Skip to main content

Posts

Showing posts from July, 2021

Canon EOS M50 Review

 Review ဆိုတာထက် ကိုယ်တိုင်သုံးပြီး အတွေ့အကြုံကို ပြန် မျှဝေတာ လို့ ပြောရင် ပိုမှန်မယ်။ M50 က ကျွန်တော့်ရဲ့ တတိယမြောက် Digital camera ပါ။ ကျွန်တော် mirrorless ပဲ ကိုင်ခဲ့တာပါ။ ပထမဆုံးက Canon EOS M3 ပါ။ ဒုတိယက Fujiflim XT 20 ပါ။ T20 က တော့ ကျွန်တော်ဝယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း ဗလကြီး ဟာပါ။ သူမရိုက်ဖြစ်လို့ ကျွန်တော်ယူထားပြီး ကျွန်တော်ပဲ ရိုက်နေဖြစ်သွားတာပါ။ M3 ကနေ M50 ပြောင်းဖို့ သိပ်မစဉ်းစားလိုက်ရပါဘူး။ M3 ကို တစ်နှစ်ကျော် ကိုင်ပြီးတဲ့ အခါ အားနည်းချက် ကို သွားတွေ့ပါတယ်။ EVF ( Electrical Viewfinder ) မပါတာပါ။ EVF က နေပူထဲ ရိုက်တဲ့ အခါ မရှိမဖြစ်ကို လိုပါတယ်။ နောက်တစ်ချက်က Digit 8 ဖြစ်သွားတာပါ။ ပြီးတော့ M50 ကို အကြိုက်ဆုံးက Touch foucs ပါပဲ။ View finder ကို မျက်နှာကပ်လိုက်တဲ့အခါ နောက်က LCD panel က trackpad လို ဖြစ်သွားပြီး foucs point ကို လိုက်ရွေ့လို့ရတာပါ။ M50 ရဲ့ မကောင်းတဲ့ အချက်တွေကတော့ dial က တစ်ခုတည်းပါတာပါ။ M3 မှာ dial က ၂ ခုပါပါတယ်။ ပြီးတော့ body က plastic ဖြစ်နေတာပါ။ M3 က metal body နဲ့ ပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အကုန် အဆင်ပြေပါတယ်။ သေးသေးလေး ဖြစ်တာကတော့ ပြောစရာမ

နေဝင်ချိန်များ

 ဒီရက်ပိုင်း နေဝင်တာကို ထိုင်ကြည့်ဖြစ်တယ်။ တပါတ်လုံး ဆိုပါတော့။ နေဝင်တာ က စောတယ် နောက်ကျတယ် မရှိဘူး။ သူ့အချိန်ရောက်တာနဲ့ ဝင်သွားတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာတော့ နေဝင်ချိန်မရောက်သေးပဲ နေဝင်ကုန်ကြပြီ။ လူတွေလည်း နေဝင်ကုန်ကြပြီ။ နိုင်ငံတော်လည်း နေဝင်သွားပြီ။  Failed state ဆိုတာ နိုင်ငံ တခုရဲ့ နေဝင်ချိန်ပဲ မဟုတ်လား။ ( ၁၇/ဇူလိုင်/၂၀၂၁ ကော့သောင်း ) Social media ပေါ်မှာ အားတင်းထားပါ၊ ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ ဘယ်လောက် အော်အော် ၊ တကယ် လက်တွေ့မှာ ကိုယ်နဲ့ ပတ်သတ်နေတဲ့သူတွေ၊ ကိုယ့် ခင်မင်ရာ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေ တယောက်ပြီး တယောက် ဆုံးသွားတဲ့ သတင်းတွေကို နေ့စဉ် ကြားလာရတဲ့ အခါမှာ ငါတို့ထဲက ငါတို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာတဲ့ အခါမှာ လူလည်း ယိုင်နဲ့နဲ့ ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ physically ဘယ်လောက် strong ဖြစ်ပါတယ် ပြောပြော mentally အနေနဲ့ လူတွေ က ယိုယွင်းလာကြတယ်။ Mentel health ဆိုတာက ဒီဘက်ခေတ်မှာမှ မြန်မာမှာ ဆေးခန်းတွေဖွင့် ကျ၊ ဆေးခန်းပြကြ ဖြစ်လာတာ။ စိတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့ပြတယ်ဆိုတာ သိပ်ပြီး အလေ့အကျင့်မဖြစ်သေးဘူး။ ဒါတောင် ခုပြောနေတဲ့ စိတ်ကျန်းမာရေး အတွက် ဆေးခန်းတွေဆိုတာ ရန်က

IA နဲ့ AI

 IA အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်။ စိတ်ထဲ ရှိနေတာတော့ ကြာပြီပေါ့။ IA ဆိုတာ Facebook မှာ ရှိတဲ့ Instant Article တွေပေါ့။ IA က ဘာထူးခြားလဲဆိုတော့ facebook နဲ့ ချိတ်ထားတဲ့ website တွေကို ဖွင့်လိုက်တာနဲ့ browser နဲ့ ဖွင့်စရာ မလိုပဲ  instant ပွင့်သွားတာပေါ့။ မြန်လည်းမြန်တယ်။ စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးပေါ့။ Facebook app မှာ အောက်နားလေးမှာ မိုးကြိုးသွားလို ပုံစံလေးနဲ့ဟာဆို IA လို့ သတ်မှတ်လို့ရတယ်။  AI ကတော့ Artificial Intelligence ပေါ့။ ခုနောက်ပိုင်းမှာ လူတွေ ပိုပြီး သတိထားလာမိကြတဲ့ စကားလုံးပေါ့။ ကွန်ပျူတာဦးနှောက်လို့ တင်စားထားကြတယ်။ AI အကြောင်းသာ ပြောရရင် ပြီးမှာ မဟုတ်ဘူး။ ခုကိစ္စမှာတော့ AI က ဘယ်လို အလုပ်လုပ်သလဲ ဆိုတော့ ခင်ဗျား က facebook သုံးတယ်ပေါ့။ အဲ့ ခင်ဗျားက facebook မှာ ဘယ်လို post တွေကို အချိန်ပေးဖတ်သလဲ၊ ဘယ်လိုဟာတွေကို ဝယ်တတ်သလဲ၊ ရောင်းတတ်သလဲ၊ ဘယ်လို ကိစ္စတွေကို စိတ်ဝင်စားတတ်လဲ၊ ဘယ်လို post တွေမှာ ဘယ်လို comment တွေ ပေးတတ်သလဲ ဆိုတာ အမြဲလေ့လာစောင့်ကြည့်ပြီး သိမ်းဆည်းထားတယ်။ ပြီး ရင် ပြန်အသုံးချတယ်။ ဆိုပါတော့၊ ခင်ဗျားက ကား group တွေထဲ ဝင်ပြီး ကားအကြောင်းတွေလိုက်မေးတယ်။ post တင်

ဇူလိုင် ဒုတိယအပါတ် သတင်းစဉ်

 ၈.၇.၂၀၂၁ သူတို့စကား NUG အစိုးရက မြန်မာစစ်ခေါင်းဆောင်များကို ICC တရားရုံးမှ တစ်ဆင့် အရေးယူရန် လိုလားပြင်ဆင်နေဟု ကုလလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူပြောဆို စစ်အုပ်စုက ယနေ့ ပြည်သူကို အာဏာ ပြန်အပ်လျှင် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ရန် CDM ကျန်းမာရေးဝန်ထမ်းအားလုံး အလုပ်ပြန်ဆင်းမည်ဟု ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်ပြော NCA ရဲ့စံတန်ဖိုးတွေကို ဆက်လက်ကိုင်စွဲထားပေမယ့် စစ်ကောင်စီနဲ့ဆွေးနွေးသွားမှာမဟုတ်ဘူးဟု ခွန်ဥက္ကာဆို တရားဝင်အစိုးရ ကိုဗစ်ကာထိန်းကု ဖွဲ့ပြီ NUGက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်ကို ဖွဲ့စည်းလိုက် တိုက်ပွဲသတင်း ထားဝယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊စခကား ၅စီးလာ၊ ၂စီးမိုင်းခွဲ့ခံရ၊ အနည်းဆုံး ၅ ယောက်ခန့်သေ ရေဦးတွင် စစ်ကောင်စီ၏ ကင်းလှည့်ယာဉ်တန်းကို PDF ဝင်တိုက်၊ ရဲတစ်ဦးသေဆုံးပြီး PDF ဘက်မှလည်း တစ်ဦးကျဆုံး ထားဝယ်၊ ရောင်းမော်ရွာတွင် PDF များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား ယောပြည်သူ့ကာကွယ်ရေးတပ်မတော် လက်နက်နဲ့ ရိက္ခာလိုအပ်နေ သာရေး မြို့သစ်မြို့နယ်၊ ကိုရံ(တောင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကောင်း ဂျင်ကလိဖြင့် ၇ ချက် အပစ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ မင်းတ

ဇူလိုင် ပထမအပါတ် သတင်းစဉ်

၁.၇.၂၀၂၁ မြင်းခြံ မနေ့ညက ပြည်သူ ၁၅ ဦးခန့်အား စခများ အဓမ္မဖမ်းဆီးခဲ့ အနိမ့်ရွာအနီးတွင် ပြည်သူတစ်ဦးအား ဒလန်သတင်းမှားပေးမှုဖြင့် စခများပစ်ခတ်ဖမ်းဆီး၊ စစ်တပ်တွင် ကောင်းမွန်စွာရှိဟုသိရ ယနေ့ ကိုဗစ်ဖြင့် ပြည်သူတစ်ဦး အသက်ဆုံးပါးခဲ့ရ အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။ ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။ NUG မြန်မာစစ်တပ်ကို ကလေးသူငယ်တွေအပေါ်အခွင့်အရေးချိုးဖောက်တဲ့စစ်တပ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထည့်သွင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အမတ် ၁၅၀ ကျော် လက်မှတ်ထိုး သူတို့ပြောစကား အာဏာသိမ်းမှုကိုရှုတ်ချဖို့ပျက်ကွက်တာ ရှက်စရာကောင်းဟု အရှေ့တီမောသမ္မတဟောင်းပြော ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း အရင်ကတည်းက အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာမို့ အခုလို ပြန်လွတ်လာမှုအပေါ် ပြောစရာစကားမရှိဘူးလို့ ထောင်ကလွတ်လာသူပြော ယနေ့ ဟာဒယ နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ သတင်းရေးသားရာမှာ စစ်အစိုးရလို့ သုံးနှုန်းဖော်ပြပါက အရေးယူမယ်လို့ အာဏာသိမ်း

Note app for Cross-Platform

 MacOS နဲ့ Android ဖုန်း တွဲ သုံးပြီး note တွေ sync လုပ်ဖို့ ဆိုတာ တော်တော် တိုင်ပတ်တာပဲ။ အရင်က Google keep သုံးနေတာ။ Window နဲ့ Android မှာကျတော့ အဆင်ပြေတယ်။ MacOS မှာလည်း အဆင်တော့ပြေပါတယ်။ Laptop မှာကျ browser ကနေ တဆင့်သွားနေရတာ ကြာတော့ အလုပ်ရှုပ်လာတယ်လို့ မြင်လာတယ်။ အဲ့တာနဲ့ ဟို app စမ်းလိုက် ဒီ app စမ်းလိုက်နဲ့ နောက်ဆုံးကျတော့ Joplin ကို သွားတွေ့တယ်။ သူက သူ့ကိုယ်ပိုင် server တင်မကဘူး။ ရှိပြီးသား cloud တွေပါ sync အတွက် သုံးလို့ရတယ်။ ကျွန်တော်ကတော့ cloud sync အတွက် dropbox ကို သုံးတယ်။ ဟိုးအရင်ကတည်းက dropbox သုံးနေကျဆိုတော့ အဆင်ပြေတယ်။ ဒီမတိုင်ခင်က Craft ကို သုံးပေမယ့် ယှဉ်သုံးကြည့်တော့ Joplin က ပိုပြီး lightweight ဖြစ်တယ်။ ပြီးတော့ စောန ကျွန်တော်ပြောသလိုပဲ cross-platform ရတာ က ကျွန်တော့် အတွက် ပိုအသုံးဝင်တယ်။ Window, Linux, MacOS, Android, iOS အကုန် ရတယ်။ အကုန် sync လုပ်လို့ရတော့ platform အကုန် သုံးတဲ့ သူတွေဆို သုံးသင့်တယ်။ Import, export လည်း ရတယ်။ ကျွန်တော် craft က notes တွေ အကုန် markdown နဲ့ ထုတ်ပြီး Joplin ထဲ import လုပ်လိုက်တာ တမိနစ်တောင်မကြာဘူး။ ခုတော့ window, MacOS နဲ့ Andro

နွေဦး ဒိုင်ယာရီ (၆)

အနုပညာကို ခံစားတတ်တဲ့ နှလုံးသား ဖြစ်အောင် လုပ်ပေးခဲ့တဲ့ သူတွေရော အမှန် အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာ ကို သင်ပေးခဲ့တဲ့ မိဘ နှစ်ပါးကိုရော ကနေ့ ကျေးဇူးတင်မိတယ်။ Idiots band က vocalist ကိုရေမွန် ငှက်ဖျားနဲ့ ဆုံးသွားတယ်။ တကယ်တော့ Cerebral malaria (ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ခြင်း) ဆိုတာက သေလောက်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ကုလို့ မရနိုင်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ငှက်ဖျားဆေးရှိရင် ကုလို့ ရနိုင်တဲ့ ရောဂါပဲဟာ။ တိုက်နယ်ဆေးရုံမှာတောင် ကုလို့ ရနိုင်တဲ့ ရောဂါ။ ကိုရေမွန် က ငှက်ဖျားကြောင့် သေရတာမဟုတ်ဘူး။ မိအောင်လှိုင်တို့ အာဏာရူးပြီး အာဏာသိမ်းလို့ သေရတာရယ်။ ဂစ်တာကိုင်ပြီး သီချင်းတွေ ဖန်တီးနေတဲ့သူတစ်ယောက် က တော်လှန်ရေးအတွင်းမှာ သေသွားတာ ဒင်းတို့ကြောင့်ပဲ။ လူတွေကသာ အနုပညာရှင် တစ်ယောက် ကြွေလွင့်လို့ ဝမ်းနည်းနေကြတာ။ စစ်ခွေးတွေကတော့ ဝမ်းနည်းဖို့ နေနေသာသာ အနုပညာဆိုတာ ဘာမှန်း ညာမှန်း သိကြတာမှ မဟုတ်ပဲ။ ဒီကောင်တွေကို ခွေးနဲ့ နှိုင်းရတာ တကယ်ဆိုရင် ခွေးတောင် နစ်နာသေးတယ်။ အိမ်ကခွေးကမှ သူ့သခင် ဆုံးသွားတော့ တပါတ်ကျော် တမှိုင်မှိုင် နဲ့ လွမ်းရဆွေးရ ဝမ်းနည်းရကောင်းမှန်းသိသေးတယ်။ ဒင်းတို့တွေက လူတွေ