Skip to main content

ယူနီကုဒ်စနစ်ရဲ့ အားသာချက်လေးတွေ


အခုနေ ဇော်ဂျီသုံးသူတွေက အများဆိုတော့ လူနည်းစုသုံးကြတဲ့ ယူနီကုဒ်ကို ပြောင်းလဲ အသုံးပြုကြဖို့ တိုက်တွန်းရတာက အခက်အခဲတစ်ခုပါဘဲ၊
အဆင်ပြေနေတာတစ်ခုကနေ မရည်ရွယ်ဘဲ အဆင်မပြေစေသလိုဖြစ်စေတော့ တော်ရုံဆို လက်ခါကြပါတယ်၊ မနေ့က အသုံးပြုသူတစ်ယောက်ကမေးလို့ ထည့်ပုံထည့်နည်း သဘောသဘာဝ ရှင်းပြလိုက်တယ် ကျေနပ်အဆင်ပြေသွားတယ်ပေါ့ ဒါပေမယ့်လဲ လောလောဆယ် အဆင်ပြေအောင် ဇော်ဂျီလေး သုံးပါအုန်းမယ်တဲ့၊ အေးပါကွာပေါ့ တို့တွေ အုပ်ချုပ်သူ အစိုးရက တိုက်တွန်းတာလေး လိုအပ်သလို ညွှန်ကြားတာလေးစောင့်ကြတာပေါ့လို့ဘဲ သိသွားတာလာမေးတာလေးဘဲ အမြတ်ပေါ့လေ၊
ယူနီကုဒ် ထည့်လိုက်ရင် ယခင်ကလိုစာတွေ မတည့်တော့ဘူး ဖတ်မရတော့ဘူး
ရိုက်တာတွေလဲ မှားနေတာဆိုတာက ယခင်စာစီစနစ်အဟောင်းက စက်ထဲမှာ အသုံးပြုနေသေးလို့
စာစီစနစ်အဟောင်း(ဇော်ဂျီ) ကို စနစ်အသစ်( ယူနီကုဒ်) သို့မပြောင်းရသေးလို့ ဆိုတာ အခုထိမသိသေးသူတွေ အများကြီးဘဲ ရှိနေပါသေးတယ်၊
အဟောင်းကို စွန့်အသစ်ကို သုံးဖို့ရာကလဲ ရုတ်တရက်ဆို အများက
သူတို့စက်မှာလဲ မထည့်ရသေးလို့/ ထည့်လိုက်ရင်လဲ ယခင်ရှိပီးသားစာတွေ ဖတ်မရမှာဖြစ်လို့ (ယခင်ရှိနေတဲ့ ဇော်ဂျီနဲ့ရေးတဲ့စာတွေဖတ်လို့မရပါ၊ သူ့အသစ်နဲ့ သူသီးသန့်သုံးသွားရင်တော့ အမှားမရှိအတည့်မြင်ရမှာပါ) မထည့်ကြ ဆိုတော့ ကိုယ့်ဘက်က စနစ်သစ်ကီးဘုတ်နဲ့ရေးရင် သူတို့လဲမမြင်နဲ့ ဆိုတော့ မထည့် ဒါနဲ့ဘဲ ပြောင်းသုံးဖို့ရာကမလွယ်လို့ အများစုက သတ်မှတ်ကြပါတယ်၊
ဇော်ဂျီရော ယူနီရော ၂ ခုစလုံးမြင်နိုင်တဲ့ ဖေါင့်တော့ ရှိပါတယ် အဲဒီဖေါင့်က ဇော်ဂျီနဲ့ရေးထားတာတွေကိုတော့ ၈၀ ရာခိုင်နှုန်းသာ အတည့်မြင်နိုင်လို့ အများစုက အသုံးမပြုကြသေးပါဘူး၊
ဒါပေမယ့် ယူနီကုဒ်ပြောင်းရေးလိုကြတယ် ဇော်ဂျီနဲ့ရေးတာတွေ ဖတ်ဖို့ရာ လိုတယ် စာအမှားတွေကိုတော့ အတတ်နိုက်ဆုံး သည်းခံဖတ်မယ် ဆိုသူများကတော့ အဲဒီ နှစ်မျိုးမြင်ဖေါင့်က မရှိမဖြစ်ပါဘဲ၊ မဟုတ်လဲ ဇော်ဂျီနဲ့ရေးထားတဲ့ စာတွေကို ကော်ပီကူး converter အသုံးပြုဖတ်ကြသူတွေလဲ ရှိပါလိမ့်မယ်၊
အများစုကတော့ ဇော်ဂျီနဲ့ ကောင်းမွန်တိကျစွာ အလုပ်လုပ်နိုင်တဲ့ စက်တွေ ဖြစ်လာမလား မျှော်လင့်နေကြဆဲပါဘဲ ကမ္ဘာအနှံ့အသုံးပြုနေကြပီဖြစ်တဲ့ ယူနီကုဒ်ဆိုတဲ့ စနစ်ကြီးက တို့အတွက် လိုက်ပြောင်းပေးရမယ် ဒီလိုလဲ မြင်ကြပါတယ်၊ ဒါပေမယ့်လဲ အဲဒါတွေက တကယ်တန်း လက်တွေ ဖြစ်မလာနိုင်တာလဲ အများစုသိကြပါလိမ့်မယ်၊
ဆိုတော့ အလုပ်ဖြစ်ဖို့ရာ စနစ်ဆီ သွားဖို့ရာဘဲ အခုနေ အခက်အခဲ အဆင်မပြေတာတွေ ကြုံစေရပေမယ့်လဲ တိုက်တွန်းနေရအုန်းမှာပါဘဲ၊ အချိန်တန်ရင်တော့ အုပ်ချုပ်သူတွေကလဲ ကောင်းရာမွန်ရာကို သူတို့ ညွှန်ကြားကြပါလိမ့်မယ်၊ ကိုယ်တွေကလဲ မသိသေးသူများအတွက် အသိပေးရေးသားနေရခြင်းပါလို့ ဆိုပါရစေ၊
တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသလိုပါဘဲ၊ ဒီနေ့တော့ ယူနီစနစ်နဲ့ ကောင်းကျိုးလေးတွေ အနည်းငယ်ဆွေးနွေးသွားပါမယ်၊ အခုအဆင်ပြေနေတာဘဲ ဒီထက်ပိုကောင်းမှဘဲ ပြောင်းသုံးဖို့ရာ စဉ်းစားပါမယ်၊ ရုတ်တရက်ပြောင်းဖို့ရာ အဆင်မပြေနဲ့ ဆိုတော့ ပြောင်းဖို့ရာတော့ အများသိတဲ့အတိုင်း ခက်ခဲနေပါအုန်းမယ်၊
ခက်တာကတော့ တစ်ကဏ္ဍထားပါလို့လေ၊
Unicode
Unique ဆိုတဲ့ အင်္ဂလိပ်စာလုံးကနေ ဆင်းသက်လာတာမျိုးပါ
နောက် စာလုံးလေးတွေ စုဝေးသိမ်းဆည်းစနစ် ဖြစ်တဲ့ coding နဲ့ပေါင်းပီး UniCode လို့ခေါ်ဆိုကြပါတယ် ဟိုတစ်ခါရေးခဲ့ဖူးသလိုပါဘဲ
Unique က သီးသန့်/ သီးခြား ဖြစ်တည်နေတဲ့ သဘောပါ အတုအယောင်မရှိ သူတစ်ခုထဲ ရှိရတဲ့ သဘောပါဘဲ၊ အတုရှိနေရင် တူတာခပ်ဆင်ဆင်ဆို
ဘယ်ဟာ အစစ်အမှန်လဲ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရင် ဘယ်ဟာက အတု ဘယ်ဟာကဖြင့် အစစ်ဆိုပီး သိသာထင်ရှားစေပါတယ်၊ unique စနစ်ကို ကျွန်တော်တို့တွေက ရှုပ်ထွေးမှု မရှိအောင်၊ အလုပ်ဖြစ်အောင်မသုံးမနေရ အသုံးပြုကြရပါတယ်၊ ကားမှတ်ပုံတင်သွားတယ် နံပါတ် တစ်ခုပေးလိုက်တယ် နောက်ကားတစ်စီး နောက်နံပါတ်တစ်ခု သူနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်း ရှိရပါတယ် ဒါမှလဲ တစ်ခုခုဖြစ်ရှာဖွေရလွယ်ပါတယ်၊
မသုံးရင်ရောရလား ရပါတယ် ဒါပေမယ့် အရာရာအလွဲလွဲအချော်ချော်ဘဲ ဖြစ်နေပါ့မယ်၊ ဒီနေ့ ငါးဟင်းချက်မယ် ဈေးသွား
ငါးရွေးတော့ အကြီးအသေး ဈေးသင့်တာ ချင့်ဝယ်ရပါတယ်၊ သေသေချာချာ သတ်မှတ်ထားတာမရှိရင် ကြုံတဲ့ငါးဝယ် ပမာဏ နည်းချင်နည်းမယ် များချင်များမယ် ဆိုတော့နောက်ပိုင်း ရန်ဖြစ်ရမယ် ချက်ရတာအဆင်မပြေ နောက်ဆက်တွဲ ရလာဒ်တောက်လျောက်ကောင်းမယ် မဟုတ်ပါဘူး၊ ဆိုတော့ မည်သည့်အရာမှာမဆို မှန်ကန်တိကျ နေရမယ်ဆိုတာမျိုးက ရှိလေကျင့်သုံးနိုင်လေ အလုပ်တွင်လေပါဘဲ၊
ကျန်းမာရေး ဆိုင်ရာ
နိုင်ငံခြားဆေးရုံတွေမှာဆို လူနာတစ်ယောက် အရေးပေါ်ရောက်လာတာနဲ့ သူ့နာမည် သိတာနဲ့ တင် ဒါမှမဟုတ်လဲ သူ့ ID အမှတ်အသားကုဒ်သိတာနဲ့ သူယခင်က ဘာတွေ ဖြစ်ခဲ့ ကုခဲ့ ဘာဆေးတွေနဲ့ တည့်မတည့်က အစကွန်ပြူတာစက်ထဲရိုက်ရှာ ပြည့်ပြည့်စုံစုံကျလာလို့ ကုသရ ပိုလွယ်ပါတယ်၊ သူသတိမေ့နေတယ်ထား သူ့နာရီက သူဘယ်သူဘယ်ဝါ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဖေါ်ပြပေးနိုင်ပါတယ်၊ အိုင်ဖုန်းတွေမှာ medical id apps ကလဲ အဲဒီအရေးပေါ်အခြေအနေအတွက် လိုအပ်ရင်သုံးဖို့ရာ ထည့်သွင်းလာရခြင်းပါဘဲ၊ နောက် လူနာအများစုတွေရဲ့ တိုးတက်မှုဖြစ်စဉ် အချက်အလက်တွေကို ကွန်ပြူတာကနေ ဖတ်ရှုပီး ခွဲခြမ်းစိတ်ဖြာနိုင်လို့ သူတို့ဆရာတွေရဲ့ ကုထုံးတွေ အောင်မြင်ထိရောက်ပါတယ် လူနာအခြေအနေကို ရိုက်ထည့် ယခင်လူနာတွေ နဲ့နှိုင်းယှဉ် ကုသကြတယ်ပေါ့ ကျွန်တော်တို့ မြန်မာဆရာဝန်တွေ မတော်ဖူး မလုပ်တတ်ဖူးမဟုတ် ဒါပေမယ့် သူတို့တွေအတွက် အထောက်အကူပြု စနစ်အခိုင်အမာ/ မရှိကြသေးလို့ အခုနေ အများက အရေးအကြောင်းဆို ပြည်ပထွက်ကုကြရပါတယ်၊
ဆိုတော့ တိုင်းပြည်ဝင်ငွေဆုံးရှုံးသလို ဆရာဝန်တွေဘက်ကကြည့်ရင်လဲ တန်ဖိုးရှိ ဒေတာတွေဆုံးရှုံးနေရတုန်းပါဘဲ ( လုံလောက်တဲ့ စနစ်ကျတဲ့ ဒေတာ သိမ်းဆည်းမှု စနစ်က အခရာကျပါတယ်)
လုံခြုံရေး
မနေ့က ပြင်သစ်အကြမ်းဖက်မှုမှာ အကြမ်းဖက်သူ ဘယ်သူဘယ်ဝါ ဆိုတာ ချက်ချင်းသိပါတယ်၊ မသိတောင် နီးနီးစပ်စပ်ရှာဖွေနိုင်ပါလိမ့်မယ် ဆိုတော့ ဖြစ်ပွါးစေတဲ့အကြောင်းအရင်း လူဆိုးနဲ့ ပူးပေါင်းသူ ဖေါ်ထုတ်ရလွယ်မယ် တရားဥပဒေ စိုးမိုးဖို့ရာ အထောက်အကူပြုပါတယ် အကြောင်းရင်းခံကလဲ မှန်ကန်တဲ့ စာစီစနစ်ပါဘဲ မှန်မှန်ကန်ကန်ရှာဖွေဖေါ်ထုတ်ဖို့ရာ ကူညီပေးပါလိမ့်မယ်၊
ပညာရေး
ဆရာ ဆရာမတွေ ခါတိုင်းလို ရုံးပိုင်းဆိုင်ရာ အလုပ် သိပ်မကူရတော့လို့ စာပေသင်ကြားဖို့ရာ ပိုအာရုံစိုက်လာနိုင်မယ်၊ ကျောင်းသားတွေလဲ နိုင်ငံခြားပါရဂူစာတမ်းတွေကို မြန်မာပြန်လေ့လာနိုင်လို့ ပိုသိမြင် ပိုတိုးတက်လာပါလိမ့်မယ်၊
ကျောင်းအုပ်ကြီးက စာရွက်စာတမ်းတွေနဲ့ အရင်လို မရှုပ်ထွေးတော့ဘဲ ကျောင်းအုပ်ချုပ်ရေးကို ပိုအာရုံစိုက်နိုင်မယ်၊ ကျောင်းသားတစ်ဦးစီရဲ့ မှတ်တမ်း မှတ်ရာတွေ ရှိနေလို့ ဘယ်ကျောင်းသားကဖြင့် ဘာကိုလေ့လာဖို့ရာ ပိုလိုတယ် စသည်ပိုသိမြင်လာမယ်၊
မှန်ကန်စွာ ညွှန်ကြားလာနိုင်မယ် စသည်တွေးကြည့်ရင် ကောင်းကျိုး အများကြီးပါဘဲ ကျန်တဲ့ သာရေး နာရေး လူမှုရေးကအစ အဖက်ဖက်က ခေတ်မှီအဆင်ပြေတိုးတက်စေမယ့် အခြေခံစာစီစနစ်လို့ဆိုရင် မှားမည် မဟုတ်ပါကြောင်း
ယူနီကုဒ်စနစ်သုံးကြရင်တိုးတက်မည့် အပိုင်းတွေက တကယ်တန်းတော့ အများကြီးပါဘဲ ဖြည့်ပီးတွေးပေးပါလို့ ဆိုပါရစေခင်ဗျ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...