Skip to main content

Posts

Showing posts from April, 2020

Keymagic ကို MacOS မှာ install လုပ်နည်း

Mac OS အတွက် keymagic ထည့်ပုံ ထည့်နည်းကို တဆင့်ခြင်း ရေးပေးထားပါတယ်။ Mac OS version နဲ့ keymagic version ပေါ် မူတည်ပြီး နည်းနည်းတော့ ကွဲတာတွေ ရှိနိုင်ပါတယ်။ အရင်ဆုံး keymagic ကို Download လုပ်ပါ။ Click here to download Download လုပ်လို့ ရလာတဲ့ keymagic.pkg ကို double click နှိပ်ပြီး ဖွင့်လိုက်ရင် ခုလို ပြပါလိမ့်မယ်။ ဘာမှမဖြစ်ပါဘူး။ System Preference ထဲက Security & Privacy ကို ဖွင့်လိုက်ပါ။ အောက်ဘက်က သော့ ပုံလေးကို နှိပ်ပြီး ( password တောင်းရင် ရိုက်ထည့်ပေးလိုက်ပါ ) open anyway ကို နှိပ်ပါ။ နောက်ထပ် box တခု ပေါ်လာရင် open ကိုပဲ နှိပ်ပေးပါ။ ဒီလို error မျိုး တက်လာရင် installation location ကို ပြန်ရွေးပေးဖို့ လိုပါလိမ့်မယ်။ Quit ကို နှိပ်ပြီး အစကနေ ပြန်စပါ။ Install လို့ ပြီးသွားတဲ့ အခါ System Preference > Keyboard > ထဲက Input Source tab ကို သွားပြီး + ကို နှိပ်၊ keymagic ကို add လုပ်ပေးပါ။ ဒီတိုင်းမတွေ့ရင် Multiple Language ထဲမှာ ရှိပါလိမ့်မယ်။ Add ပြီးသွားရင်တော့ control + Space ကိုနှိပ်ပြီး keyboard switch ပြီး မြန်မာစာ ရိုက်လို့ရပါပြီ။ Keymagic မှာ ရွေးစ

Keymagic for Ubuntu

မုဒ်လေး ဝင်တုန်း စာရေးမယ် ဆိုပြီး လက်ပတော့ဖွင့်ပြီး စာရေးတယ်ပေါ့။ ရေးနေရင်း သဝေထိုးက ရှေ့က ရိုက်မိနေပြန်ရော( အကျင့်ပါသွားပြီလေ) အဲ့တာ မဖြစ်သေးပါဘူး ဆိုပြီး Ubuntu 19.04 မှာ keymagic ထည့်ဖို့ လုပ်တာ ဘယ် PPA ကမှ မရဘူး။ unicode.today လည်း မရဘူး။ ကိုကိုရဲ ဟာရော ubuntuMM ဟာရော နဲ့ အဆင်မပြေဘူး။ အဲ့တာ ထိုင်လုပ်နေတာ တော်တော်ကြာတယ်။ ‌နောက်ဆုံး ကိုနိုင်ရဲမင်း ဟာ သတိရသွားလို့ သူ့ one line install လေးနဲ့ ထည့်လိုက်တာမှ ရသွားတော့တယ်။ ရလည်း ရရော ညနေရောက်နေပြီ။ ပြန်အိပ်ချင်သွားပြီ 😵 $ mm_kb=https://github.com/naingyeminn/mm-kb/archive/master.zip $ wget $mm_kb 2> /dev/null || curl -OL $mm_kb $ unzip master.zip $ cd mm-kb-master $ sudo apt install make ibus-table -y $ sudo make install $ ibus-daemon -rdx $ im-co ဒါမှမဟုတ်ရင် ဒီတစ်ကြောင်းတည်းနဲ့လည်း ရပါတယ် ash <(wget -qO - http://tiny.cc/mm-kb-install 2> /dev/null || curl -L http://tiny.cc/mm-kb-install) ပြီးသွားရင် Settings > Region & LanguageSetting > ကို သွားပါ။ + ကို နှိပ်ပြီး Burmese ကို နှိပ်ပါ။ Burmese, Burm

Heilung ရဲ့ LIFA

မနေ့က ဂြိုလ်သား တယောက် မပြောမဆိုနဲ့ ကျွန်တော့်ဆီ ရောက်ချလာတယ်။ ငါ့ကို ဒီအခွေ လိုက်ရှာပေးစမ်းပါ တဲ့။ အဲ့တာနဲ့ သူရှာခိုင်းတဲ့ အခွေကို နားထောင်ဖြစ်သွားတယ်။ တကယ်တန်းက ဒီအခွေရှာပေးစမ်းပါ ဆိုတာက ဒီအခွေနားထောင်ကြည့် လို့ ပြောတာနဲ့ အတူတူပဲလေ။ Instrumental ကြိုက်တဲ့ သူတွေ အတွက် တော်တော် မိုက်တယ်။ ထုံးစံအတိုင်း Earphone, Headphone ကောင်းကောင်းနဲ့တော့ နားထောင်ဖို့ လိုတာပေါ့။ Heliung ဆိုတာက ဂျာမာန်လို ရေးထားတာ။ မြန်မာလို ဘာသာပြန်ရင်တော့ သွေးသစ်လောင်းခြင်း ပေါ့။ ဒီ Band က music တင် မဟုတ်ပဲ ကဗျာတွေပါ ပါတယ်လို့ ပြောတယ်ဗျ။ သီချင်းထဲမှာ သုံးတဲ့ ဘာသာစကား တွေ ကလည်း အတော်စုံသဗျ။ German, English, Gothic, Old High German, Icelandic, Old English, Proto-Norse, Proto-Germanic, and Viking ခေတ်က  Old Norse  တောင်ပါတယ် ပြောတယ်။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာက တီးထားတဲ့ တူရိယာတွေပဲ။ သံခေတ်က တူရိယာကစလို့ ကနေ့ခေတ်ပေါ်တူရိယာ ထိ အစုံတီးထားတာ။ 2018 August မှာတုန်းက အင်တာဗျူးတခုမှာ ဖြေထားတဲ့ အတိုင်း သူတို့ သုံးခဲ့တဲ့ တူရိယာတွေ ကို ပြောရရင် မြင်းသားရေ နဲ့ ကြပ်ထားပြီး လူသွေးနဲ့ ဆေးသုတ် အလှဆင်ထားတဲ့ ဒရမ်တစ်လုံး၊ သမင်သ

Covid19 ရက်စွဲများ

မြန်မာနိုင်ငံမှာ Covid ဆိုးဆိုးရွားရွား မဖြစ်ခင် ဇန်နဝါရီ လကုန်မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ ပြန်လာတဲ့ အချိန်မှာတောင် Singapore ကို ဝင်တာ  passport မှာ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က တရုတ်ကိုရောက်နေတာမို့ လို့ ပေးမဝင်ပါဘူးဆိုပြီး စလုံးမှာ အတော်တိုင်ပတ်သွားသေးတယ်။ အဲ့တာနဲ့ ပြန်ရောက်ရောက်ချင်း နယ်ပြန် လိုက်သေးတယ်။ ပုဂံတောင်ရောက်သွားသေးတယ်။ မတ်လ ၅ ရက်နေ့မှာ သင်တန်းတခု တက်စရာရှိလို့ ရန်ကုန်ကို ပြန်လာတယ်။ အဲ့တာနဲ့ပဲ ရန်ကုန်မှာ သောင်တင်တော့ပဲ။ အိမ်ကတော့ ပြန်ခေါ်တာပေါ့။ ဒါပေမယ့် မပြန်ချင်ဘူးဗျ။ ရန်ကုန်ကြီးကို ဒီအတိုင်း ထိုင်ကြည့်နေချင်တဲ့ စိတ် အာသီသ က အတော်ဖြစ်နေတာ။ အဲ့တာနဲ့ပဲ သင်္ကြန်တွင်းကို အိမ်မပြန်တော့ပဲ ရန်ကုန်မှာပဲ နေတော့တယ်။ Covid ပြီးရင်တော့ လူက ဝက်ဖြစ်ယုံတင် မကဘူး။ မျက်စိပါ ပါဝါတိုးမယ်ထင်တယ်။ အားနေတော့ အရင်ကထက် ဖုန်းနဲ့ laptop ကို ပိုသုံးဖြစ်နေတယ်လေ။ အဲ့တာနဲ့ အတော်ကြာတော့ ကိုမောင်ဆန်း  က Covid အတွက် data တွေ လုပ်ကြမယ်၊ အကုန်ဝိုင်းဖြည့်ရင် ခဏလေးနဲ့ ပြီးမယ် ဆိုတာနဲ့  Myanmar Unicode Area က လူတွေနဲ့ ဝိုင်းလုပ်လိုက်ကြတာ ၁ ရက်တည်းနဲ့ ရုပ်တန်းထွက်လာတာပဲ။ ဘာလို့ မြန်လဲ ဆိုရင် Covid စဖြစ်ကတည်းက

OSMO Pocket review

Review တွေ ရေးချင်ပေမယ့် ကိုယ်ကျွမ်းကျင်တဲ့ အရာ၊ လုပ်နေကျ အရာမဟုတ်တော့ သိပ် မလုပ်ရဲ မရေးရဲဘူး ဖြစ်နေတယ်။ ကိုယ်က ပိစိသေးသေး gadget တွေကို ကြိုက်တဲ့သူဆိုတော့ ဝယ်ဖြစ်သွားတာ။Video ရိုက်မယ်ဆို စိတ်ကူးမိတော့ ရှိပြီးသား Canon EOS M50 အတွက် Gimble ဝယ်မလား Pocket ပဲ ဝယ်မလား ရွေးရမယ်ဆိုတော့ သေးသေးကွေးကွေးလေးတွေ ကို ကြိုက်တဲ့ ကိုယ့် ဝသီ အတိုင်း Pocket ပဲ ရွေးလိုက်တယ်။ Pocket က တော်တော် အဆင်ပြေတယ်။ Vlog သမားတွေ အတွက် တကယ်ကို မရှိမဖြစ်ပဲ။ Travel သမားတွေ Travel Vlog သမားတွေ အတွက် တကယ်ကို RECOMMEND ပေးတယ်။ ကင်မရာ ကြီးလို ထုတ်လိုက် ထည့်လိုက်နဲ့ လုပ်စရာမလိုဘူး။ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်။  လိုအပ်တဲ့ အချိန် ထုတ်ရိုက်လိုက်ယုံပဲ။ ကောင်းကွက် တွေကတော့ ခြုံပြောရရင် အကောင်သေးတယ် အဆိပ်ပြင်းတယ်   ပြောရမှာပဲ။ လက်ထဲတနိုင်တပိုင်လေးနဲ့ 4K ရုပ်ထွက်တာ မိုက်တယ်ပေါ့။ Sensor size သေး တာတော့ မကောင်းတဲ့ အချက်ပေါ့။ သယ်ရပြုရလည်း အဆင်ပြေတယ်။ Pocket ဆိုတဲ့အတိုင်း အိတ်ထောင်ထဲ ထည့်သွားလို့ရတယ်။   ပြီးတော့ ကျွန်တော် စက်ဘီး စီးရင်း ရိုက်ဖို့ ဆိုပြီး ၅၀၀၀ တန် mount လေး ဝယ်ပြီး စက်ဘီးမှာ တပ်ပြီး ရိုက်တော့လည်း တော်တော်

မဘွတ်အဲ

တကယ်က ခေါင်းစဉ်လှအောင်လို့ ပေးလိုက်တာ။ MacBook Pro ဝယ်ဖြစ်သွားတာပါ။ အဓိက က Photoshop & Lightroom သုံးချင်လို့ ဝယ်လိုက်တာ။ အရင်သုံးနေတဲ့ Lenovo YOGA က သုံးနေတာ ၆ နှစ်ကျော်တော့ နည်းနည်း model အောက်လာတာပေါ့။ Lightroom ဖွင့်ရင် ၁၅ မိနစ်လောက် ထိုင်စောင့်ရတယ်။ Brush တချက်ဆွဲလိုက်ရင် ၃ မိနစ်လောက် စောင့်ရတယ်။ အဲ့ကောင် ဝယ်တုန်းက ဒီအတိုင်း သုံးလို့ရရင် ပြီးရော ဆိုပြီးပဲ ဝယ်လိုက်တာ။ အခုလို အလုပ်တွေ လုပ်မယ် လို့ စိတ်ကူး မရှိခဲ့ဘူးလေ။ အဲ့တာနဲ့ပဲ ဝယ်ဖြစ်သွားတယ်ပေါ့။ ဝယ်သာဝယ်ရတာ ဘတ်ဂျက် က လည်း ချိန်ရသေးတယ်။ နောက်ဆုံးကျတော့ Macbook Pro 2019 with touchbar ကို ဝယ်ဖြစ်သွားတယ်။ ဝယ်ပြီးမှ ရတဲ့နောင်တကတော့ 128GB ကို ရွေးမိတာပဲ။ဝယ်ပြီးမှ ထပ်ပြီးသိတာက ၂၀၁၆ နောက်ပိုင်း macbook model တွေကို HDD upgrade, RAM upgrade လုပ်လို့ မရတော့ဘူးဆိုတာပဲ။ ram, HDD အကုန် board ပေါ်မှာ soldered လုပ် အသေထိုင်ထားတာ။ ဆိုတော့ ဝယ်ကတည်းက တခါတည်း Storage, RAM များတာကို ရွေးဝယ်ဖို့ လိုပါလိမ့်မယ်။ MacOS ရဲ့ File system က အဲ့လောက် စားလိမ့်မယ်လို့ တွေးမထားမိတာကြောင့်လည်းပါတယ်။ ခုကျတော့ Photoshop, Lightroom, FinalCut pro ပဲ ထည့်ရသေးတယ်

2020 unicode

2020 ရောက်တော့ အတော်များများ မြန်မာယူနီကုဒ်ကို သုံးနေကြပြီ။ အခု ယူနီကုဒ် အကြောင်းတွေရေးထားတဲ့ ဒီ blog ကို ဖျက်ရမလား။ အသစ်ပြန်လုပ်ရမလား စဉ်းစားနေရတယ်။ ပြောသာပြောရတာ တကယ်ဖျက်မယ်ဆိုတော့ နှမျောတော့ နှမျောသား။