Skip to main content

Posts

Showing posts with the label audio

Redmi Bud 6 pro

 လက်ရှိသုံးနေတဲ့ redmi bud 3 pro ကလည်း ဝယ်ကတည်းက review ရေးမယ် ရေးမယ်နဲ့ မရေးလိုက်ရဘူး။ အခု bud 3 pro ကနေ bud 6 pro ကို upgrade လုပ်တော့ မရေးပဲ နေရင် အကြွေးက ၂ ခု ထပ် သွားပြီ။ အဲ့တာနဲ့ပဲ အတင်းကိုယ့်ဟာကို တွန်းပြီး ရေးရတော့တာပဲ။ အရင် သုံးနေတဲ့ bud 3 pro က ၄ နှစ်ကျော် ၅ နှစ် နီးပါး အသုံးခံတယ်။ အသစ်သာလဲ လိုက်ရတာ ပျက်လို့ လဲလိုက်ရတာ မဟုတ်ဘူး။ battery က သက်တမ်းကြာလာတော့ ၁၅ မိနစ်လောက်ပဲ ခံတော့ သုံးလို့ အဆင်မပြေတော့လို့ လဲ လိုက်ရတာ။ ကျန်တဲ့ ဟာ က အကုန် ကောင်းတယ်။ Noice Cancellation လည်း အတော် ကောင်းတယ်။ အကြိုက်ဆုံးက device ၂ ခု ပြိုင်တူချိတ်ပြီး သုံးလို့ရတာပဲ။ ဝယ်တုန်းက ၈ သောင်း ကျော်ကျော်ပေးဝယ်ခဲ့ရတယ်။ မန္တလေး sweetconnect ကနေပဲ ဝယ်ဖြစ်ခဲ့တာ။ bud 3 ကို device ၂ ခု ချိတ်လို့ရတာရယ် wireless charging ရတာရယ် NC ကောင်းတာရယ်ကြောင့် ဝယ်ခဲ့တာ။ bud 3 မှာ မကောင်းတာဆိုလို့ Xiaomi ဖုန်းနဲ့မှပဲ battery ပြတာ တစ်ခုပဲ။ Bud 4 က စ ပြီး နားကြပ်တွေအတွက် သီးသန့် app တစ်ခု xiaomi က ထုတ်ပေးလိုက်ပြီ။  TWS ဝယ်ဖို့ လိုက်ရှာတဲ့ အခါမှာ Redmi bud 6 နဲ့ redmi bud 6 pro ကို တွေ့တယ်။ bud 6 က ကျွန်တော် ဝယ်ဖို့ လုပ်တ...

Back to Analog

ကျွန်တော်တို့မှာ Youtube ရှိတယ်၊ Spotify ရှိတယ်။ အဲ့ကနေ တစ်ကမ္ဘာလုံးက သီချင်းတွေနားထောင်လို့ရတယ်။ သီချင်းတွေနားထောင်ရင်း AI က recommand လုပ်ပေးတဲ့ တခြား playlist တွေ သီချင်းတွေပါနားထောင်လို့ရတယ်။ အဲ့တာနဲ့ပဲ အဲ့ထဲက ရုန်းမထွက်နိုင်ဖြစ်ကုန်ကြရော။ ဖုန်းစွဲတယ် Youtube စွဲတယ်ဖြစ်ကုန်ကြတယ်ပေါ့။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကလည်း အဲ့တာပဲ မဟုတ်လား။ ဒီနှစ်ထဲ ဓါတ်ပြားတွေ ကက်ဆက်ခွေတွေ ပြန် နားထောင်ဖြစ်တယ်။Analog ဘက်ကို ပြန်လှည့်ဖြစ်တာပေါ့။  အိမ်ပြန်တော့ အဖေ့ရဲ့ walkman လေး နဲ့ ကက်ဆက်ခွေတချို့ ယူလာပြီး ကက်ဆက်နဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ ကက်ဆက်နဲ့ ဓါတ်ပြား နားထောင်တော့ ရွေးချယ်စရာ သီချင်းက လက်တစ်ဆုပ်စာပဲရှိတော့တယ်။ ကျွန်တော့်ဆီမှာဆို လောလောဆယ် ကက်ဆက်အခွေ ၁၀ ခွေပဲ ရှိသေးတယ်။ အိမ်ကနေတော့ ထပ်ပို့ပေးဖို့ ပြောထားတုန်း။ ဘာဖြစ်သလဲဆိုတော့ အဲ့ ၁၀ ခွေပဲ ပတ်နားထောင်ဖြစ်တယ်။ ရွေးစရာများများစားစား မရှိတဲ့အတွက် အဲ့အတွက် အချိန်လည်း မကုန်တော့ဘူး။ နောက်ပြီး အဖေ့ကက်ဆက်ခွေတွေဆိုတော့ အဖေ ဒီကက်ဆက်ခွေတွေကနေ ဘာတွေ ရှာဖွေတွေ့ရှိခဲ့သလဲဆိုတာလည်း သိချင်လို့ နားထောင်တာလည်း ပါတယ်။ အဖေ နဲ့ အမေ့ နာမည်ထိုးထားတဲ့ အဖေ့ရဲ့ အခွေတ...

ခေတ်ကို ရှေ့ကနေ သွားနှင့်သူ ရဲ့ သီချင်းတစ်ခွေ အကြောင်း

 ဒီနေ့တော့ သီချင်းတွေနားထောင်ရင်း စာတစ်ပုဒ်ရေးဖြစ်သွားတယ်။ ဒီစာကို သီချင်းတွေနားထောင်နေရင်းနဲ့ ရေးဖြစ်ခဲ့တယ်။ ရေးမယ် ရေးမယ် တေးထားတာလည်း အတော်ကြာနေပြီ။ မရေးဖြစ်ပဲ စိတ်ထဲပဲ ချရေးနေဖြစ်တဲ့ စာတွေလည်း အများကြီးပဲ။ ( ဘာမှမဟုတ်ဘူး။ စာမကျက်ချင်လို့ သီချင်းခွေတွေလျှောက်ကြည့်ပြီး သီချင်းနားထောင်ရင်း ထိုင်ရေးတော့တာ)  ဒီ သီချင်းတွေ အကြောင်းမှာတော့ သီချင်းစာသားတွေ အကြောင်းကို မပြောတော့ပဲ သီချင်းတွေကို ကျွန်တော် ဘယ်လို နားထောင်ခံစားမိတယ် ဆိုတာကို ရေးကြည့်တာပါ။  နာမည်အတိုင်းပဲ။ သီချင်းတွေအကုန်လုံး သူ့ခေတ်သူ့အခါတုန်းက ခေတ်ရှေ့ပြေးနေတယ်။ အဆိုတော်က အန်းတိတ်သမား။  “ဝင်သက်ထွက်သက်များ” က မျိုးကျော့မြိုင်ရဲ့ R&B နဲ့ စ ထွက်တယ်။ “ဒိုးရတော့မယ် အချစ်ရယ်” ကလည်း ပေါက်သီချင်းကို ပြန်လည်ဖန်တီးအသက်သွင်းထားကြတာ။ “အမိန့်” ကတော့ ကျော်ဟိန်းရဲ့ လေးလေးပင်ပင်နဲ့ ဆိုတာကို ပိုကြိုက်မိတယ်။ ဇော်ပိုင် ဆိုထားတာလည်း ရှိပေမယ့် ဘယ်လိုမှ နားထဲကို မတိုးဘူး။ ကျော်ဟိန်းရဲ့ “မင်းခိုင်းသမျှ သေတွင်းကို ဆင်းဆိုလည်း ငါဆင်းရမှာပဲ၊ မင်းအမိန့်တော်အတိုင်း” ဆိုပြီး အားမရှိတော့ပဲ တိုးလျှိုးတောင်းပန်နေတဲ့ အသံက နားထဲ မထွက်တေ...

The Best Songs to Test IEMs

IEM စမ်းဖို့ Tidal Playlist ပါ။ https://tidal.com/playlist/f4b0775c-2f5a-4687-be5d-e6ccefd9e07f I. Sub-Bass Extension & Seal Integrity 1. "Angel” – Massive Attack 2. “Doin’ It Right” – Daft Punk 3. “Silent Shout” – The Knife 4. "m.A.A.d city” – Kendrick Lamar 5. "Hip Hop” – Dead Prez II. Mid-Bass Punch & Control 1. “When the Levee Breaks” – Led Zeppelin 2. “Wanna Be Startin’ Somethin'” – Michael Jackson 3. "Another One Bites the Dust” – Queen 4. "Intergalactic” – Beastie Boys 5. "Soutra” – Alpha Blondy III. Vocal Clarity & Midrange Presence 1. "Hallelujah” – Jeff Buckley 2. "Fields of Gold” – Eva Cassidy 3. "Lost on You” – LP 4. "Bridge Over Troubled Water” – Simon & Garfunkel 5. "Shallow” – Lady Gaga & Bradley Cooper IV. Treble Detail & Sibilance Control 1. "Style” – Taylor Swift 2. Vivaldi “Winter” – The Four Seasons 3. "YYZ” – Rush 4. "Aja” – Steely Dan 5. "Clarity” – Z...

Youtube Alternative Only For Android

 ကျွန်တော် ဒီကောင်ကို သုံးနေတာကြာပြီ။ ခုမှ စာရေးဖြစ်လို့။ Youtube အစား ဒီကောင်ကို သုံးရတာ အများကြီး အဆင်ပြေတယ်။ UI UX ကတော့ နည်းနည်း စုတ်တာပေါ့။ ဒါကလည်း လက်ခံပေးလို့ရပါတယ်။ သူ့ရဲ့ အားသာချက်တွေက အတော်များတယ်။ နာမည်က NewPipe တဲ့။ ကျွန်တော်က youtube က သီချင်းဖွင့်တယ်။ ဒါပေမယ့် screen ကြီးလည်း အမြဲ ဖွင့်မထားချင်ဘူး။ ဆိုတော့ ဒီကောင်နဲ့ဆို ဖုန်း screen off ပြီး သီချင်းဖွင့်လို့ရတယ်။ ဒါက Youtube Premium Feature ပေါ့။ ပိုက်ဆံပေးမှ ရတာကို သူ့မှာ free ရတာ။ ညဘက် podcast တွေ နားထောင်တာမျိုး၊ အိပ်မပျော်လို့ တရားတွေ ဖွင့် နားထောင်တာမျိုး၊ deep sleep music တွေ နားထောင်တာမျိုးဆို တညလုံး screen ကြီး ပွင့်နေမှာ မစိုးရိမ်ရတော့ဘူး။ AMOLED screen တွေက screentime ကြာရင် burn ဖြစ်ပြီး screen သက်တမ်းတိုသွားတာကိုး။ ဒီကောင်နဲ့ဆို screen သက်တမ်း ကို မထိခိုက်တော့ဘူး။  နောက်တစ်ချက်က youtube က video တွေကို offline နားထောင်ဖို့အတွက် download လုပ်လို့ရတာ။ video တင်မဟုတ်ဘူး။ video ကို mp3 အနေနဲ့ download လုပ်ချင်ရင်လည်း ရတယ်။  Click here to download

AMP

 ဒီတခါ ဆေးထိုးသွားတာက ကိုအေးမင်းလတ်ပဲ။ ကိုယ့်ဟာကိုယ် DAP လေးကို IEM လေးနဲ့ တွဲပြီး နားထောင်နေတာ အကောင်း။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မိမှာ Amplifier ပါတာ ပိုကောင်းတယ်။ Fiio က ထုတ်တဲ့ Amp ရှိတယ်။ ဈေးလည်း မကြီးဘူး။ ဝယ်ပြီး စမ်းကြည့် လိုက်တဲ့။ ဝယ်ပြီးရင်လည်း ပြော သူ လာငှားမလို့တဲ့။ သူဆေးထိုးတာနဲ့ မြို့ထဲ ရောက်တော့ မနေနိုင် မထိုင်နိုင် ဝယ်မိပါလေရော။   DAP နဲ့ သီချင်းနားထောင်တာကိုပဲ Amp ပါတာနဲ့ မပါတာ အတော်ကို ကွာတယ်။ နဂိုကတည်းက sound stage ကျယ်ပါတယ် ဆိုတဲ့ နားကြပ်နဲ့ ကိုပဲ Amp ပါသွားတာနဲ့ ထပ်ပြီး stage ပိုကျယ်သွားတယ်။ Bass သံလည်း ပိုပြီး ကျစ်သွားတယ်။ Amp မပါရင် bass က ဖွယ်တယ်တယ် ကြီးလို့ ကို ခံစားလာရတော့တာပဲ။ သီချင်းဆိုတဲ့ အဆိုတော်ရဲ့ အသံကလည်း ပိုပြီး clear ဖြစ်သွားတယ် ကျွံထွက်လာတာတွေလည်း သိပ်မရှိတော့ဘူး။ သေးသေးလေးတွေ ကြိုက်တဲ့ ကျွန်တော့် Amp ကလည်း Amp လို့ မထင်ရအောင်ကိုပဲ သေးတယ်။ ခုနားထောင်ဖြစ်နေတာက ၂၀၀၀ ပြည့်နှစ်က ထွက်ခဲ့တဲ့ ACID ရဲ့ စတင်ခြင်း အခွေ။ အဲ့ အခွေကို အခု သေချာပြန်နားထောင်မှ သေချာကို တီးထား ဆိုထားတာကို သိတာပဲ။ ခုနောက်ပိုင်း နည်းပညာတွေ ဒီလောက် တိုးတက်နေတာတောင်မှ အတော် ...