Skip to main content

Posts

Showing posts from March, 2021

Useful data for Spring Revolution

 ကို NCKK ရဲ့ CDM မှာ ပါလာတဲ့ ရဲသား စစ်သာ; ၊  တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များ၊ Protest Situation, အဖမ်းခံရသူများ စတာတွေကို ကြည့်နိုင်မယ့် Dashboard bit.ly/myanmarspring22222 CRPH ရဲ့ Official Telegram Channel https://t.me/crphmyanmar CDM တွင် ပါဝင်ကြသော ဝန်ထမ်းများ တင်သွင်းရန် www.cdm.crphmyanmar.org CRPH ကို လှူဒါန်းရန် donate.crphmyanmar.org (ခု မတ်လ ၃၀ ရက်နေ့ကစပြီးတော့ ယာယီ ပိတ်ထားပါတယ်။ လှူလို့ မရသေးပါဘူး) Boycott လုပ်ရမည့် စာရင်း Social punishment လုပ်ရမည့် သူများ BACK UP Drive for COUP by ThumonLS https://linktr.ee/thumonLS

နွေဦးဒိုင်ယာရီ (၂)

နွေဦးတော်လှန်ရေး စတာ တစ်လပြည့်သွားပြီ။  မနေ့က ရန်ကုန်ကို လူတွေ အာရုံစိုက်နေတော့ မြိတ်မှာ သတင်းထောက်အိမ်ကို ည ဘက်ကြီး လာဖမ်းတာ လူတွေ သိပ်မသိလိုက်ကြဘူး။ တခြားမြို့တွေလည်း အတူတူပဲ။ သတင်းထောက်က မြို့နယ်တိုင်းမှာ ရှိတာက ရှိတယ်။ ရန်ကုန် မန္တလေးလောက် အင်အားမများဘူး။ နယ်တွေက သတင်းထောက်တွေကို လိုက်ဆွဲတော့ ကြာလာရင် နယ်က သတင်းတွေ မမြင်ရတော့မှာ စိုးတယ်။    ကနေ့ မတ်လ ၁ ရက်နေ့မှာ မနေ့က စမ်းချောင်းကို မကျေပွဲနွဲပြီး အသည်းအသန်ကို နှိမ်နင်းနေတယ်။    ရန်ကုန်မှာတော့ war zone ကျနေတာပဲ။ စစ်ကားတွေ အများကြီး အင်းစိန် လှိုင်ထဲ ဝင်လာတာ။ တချို့နေရာတွေမှာ စစ်ကား ရဲကားမသုံးပဲ 4 Wheel double cab တွေနဲ့ နံပါတ်ပြားတွေ တိတ်နဲ့ ကပ်ပြီး ဝင် စီးကြတယ်။ လုံးဝ သူပုန်ဆန်ဆန် ကိုလုပ်နေတော့တာ။  CRPH က စစ်ကောင်စီ ကို အကြမ်းဖက်အုပ်စု လို့ စာထုတ်ပြီး ကြေညာလိုက်ပါတယ်။ လွတ်လပ်သော သတင်းသမားများ အဖွဲ့လည်း ဖွဲ့လိုက်ပြီး စစ်ကောင်စီကို ကန့်ကွက်တဲ့ စာထုတ်တာ တွေ့လိုက်ပါတယ်။ စာအတုတွေလည်း ထွက်လာတာတွေ့ရတယ်။  ရန်ကုန်မြို့ထဲမှာ ရော Toll Gate တွေ မှာရော ကားတွေကို ရှောင်တခင်စစ်ပြီး ဖုန်းတွေကိုပါ ဖွင့်ကြည့်တယ် ဖွ...

နွေဦး အတွေးစများ

ဘာလိုလိုနဲ့ တော်လှန်ရေးစတာ တစ်လပြည့်သွားပြီ။ နွေဦးတော်လှန်ရေးနဲ့ ၈၈ တုန်းကနဲ့ မတူတာတွေက အများကြီးပဲ။ ၈၈ တုန်းက ခေတ်က နဂိုကတည်းက အမှောင်ထဲကနေ အမှောင်ထဲကိုသွားတာ။ ခုက အလင်းထဲကနေ အမှောင်ထဲကို ရောက်သွားတာ ဆိုတော့ လက်ခံနိုင်တာ ပိုနည်းတယ်။ ၈၈ တုန်းနဲ့ မတူတဲ့ အဓိက အကြောင်းကတော့ နည်းပညာပဲ။ IT ခေတ်ကြီးရောက်နေတာလေ။ လူငယ်တွေကို အင်တာနက်ဖြတ်လိုက်တာက အများကြီး ပို အကျိုးသက်ရောက်တယ်။ အင်တာနက် မရှိတဲ့ ဒဏ်က အတော်ခံရခက်တာ။ လူတွေကို အင်တာနက်ပိတ်လိုက်တာက အမှောင်ခေတ်ကို ပြန်ခေါ်သွားတာပဲ။ အဲ့မှာတင် လူကြီးရော လူငယ်ရော ထ ပြီး ပေါက်ကွဲတာလို့မြင်တယ်။ ပြီးတော့ တရုတ်အားကိုနဲ့ Firewall ဆောက်တဲ့ ကိစ္စကလည်း developer တွေကို တော်တော် ဖိအားပေးလိုက်သလိုပဲ။ ဒါကြီးကို မတွန်းလှန်နိုင်ရင် ထမင်းငတ်မယ်ဆိုတာ ကို သူတို့ကပဲ ပြောပြလိုက်တာပဲ။ ပြီးတော့ ဘဏ်တွေကိုရောပဲ။ သူတို့ အသစ်ထုတ်လိုက်တဲ့ cyber law ဆိုတာကြီးက banking process တွေ အကုန် ခေတ်ဟောင်းကို ပြန်ပို့လိုက်တာပဲ။ ဒါကြီးနဲ့ စီးပွားရေး ဘယ်လို လုပ်မလဲဗျာ။ စဉ်းစားကြည့်ပေါ့။ Art သမားတွေလည်း သူတို့ လက်နက် ကလောင် ကိုင်စွဲပြီး တော်လှန်ကြတာ မြင်ရတာလည်း ၂၁ ရာစု မှာ Digital art က ဘယ်...