Skip to main content

Posts

Showing posts from May, 2019

Ebook Format တွေ အကြောင်း

ယနေ့ခေတ်မှာလူတွေဟာ e-bookတွေကိုအရင်ကထက်ပိုပြီးတော့ စိတ်ဝင်တစားဖတ်လာကြပါတယ်။ စျေးသက်သာတာရယ် သယ်ဆောင်ရတာလွယ်တာရယ်ကြောင့်ပဲ e-bookတွေဟာ အမေရိကန်စာအုပ်စျေးကွက်ရဲ့၃၀ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ဒါဟာ သတင်းကောင်းကြီးချည်းပဲတော့မဟုတ်ပါဘူး။ MP3 ဖိုင်အမျိုးအစားတွေလိုမျိုး တွေ့တဲ့music playerနဲ့ဖွင့်လို့မရတဲ့ e-booksတွေက တင်းကြပ်တဲ့ကုမ္ပဏီမူပိုင်ခွင့်အနေနဲ့ရော၊ တခြားအခမဲ့သုံးလို့ရတဲ့ ဖိုင်အမျိုးအစားတွေအနေနဲ့ပါ ရှိနေခဲ့တာပါ။ ဒါထက်ပိုပြီးရှုပ်ထွေးတာကတော့ e-readersတွေအကုန်လုံးက e-bookဖိုင်အမျိုးအစားတွေအကုန်လုံးကိုမဖတ်နိုင်ပါဘူး။ ဒီဆောင်းပါးမှာ လူသိများတဲ့ ဖိုင်အမျိုးအစားတွေအကြောင်းရယ်၊ သူတို့ရဲ့အားသာချက် အားနည်းချက်တွေရယ်နဲ့ ဘယ်e-readerက ဘယ်လိုဖိုင်အမျိုးအစားနဲ့ကိုက်ညီမှုရှိသလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။ ၁။ EPUB EPUB ဆိုတာ အခုနောက်ပိုင်းမှာ အကျယ်ပြန့်ဆုံးသုံးလာတဲ့ ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာဒီဂျီတယ်ပုံနှိပ်ဖိုရမ်  (လတ်တလောမှာတော့ World Wide Web (www) အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့အပိုင်းတစ်ခုပါ) ကနေစတင်ပေါက်ဖွားလာခဲ့တဲ့ EPUBဟာ ၂ဝဝ၇ခုနှစ်မှာ လွတ်လပ်စွာအခမဲ့အသုံ

Unicode Fonts and Tools Collection

Fonts Angoun Black Census Chatu ChatuLight Cherry Unicode Gantgaw Kamjing-2 Khyay Kuttar Masterpiece Uni Round Masterpiece Uni Sans Mon3 Anonta 1 Myanmar3 MyanmarSquareLight MyanmarYinmar Myanmar Sans Pro Myanmar Text NamKhone Unicode Nayone Nijaun NK SSmart2 NK SSmart3 NK SSmart4 Noto Sans Myanmar Noto Sans Myanmar UI - Regular Noto Sans Myanmar UI - Bold Noto Serif Myanmar Padauk Pauklay Phetsot Phiksel PhikselSmooth Ponenyet Sabae Sagar Sanpya Square Tagu Thanlwin Tharlon Thuriya Warso Yangon YoeYar Hybrid fonts ZawDecode Browser Extensions Google Chrome Magic Button - Generates zawgyi and unicode versions of your facebook status. MyanmarFontTagger - Use both Zawgyi-One and Unicode at the same time when you browse the web. Tagu - Detect and font embed zawgyi and unicode. ZUZ - Online/Offline Zawgyi <> Unicode text converter app for Chrome. oneclick-fontchanger - Let you switch between two (configurable) fon

Google AR walk

Google Map

LensBaby Trio

Lensbaby ကို စတွေ့ကတည်းကသဘောကျပေမယ့် ဝယ်ဖို့ ပိုက်ဆံမတတ်နိူင်တာရော online ကဝယ်မှပဲ ရတာကြောင့်ရော ဘယ်mount အတွက်ဝယ်ရမယ်မှန်းဆုံးဖြတ်လို့မရတာကြောင့်ရော မဝယ်ဖြစ်ခဲ့ဘူး။ အဲ့ဒါနဲ့ ခုကျတော့ အမတစ်ယောက်က သူ့ဆီမှာ lens တစ်ခု အပိုရှိနေတယ်။ သူက canon ပဲကိုင်တာ ဆိုတော့ သူလည်း မသုံး ၊ကျွန်တော့်မှာ fujifilm xt20 ရှိမှန်း သိသွားတော့ x mount နဲ့ lens အပိုကို ကျွန်တော့်ကို လက်ဆောင် ပေးလိုက်တာနဲ့ အတော်ပဲ    ဖြစ်သွားရော။ Lensbaby trio ဆိုတဲ့အတိုင်း sweet, valvet နဲ့ twist သုံးခုစလုံးကို lens တစ် ခုထဲမှာသုံးလို့ရအောင် လုပ်ပေးထားတာပါ။ Fuji xt20 မှာ တပ်သုံးတာဆိုတော့ fuji ရဲ့ film simulation တွေနဲ့ ပေါင်းသုံးလိုက်တော့ အတိုင်းထက်အလွန်ပေါ့။ Fuji မှာ တပ်သုံးဖို့ အရင်ဆုံး auto focus ကို manual ကို ပြောင်းရပါတယ်။ နောက်ပြီးတော့ setting ထဲမှာ shoot without lens ကို on ပေးရပါမယ်။ ပြီးရင် manual focus ဖြစ်တဲ့အတွက် focus peak ကို ဖွင့်ပေးရပါမယ်။ ကျွန်တော်ကတော့ Red ကိုပဲ သုံးပါတယ်။ ( Focus peak ဆိုတာ lens က manual focus ဖြစ်တဲ့အတွက် ဘယ်နေရာကို focus ဖြတ်တယ်ဆိုတာ သိဖို့အတွက် focus ဖြတ်တဲ့ နေရာကို အနီရောင်နဲ့ ပြပေးတ

Android Q နှင့် မြန်မာစာ

အရင်ဆုံး သိထားရမှာက ဖုန်းတွေ၊ ကွန်ပျူတာတွေပေါ်က မြန်မာစာကို ရေးတာနဲ့ ဖတ်တာ ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ ဖတ်ဖို့က ZawgyiOne.ttf တို့ Pyidaungsu.ttf တို့လို font ဖိုင်တွေရှိမှ၊ သွင်းထားမှ ဖတ်လို့ရပါမယ်။ ရေးဖို့ကတော့ Frozen တို့ Bagan တို့၊ Manic တို့ GBoard တို့ TTKeyboard တို့လို Keyboard App တွေ လိုပါတယ်။ အခုပြောမယ့် ဟာတွေ ဖတ်ဖို့ သင့်ဆီမှာ ဇော်ဂျီနဲ့ ယူနီကုဒ် ကွာခြားပုံကို အနည်းအကျဉ်း သိထားမယ်လို့ ယုံကြည်ပါတယ်။ အခုတလော ဂယက်ရိုက်နေတာက Android နဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Android Q မှာ ဇော်ဂျီ အထောက်အပံ့ပေးပြီ ဆိုတဲ့ ကိစ္စပါပဲ။ Android Q မှာ ပါတဲ့ ဖောင့် Android 5.0 (Lollipop) ကနေစပြီးတော့ မြန်မာ ယူနီကုဒ်ဖောင့် တစ်ခုကို Google က သူတို့ကိုယ်တိုင် ရေးပြီး ထည့်သွင်းခဲ့ပါတယ်။ အဲဒါကတော့ Noto Sans Myanmar ဖောင့်ပါ။ အခု Android 10 (Q) မှာတော့ ဘယ်သူ ချွန်လိုက်တယ် မသိ၊ Noto Sans Manmar ZawDecode ဖောင့်ဆိုပြီးတော့ ပြောင်းပြီး ပါလာပါတယ်။ ZawDecode ဖောင့် ဆိုတာ ဘာလဲ ဇော်ဒီကုဒ် ဆိုတာ ဇော်ဂျီရော၊ ယူနီကုဒ်ပါ နှစ်မျိုး စလုံးကို တစ်နေရာထဲမှာ၊ ဖောင့်တစ်ခုထဲနဲ့ ဖတ်လို့ရအောင် လုပ်ထားတဲ့ ဖောင့်ပါ။ သူနဲ