Skip to main content

Posts

Showing posts from 2017

Mi A1 နဲ့ မြန်မာစာ

မင်္ဂလာပါ MiA1 နဲ့ ပတ်သက်ပြီး တွေ့နေရတာတွေများလို့ post အနေနဲ့ရေးလိုက်တာပါ။ တစ်ယောက်ချင်းကို လိုက်ပြောနေတာ မပြီးတော့လို့ပိုစ်ရေးလိုက်တာပါ။MiA1 က Xiaomi နဲ့ Google ပူးပေါင်းပြီးထုတ်တဲ့ ဖုန်းပါ။ ပုံမှန်ဖုန်းတွေလို MIUI မဟုတ်ပဲနဲ့ Google ရဲ့ Pure Android လို့ခေါ်တဲ့ ဘာမှ အလှပြင်ထား ဆင်ထားတာမရှိတဲ့ android စစ်စစ် နဲ့ run ထားတဲ့ Android One ဖုန်းပါ။ Android version အသစ်ထွက်ရင် Android One ဖုန်းတွေက အရင်ဆုံး update ရတာပါ။ပြီးမှကျန်တဲ့ဖုန်းတွေကရတာပါ ။ Pure Android တိုင်း Default Myanmar Font က Unicode Font ဖြစ်တဲ့ Google NotoSan Myanmar font ပါပါတယ်။ အဲ့ဒါကို မြန်မာနိူင်ငံမှာက လူသုံးများတဲ့ ဇော်ဂျီ font ကို ထည့်ပြီးသုံးတဲ့အခါ System Update မရ ဖြစ်ကုန်ကြတာပါ။ဘာလို့မရသလဲဆိုတော့ ဇော်ဂျီfont ထည့်ဖို့ bootloader unlock လုပ်ပြီး TWRP recovery ထည့်ရပါတယ်။ အဲ့ဒီလိုထည့်လိုက်တဲ့အခါ System recovery ကို TWRP က replace လုပ်လိုက်တဲ့အတွက် system update လုပ်လို့မရဖြစ်သွားတာပါ။ အဲ့သလို system update fail ပြနေရင် full rom ကို PC ကနေတင်မှပဲရတော့မှာပါ။ ပြောလက်စနဲ့ ဆက်ပြောလိုက်ပါဦးမယ်။ ဘာလို့ Android One

Myanmar Unicode Tool V2

Unicode ကိုစတင်အသုံးပြုမည့် သူများအတွက်ရော၊ အသုံးပြုနေသူအတွက်ပါ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ Tool ဖြစ်ပါတယ်။ ယခင် Version က Feedback တွေကို ပြန်ပြင်ထားပါတယ်။ Unicode ကို စတင်အသုံးပြုမည့် သူများအတွက် လိုအပ်မယ့် Software အစုံကို ထည့်သွင်းပေးထားပါတယ်။ Install လုပ်နည်းနှင့် ရှင်းလင်းချက်များပါ ထည့်သွင်းပေးထားပါတယ်။ မည်သည့် Software Version ကို မည်သည့် Windows အတွက် အသုံးပြုသင့်သည်ကို အကြံပြုချက်များပါ ထည့်သွင်းပေးထားတာကြောင့် Beginner များအတွက် အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။ Unicode စာရိုက်နည်း အညွှန်းများကိုလည်း ထည့်ပေးထားပါတယ်။ Unicode ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ လိုအပ်တာတွေကို အခက်အခဲမရှိ ရရှိနိုင်အောင်၊ Computer တစ်ခုလုံးကို Unicode ပြောင်းလဲ အသုံးပြုနိုင်တဲ့အဆင့်ထိ လိုအပ်တဲ့ Software တွေကို သေချာစိစစ်ပြီး ထည့်သွင်းပေးထားတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ပါဝင်တဲ့ Feature တွေကတော့      - Beginner Guide      - Net Framework 3.5      - KeyMagic (2 Version)      - KeyMan (2 Version with Keyboard Plugin)      - Converter (4 Version)      - Dictionary (Can use both Uni

ပါဌ်ဆင့် အသတ် ကင်းစီး🔹

''အင်း ... မြန်မာစာဆရာကြီးကို ကတ်သီးကတ်သတ် မေးသလိုများဖြစ်နေ မလားမသိဘူး။ မေးစရာတစ်ခု ပေါ်လာလို့ကွ'' ''ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့''  အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောေ သာကလေး ပြောလိုက်သည်။ ''သြော် ...ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ ''တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ''ဆိုတဲ့နေ့နာမည် တွေက စာလုံး အပေါ်မှာ ငသတ်သေးသေး ကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါ သူငယ်ချင်းရာ။ အဲဒီလို အ ပေါ်မှာမတင်ဘဲ ဟောဒီလိုရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ'' သူငယ်ချင်းက ပြောပြောဆိုဆို စာရွက် တစ်ရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ ''တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ''... တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး ''ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း သိချင်ပါတယ်။ ဆရာရှင်းပြပါ'' ဟု စာလာမေးသော တပည့်ကလေးများကပါ ထောက်ခံ ဆန္ဒပြုကြသည်။ ''ကဲ အဲဒီငသတ်သေးသေးကလေး အကြောင်းပြောရင်တော့ ပါဌ်ဆင့်လို့ခေါ်တဲ့ စာလုံးဆင့်တွေအကြောင်းက စပြော

ပုဂံနှစ်

ရောက်ပြန်ပါပြီ ပုဂံကို။ ဘယ်နခေါက်မှန်းတောင်မသိဘူး။ ခဏခဏ ရောက်တယ်။ ဒီတခေါက်တော့ တနေကုန် မိုးရွာနေတာနဲ့ ဘယ်မှမသွားလိုက်ရဘူး။ ဓါတ်ပုံလည်း ကောင်းကောင်းမရိုက်ရဘူး ။မရိုက်ရဘူးဆိုတာတောင် မင်းနန်သူရွာဘက်က ဘုရားသုံးဆူကို ရောက်သေးသဗျ။ အဲ့ဘုရားသုံးဆူမှာ နံရံဆေးရေးပန်းချီတွေ အများကြီးကျန်သေးတာပဲဗျ။ နောက်တခေါက်မှ သေချာသွားရိုက်ဦးမယ်။မြင်းကပါရွာ မြစေတီကျောက်စာဘုရားဘေးက ဂူပျောက်ကြီး မှာရော နံရံဆေးရေးပန်းချီတွေ ဝင်ကြည့်ခဲ့သေးတယ်။ တော်တော်လှတာပါဗျာ။ မိုးတွင်းဆိုတော့ တည်းခိုခန်းတွေ ဈေးချထားသဗျ။ တယောက်ခန်းမှ ၂ သောင်းပဲရှိတယ်။ ပုံမှန်ထပ် ၁ သောင်း ၁ သောင်းခွဲလောက်ကို ဈေးချထားတာ။ ဒီတခေါက် ဝက်ကြီးအင်းက ထိုင်းဆိုင်လေးမှာ စားဖြစ်တယ်။ ဈေးက ဟင်းတပွဲ ပျမ်းမျှ ၅ထောင် လောက်ပဲ ဆိုတော့ ဈေးသင့်တယ်။ လူ ၃ ယောက် ဟင်းသုံးပွဲ မှာစားရင် ၁သောင်းခွဲလောက်ကျမယ်။ Chief ကလည်း ထိုင်းChief။ ထိုင်းစာ ဆိုပေမယ့် အစပ်က အစပ်မစားတဲ့ ကျွန်တော် အသာလေးစားနိုင်တယ် ဆိုတော့ သိပ်မစပ်ဘူးပေါ့ဗျာ။ ဒီတခေါက်  ပြသာဒ်ကြီးဘုရားကို  ရောက်တော့တာပဲ။ တော်တော်ကြီး ပြင်ဆင်ခဲ့ရတဲ့ ဘုရားပါ။မပြိုအောင် တော်တော်ထိန်းသိမ်းခဲ့ရပါတယ်။

Yi နဲ့ ကိုဝေ

Xiaomi ရဲ့ Yi Action Cam လေး ဝယ်ထားတာ ၂ နှစ်လောက်ရှိပြီ။ကိုယ်က အားကစားသမားမဟုတ်တော့ action အတွက်မသုံးပဲ Time lapse နဲ့ Wide view ရိုက်ဖို့အတွက်ပဲ သုံးမိနေတယ်။ Time lapse ရိုက်ဖို့အလွယ် function ပါတော့ တန်းရိုက်လို့ရတယ်။ Yi 4K တော့ လိုချင်ပေမယ့် ပိုက်ဆံမရှိလို့မဝယ်နိူင်သေးဘူး။ Yi ကတော့ ပေးရတာနဲ့ ရတာတန်တဲ့ action cam ပါ။ 100$ နဲ့ ဒီလောက်ရိုက်လို့ရတာ တော်တော်လေး အဆင်ပြေပါတယ်။ စကားမစပ် ပုဂံမှာ နေဝင်တာကိုကြည့်တာ လောကနန္ဒာ ဘုရားကနေပဲ ကြည့်ဖြစ်တယ်။ တုရင်တောင် ထဲကို နေဝင်သွားတာရယ် ၊ ဧရာဝတီမြစ်ကြီးပေါ်ကို နေရောင်ဖြာကျတာရယ်၊ အဲ့ဒီကကြည့်တိုင်း တိမ်တွေရဲ့ Cloud Zoo ကိုကြည့်ရတဲ့ အရသာရယ်ကြောင့် လောကနန္ဒာကနေပဲ ကြည့်ဖြစ်တာများတယ်။ ဆောင်းတွင်းကြည့်မယ်ဆိုရင်တော့  ဘူးဘုရားနားမှာ စက်လှေတွေကို ၁၅၀၀၀ လောက်နဲ့ ငှားပြီး ဧရာဝတီမြစ်ထဲကနေ ကြည့်ရတဲ့ အရသာလည်း တစ်မျိုးပေါ့။ နေမဝင်ခင်ကတည်းက စက်လှေထွက်ပေးပြီး နေဝင်ပြီးမှ စက်လှေက ကမ်းကိုပြန်ကပ်တာပါ။ လူ၅ ယောက်လောက်ဆို တန်တယ်လို့ပြောလို့ရတယ်။

ကျွန်တော်နဲ့ ပုဂံ

ဒီနှစ် 2017က ပုဂံ နှစ်လို့  ပြောလို့ရတယ်။ June လပဲရှိသေးတယ်။ ဒါနဲ့ဆို ဒီနှစ်ထဲ ပုဂံရောက်တာ ၆ ခါရှိပြီ။ တစ်ခေါက်ရောက်တိုင်း အသစ်တွေတွေ့တယ် ( လည်စရာ  ပတ်စရာ နေရာအသစ်ကိုပြောတာနော် ) အရင်တစ်ခေါက်က မင်းနန်သူရွာဘက် ရောက်တယ်။ ဒီတစ်ခေါက် တော့ အချိန်ပေးပြီး 360° ရိုက်ဦးမှ ဆိုပြီး ဓမ္မရံကြီးကို သေသေချာချာ နေ့တစ်ပိုင်း အချိန်ပေးပြီးတော့ ဓါတ်ပုံရိုက်ဖြစ်တယ်။ အမှတ်တရကတော့ ရိုက်နေရင်း လေတွေ တအားတိုက်လာပြီး tripod ပေါ်ကနေ ကင်မရာပြုတ်ကျတာပဲ။ ကင်မရာ  lens တစ်ခု ကျွက်ပြီး အပြင်ထွက်လာတော့တာပဲ။ မနည်း အထဲရောက်အောင်ပြန်ထည့်ပြီး ဆက်ရိုက်လိုက်ရတယ်။ နောက်ထပ်အမှတ်တရကတော့ အဲ့ဒီတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ Bagan Photo Festival ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်လိုက်တာ ဆုရသွားတာပဲ။ :D

EF M 55-200 Lens ဝယ်လာတဲ့ ကိုဝေ

Tele Lens ဝယ်ဖို့စဉ်းစားနေတာ ကြာပြီ။EF S ပဲယူရမလား EF M ပဲယူရမလား တွေဝေနေတာ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး သေးသေးလေးတွေမှကြိုက်တတ်တဲ့ ကိုယ့်ထုံးစံအတိုင်း EF Mပဲယူဖြစ်သွားတယ်။ Zoom lens နဲ့ portrait ရိုက်ရတာလည်း အရသာတစ်မျိုးပဲဆိုတာ Zoom lens နဲ့ စရိုက်ဖူးမှသိတယ်။ EF M 55-200မှာ IS ရော STM ရောပါတာမို့ တော်တော် အဆင်ပြေပါတယ်။ EF S ထက်တော့ 50$ လောက် ပိုပေးရပေမယ့် ပေးရတဲ့ဈေးနဲ့ ရတဲ့ quality နဲ့ တော်တော်တန်တယ်လို့ ပြောလို့ရတယ်။EF S နဲ့ဆိုရင် lens mount adapter နဲ့တပ်ပြီးရိုက်ရတော့ body သေးသေးလေးကို Lens အကြီးကြီးတပ်ရိုက်ထားတော့ မလှမပကြီးဖြစ်နေတယ်။EF M လေးနဲ့ကျတော့ Zoom lens သာဖြစ်တာ အရှည်က လက်တစ်ထွာတောင်မပြည့်ဘူး။Body သေးသေး lens သေးသေးနဲ့ ဘယ်လိုချစ်စရာကောင်းမှန်းကိုမသိတာ။ဟဲဟဲ။ ရှေ့လျှောက် street ရိုက်ဖို့ အဆင်ပြေသွားတာပေါ့။ တကယ် Lens ဝယ်ဖို့စဉ်းစားတဲ့အခါ STM ရော ISရောပါတာဝယ်သင့်တယ်လို့ ထင်တယ်။ STM မပါရင် Mirrorless မှာ autofocus တော်တော်ကြာတယ်။ အစကတော့ STM မလိုပါဘူးကွာ။ Manual ပဲ focus ဖြတ်မယ်ဆိုပြီး ဈေးချိုတာပဲဝယ်မယ်ကွာဆိုပြီး စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် တကယ်ရိုက်တဲ့အခါ STM က မပါမဖြစ် လ

ဝိရာမ

ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် (် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရပါသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရပါသည်။ ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်ပါသည်။ ဘာကို သတ်သနည်း? သရသံကို သတ်ပါသည်။ ဘာသရကို သတ်သနည်း? 'အ' သရသံကို သတ်ပါသည်။ မည်သည့် 'အ'သရကို သတ်သနည်း? ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ' သရကို သတ်ခြင်း ဖြစ်ပါသည်။ ဗျည်းအတွင်း တိမ်မြုပ်နေသော'အ' မြန်မာအပါအဝင် ဗြဟ္မီပွားအက္ခရာများ၏ ထူးခြားသော ဝိသေသတစ်ခုမှာ 'အ' သည် ဗျည်းများအတွင်း တိမ်မြုပ်နေခြင်းဖြစ်ပါသည်။ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဗျည်းသည် ကိုယ်ပိုင်အသံ မထုတ်နိုင်၊ သရ တစ်ခုခုနှင့်ပေါင်းမှသာ အသံထွက်နိုင်ပါသည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော မြန်မာဗျည်းများကို ရွတ်ဆိုကြည့်ပါက အသံပြည့်ထွက်နိုင်သည်ကို တွေ့ရပါမည်။ အကြောင်းမှာ ဗျည်းများ အတွင်း 'အ' သရ ပေါင်းစပ်ထားပြီး ဖြစ်သောကြေ

ရန်ကုန်နဲ့ စာအုပ်ဆိုင်

ကိုဝေ ရန်ကုန်စရောက်တော့ တအားသဘောကျတာ။ကိုယ်ကြိုက်တဲ့ စာအုပ် အဟောင်းတွေကို လမ်းဘေးဆိုင်လေးတွေမှာ ၂၀၀  လောက်နဲ့ ဝယ်လို့ရတာကိုး။ အဲ့တုန်းက အပြင်ထွက်တာနဲ့  အရင်ဆုံး စာအုပ်အဟောင်းဆိုင်ရှာပြီး စာအုပ်ဝယ်တာပဲ။ ခုတော့ လူတွေကစာဖတ်နည်းသွားကြပြီ လို့ထင်တယ်။ အင်တာနက်ပေါ်မှာရှာဖတ်လို့ရနေတာလည်း ပါမှာပေါ့။ ဒါပေမယ့် အင်တာနက်ကစာနဲ့ စာအုပ်ကစာနဲ့ မတူဘူးလို့ခံစားရတယ်။ internet က knowledge ကို ဦးစားပေးပြီးဖတ်လို့ရတယ် လို့ထင်တယ်။ ရသ စာပေကတော့ စာအုပ်တွေမှာပဲ ရနိူင်တယ်။ ဘယ်လောက်ပဲ ebook reader တွေ ရှိနေပါစေ။ စာအုပ်နဲ့ ဖတ်ရတဲ့ အရသာက တစ်မျိုးထူးတယ်။ စာရွက်တစ်ရွက်ချင်းလှန်ရတာကိုက  အရသာကိုးဗျ။

အင်းဝသို့

မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက်  ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို  ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။

Myanmar Unicode Tool

Unicode ကို အခုမှစသုံးမယ့် သူတွေအတွက် Tool လေးတစ်ခုလုပ်ထားပါတယ်။ Unicode သုံးရာမှာ လိုအပ်တဲ့ Tool တွေအားလုံးကို စုပေးထားတာဖြစ်တဲ့အတွက် ဒီ Tool လေးရှိနေရင် Unicode သုံးဖို့ တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါဘူး။ Tool ထဲမှာ ပါတာတွေကတော့ - KeyMagic 1.5 (Windows 7 နှင့် 8 အတွက်) - KeyMagic 2.0 (Windows 10 အတွက်) - KeyMan 6.2 (Windows 7 အတွက်) - KeyMan 9.0 (Windows 8 နှင့် 10 အတွက်) - Zawgyi <=> Unicode Font Conventer - Unicode နှင့် Zawgyi နှစ်မျိုးလုံးသုံးနိုင်တဲ့ Eng<=>Mya<=>Eng Dictionary - File Name တွေအားလုံးကို Unicode to Zawgyi, Zawgyi to Unicode ပြောင်းပေးနိုင်တဲ့ File Name Changer - Windows 8 နှင့် 10 အတွက် System Fonts Changer (Fonts မမှန်တာတွေအတွက် သုံးနိုင်ပါတယ်) - Unicode Fonts များစုစည်းမှု - Office 13 နှင့်အထက်မှာ Myanmar3 အဆင်ပြေဖို့အတွက် Myanmar3 Multi OS Font တို့ထည့်သွင်းပေးထားပါတယ်။ Portable Version လုပ်ထားပေးတာမို့ Install လုပ်စရာမလိုပါ။ သက်ဆိုင်ရာ Tools များအတွက် Developer များကို Credit ပေးပါတယ်။ Download   Ye Kyaw Kyaw Min

ထိုးခြင်း၊ ရစ်ခြင်း

မြန်မာ ယူနီကုဒ်ဖေါင့်မှာ ဘာလို့နောက်မှ သဝေထိုးရတာတုံးတို့၊ ဘာလို့နောက်မှ ယရစ်က ရစ်ရတာတုံးတို့ ဘူနေကြတယ်၊ဘယ် လိုထိုးထိုးရစ်ရစ်၊ ဖတ်လို့ရရင်ပြီးတာပဲ၊ခက်ထာက လက်ကွက် ပြဿနာ တက်နေကြတာ၊ ယခင် ယူနီမကုဒ်ဖေါင့်သုံးတဲ့ အချိန် တုန်းကတော့ အရင်ထိုးရ ရစ်ရနဲ့အကျင့်ကပါလာကြတော့ ယူနီ ကုဒ် ကီးဘုတ်အစစ်မှာ ယွင်းကုန်တာ၊ ယခင် ယူနီမကုဒ်တဲ့ကီး ဘုတ်အတိုင်း အရင်ထိုး အရင်ရစ်ချင်လည်းရနေတာပဲ .. ဒါပေ မယ့် ဘာနဲ့တူနေသလဲဆိုတော့ မိုက်ခရိုဆော့ ဝင်းဒိုးသုံးနေရာ ကနေ မက်ကင်းတော့ပြောင်းသုံးတော့ ယူဇာအင်တာဖေ့ကြီးက စိမ်းနေတော့ dual os တင်ပြီး မက်ပေါ်မှာ ဝင်းဒိုးတင်သုံးနေ ကြတဲ့ ဘောဇိတွေလိုဖြစ်နေတာ :D - တကယ်တော့ လက်ရှိအများသုံးနေကြတဲ့ ယူနီမကုဒ် ဖေါင့်သုံး နေရာကနေ ယူနီကုဒ် ပြောင်းသုံးခြင်း မသုံးခြင်းက ၂မျိုးသတ် မှတ်လို့ရတယ်၊ ရာသက်ပန် သေတပန် သက်တစ်ဆုံး မသေ မ ချင်း ဖေ့စဖွတ်ကြီးပဲသုံးမှာ ကွန်ပြူတာလည်း မသုံးဘူးဆို ရင် တော့ ယူနီကုဒ်မပြောင်းလည်းရတယ်လို့ဆိုရမယ် ... သို့သော် ကိုယ်က ကွန်ပြူတာသုံးပြီး လုပ်ငန်းကြီး ကိုင်ငန်းကြီးလုပ်နေ သူဆိုရင်တော့ ... ယူနီကုဒ်ဖေါင့်စနစ်ကို ပြောင်းကို ပြောင်းသုံး တယ် ..... ဆိုရှယ်မီဒီယာပေါ်မှာလို အီစီကလီမဟုတ်တေ

ယူနီကုဒ် သုံးကြစို့

ယူနီကုဒ်လို့ ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့ နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်း မပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာ အကြောင်း အရင်ပြောပါရစေ။ ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံး များကို အင်္ဂလိပ်အက္ခရာများနဲ့ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး မြစေတီ၊ ရွှေ၊ ဝင်းမြန်မာ စသဖြင့် ဖောင့်မျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။ လက်နှိပ်စက်အစား ကွန်ပျူတာ စာစီစာရိုက်စနစ် ဖွံ့ဖြိုးလာပြီး ခဲစာလုံးပုံနှိပ်စနစ်ကို အစားထ