ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Battery … ( Lithium battery ) တွေဟာ အပူကြောက်တဲ့ battery တွေပါ ။ ပထမဆုံးရှောင်သင့်တာတော့ အပူချိန်များနေတဲ့နေရာမှာမထားသင့် မသုံးသင့်ပါဘူး။ ဒုတိယအနေနဲ့ usb hub ကြားခံပြီး အားသွင်းတာ လုံးဝလုံးဝမလုပ်ပါနဲ့။Battery တင်မကပဲ board ပါထိခိုက်စေနိုင်ပါတယ်။ နောက်တခုက ဒီ battery တွေက active ဖြစ်နေမှ ရေရှည်ခံမှာပါ။ ဘာကိုဆိုလိုတာလဲဆိုတာက in-out ဖြစ်နေအောင်လုပ်ပေးရမှာပါ။ ဆိုလိုတာက ၁၀၀ ထိ အားသွင်းပြီး အားကုန်တဲ့ထိ သုံးတာမျိုးမလုပ်သင့်ပဲ သုံးနေရင်း အားသွင်းပေးတာတို့ ၊ အားအပြည့်မသွင်းချင်တောင်မှ ခဏလောက်သွင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ တချို့က ခဏခဏသွင်းရင် cc ( cycle count ) များမှာကြောက်ပြီးမသွင်းကြတာရှိပါတယ်။ CC က percentage နဲ့တွက်တာပါ ဘယ်လိုသွင်းသွင်းတူတူပါပဲ။ မတူတာက ရေရှည်မှာ ခဏခဏသွင်းတဲ့အလုံးနဲ့ ကြာကြာမှ အားကုန်မှသွင်းတဲ့အလုံးအသုံးခံနိုင်တဲ့ချိန် မတူတော့တာတွေ့ရပါလိမ့်မယ်။ တစ်ယောက်လာမေးတာ ကြုံဖူးတယ်။ Plug တပ် အားသွင်းရင်းသုံးရင် CC မတက်တော့ဘူးမလားတဲ့။ ဘယ်လို လုပ်လုပ် တက်ပါတယ်။ နောက်ပိုဆိုးတဲ့အချက်က battery ကို လုံးဝ ကုန်အောင်ထားပြီးမှအားသွင်းတာ အဆိုးဆုံးဖြစ်ပါတယ်။
I keep all of my memos here.