ဘက်

သိပ်ကြီးကောင်းလွန်းနေလို့ သာလွန်းနေလို့ ဒီဘက်ကို နဲနဲ့ငဲ့ပေးပါအုန်းတဲ့ Dev တွေ ကြိုးစားပေးကြရင် ဇော်ဂျီ တိုးတက်မလာနိုင်ဖူးလား ဝိုင်းပြောပေးကြရင် ကမ္ဘာက လက္ခံလာမယ်ပေါ့
နောက်အများသုံးကလဲဖြစ်နေ ယခုက ဤ ကနေလဲ ကျွဲဖြစ်နေပါပီ သူ့ကိုဘဲ ရအောင်ပြောင်းကြည့်ပါလား
ဒါလေးတွေက သို့လော သို့လောနှင့် သံသယတွေနဲ့ပါ အချိုးအဖဲ့ခံ ဇော်ဂျီဘက်က နစ်နာတယ် တွေးကြပါတယ် ဂရုနာ သက်ဝင်ကြပါတယ် အသက်မရှိဘူး ဘယ်လိုပြောပြော သက်ရှိလိုဘဲ ပြုမူကြ သူ့အတွက်ဘဲ မှန်သူတွေနဲ့ ငြင်းခုန်ကြနဲ့ပါဘဲ၊ တို့ကအများစုပါ တို့မသုံးရင် သူတို့လဲ ဘာမှ ဖြစ်လာစရာမရှိဘူး တို့တွေစည်းလုံးပီး
နောက်ရအောင်ပြင်ဆင်ကြတာပေါ့ စသည်နဲ့ပေါ့လေ
နည်းပညာပိုင်းအရ ဇော်ဂျီဟာ ဘယ်လိုမှ စနစ်နဲ့ အလုပ်လုပ်ဖို့ရာ အဆင်မပြေပါဘူး နေရာတွေ အများကြီး ယူမယ် ရှုပ်ထွေးမှုတွေ များစွာပေးပါလိမ့်မယ်၊ ဟိုတနေ့က တွေ့လိုက်တာလေး မန္တလေးဆို သူမှာ
မှတ်ရင် သူနဲ့ရေးရင် အမျိုးပေါင်း ၂ ရာလား ၃ ရာလားရှိပါလိမ့်မယ်၊
ဆိုတော့ မန်မိုရီနေရာစားပါတယ် အခုမန်မိုရီစျေးတွေတောက်လျောက်ကျဆင်းတယ်ထား ရှာဖို့ရာ အချိန်ယူရပါတယ် ဘယ်လောက်မြန်တဲ့ တွက်ချက်သူထား သုံးသုံး စွမ်းအင်အလဟသတ်ဖြတ်ပါတယ် ဖုန်းပူတာ သူ့ကြောင့်နာမည်တပ်ရင်မမှားပါဘူး
ဆိုတော့ မန္တလေး တစ်ခုတည်းဘဲ မှတ်သားတဲ့ အပြည်ပြည်ဆိုင်ရာ
စနစ်က ပိုပီးမှန်ကန်ပါတယ်
ကြားထဲ ပြောင်းတဲ့စက်လေးထည့်ပေးရင်ရော
ရမယ် ဒါပေမယ် သူလဲအလုပ်ရှုပ်ပါမယ် တိုင်းရင်းသားစာတွေကို ဇော်ဂျီက ယူသုံးလိုက်လို့ သူ့ကို ယူနီပြန်ပြောင်းရင် သူကတိုင်းရင်းသားစာလုံးတွေနဲ့ ရောထွေးသွားပါမယ် ရှမ်းလေး သူ့စာသူဖတ်လို့ရမယ်မဟုတ်ပါဘူး
ကဲဒါဆိုလဲ ပိုနေတဲ့ တိုင်းရင်းသား စာလုံးတွေမသုံးစေနဲ့
မှန်အောင်လုပ် ချိုးတန်ချိုး ဖဲ့တန်ဖဲ့ကွယ် ဟုတ်ကဲ့ ပီးပါပီ အဲဒါ အခုရှိနေတဲ့ ယူနီကုတ်ဖေါင့်ပါဘဲ
ဟင် ဟုတ်လား ဒါဆို အခုမြင်ရတာ မမြင်ရတော့ဘူးလေ ဟုတ်တယ်လေ သူမှ မမှန်ခဲ့တာ အတတ်နိုင်ဆုံး မြင်ရတဲ့ ကပြားဖေါင့်ဘဲရှိပါမယ် ဒါတောင် iOS 10 တို့ဆို အဆင်မပြေတော့ပါဘူး
ဒါဆို ဘယ်လိုလုပ်မလဲ ပြောင်းသုံးပေးပေါ့ တော်ပီးဆေးခါးကြီး မသောက်တော့ဘူး ရအောင်ဘဲ အဆင်ပြေအောင်လုပ်ပေးပါ
ဂြိုဟ်သားကို ဖိတ်ခေါ်ဖို့တို့ အစီအစဉ်ဆွဲနေပါတယ်
သူလာရင်လဲ ကိုယ့်ကို ဒေါသထွက်ပီး ကိုင်ပေါက်ခံရမလားဆိုတာလဲ စိုးရိမ်ရတယ်ခင်ဗျ ( Dev ကိုယ်စား 😂)

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode

ပြည်ထောင်စု font