနေ နောက်ဆုံး version ကို downloa