Big Bag ရဲ့ Anger management album ကို နားထောင်ဖြစ်တယ်။ Album Cover မှာကိုပဲ Rating သတ်မှတ်ချက် ကို 18+ ဆိုပြီး ထည့်ပေးထားတယ်။ ဒါက ကိုယ်တွေ နိုင်ငံမှာ မြင်နေကျမှ မဟုတ်တာ။ ဟို ဖောင်းထုတဲ့ သီချင်း FMWO ကတော့ တော်တော် ဂယက် ရိုက်သွားတာပေါ့။ ရယ်စရာကတော့ audio CD မှာ ဆင်ဆာ မဖြတ်တော့ ဆဲတဲ့ စကားလုံးတွေ ပါလာပြီး Live show မှာ FMWO ကို ဆိုတော့ ဆဲတဲ့ စာသားတွေကို ဆင်ဆာဖြတ်ထားတယ်။ ထွက်ခါစကတော့ Starry Night တို့ ဘာတို့ကတော့ အတော် hot ဖြစ်ခဲ့တာပေါ့။ ကောင်းလည်း ကောင်းပါတယ်။ သတိရတယ် သီချင်းကလည်း အတော်ကောင်းတယ်။ သတိရတယ် MV ကို Pencil Animation Studio ကနေ ဆွဲ လိုက်တော့လည်း ထပ်ပြီး ပေါက်သွားပြန်ရော။ သတိရတယ် သီချင်းက သူဆိုနေကျပုံစံ မဟုတ်ပဲ EDM ပုံစံနဲ့ သီချင်း tempo လေးက တက်သွားတာ။ နောက်ဆုံး Solo တွေ ဝင်တဲ့နေရာဆို Live show မှာ လုံးဝ အလွင့်ဖြစ်ပြီး ပေါက်ကွဲထွက်လို့ ရတာမျိုး။ အဲ့ထဲကမှ နောက်ဆုံးအပုဒ် Running Away သီချင်းကို ကိုကျားပေါက် ဘယ်လို ခံစားချက်နဲ့ ရေးခဲ့လဲ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ဒီ album title ကိုက Anger Management ဆိုတော့ သူဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကို ဒီသီချင်းခွေထဲမှ...
I keep all of my memos here.