ယူနီကုတ် မသုံးဘဲနေတာကြာရင် ပိန်းတက်ပါသလားတဲ့?

Post ခေါင်းစဉ်ရဲ့အဖြေကိုတော့ ကိုယ်တိုင်ဘဲ တွေးကြည့်စေချင်ပါတယ်။

အတိတ်
ဟိုတနေ့ကရေးခဲ့တဲ့ သီပေါမင်း ပါတော်မူခဲ့တာ
ဘာလို့ပါတော်မူခဲ့ပါသလဲ ကျွန်တော်တို့ ခေတ်စနစ်နောက် အမှီမလိုက်နိုင်ခဲ့လို့ပါဘဲ ဘာလို့ မလိုက်နိုင်လဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု စွမ်းများလို့လဲ ဖြစ်နိုင်ပါတယ် ငါ့ဓါးတစ်ချက်ခုတ်ရင်ကွာ
အင်္ဂလိပ်တွေ ဘယ်လိုနေမလဲ ဒါပေမယ့် ဒါကိုသိမြင်တဲ့ ကနောင်မင်းသားကြီးကလဲ သူ့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ လုပ်ခဲ့ပါတယ်
အဲဒီအချိန်မှာ ကနောင်မင်းသားကြီးလိုမျိုး ၁၀ ယောက်ဘဲရှိလုံလောက်ပါတယ် မြန်မာပြည် သူ့ကျွန်ကျစရာမရှိခဲ့ပါဘူး
ဆိုတော့ နည်းစနစ်ပိုင်း ကျွန်တော်တို့ နိမ့်ကျခဲ့တယ်
ဆိုတော့ ဦးဆောင်သူ ဘုရင်ပါသွားခဲ့တယ် ပိန်းပိတ်အောင် မှောင်လို့မှမက မှောင်မိုက်ခဲ့မယ်ဆိုရင် မမှားပါဘူးလို့လေ။

ပစ္စုပန်
ထိုအတူ ယခုအခြေအနေကို ကြည့်ပါ အိုင်ဖုန်း ယိုးဒယား ဖိလစ်ပိုင်
အကုန် စီရီသူတို့ပြောတာ နားလည်ပါတယ် ပြန်ပြောနိုင်မယ်
မပြောနိုင်တောင် သိပ်မကြာမီရလာမှာပါဘဲ ဒါဘာကြောင့်လဲ ရှင်းပါတယ် ဆက်သွယ်ရေး အဆင်ပြေလို့ တို့တွေလဲ တယ်လီနော အမ်ပီတီ အူးအူးရီဒူး တို့ရှိနေပီ ဇော်ဂျီလဲရှိတယ် မရပါလား နောက် သူတို့ အင်္ဂလိပ်လဲမဟုတ် ဘာကြောင့်ပြေလဲ ယူနီကုဒ်စနစ်ကြောင့် အရင်းခံပါတယ် သူတို့တွေမှာ အကွဲအပြဲမရှိဘူးမဟုတ်ရှိတယ် ဒါပေမယ့် စံစနစ်ညီတဲ့ ဒေတာတွေ အပို့အယူရှိခဲ့တယ် ရှိနေကြပါတယ် အဲဒီအပေါ်အခြေခံပီးဘဲ ကျန်တာတွေဆက်လက်တိုးတက်သွားပါတယ် ဒါကြောင့်လဲ ပညာရှင်တွေက သုံးပါသုံးကြပါ တဆာဆာနဲ့ တိုက်တွန်းနေကြတာပါ ဒါပေမယ့် ကြာတော့လဲ စိတ်ပျက် လမ်းပျောက်ဆဲပါဘဲ၊ ရှိလို့ စုလို့ရသမျှလူတွေနဲ့ တတ်နိုင်သမျှလှမ်းနေဆဲပါဘဲ ဒါပေမယ့် အများ ပါဝင်လာမှဘဲ ဒါကရေရည်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မှာမျိုးပါ၊ ဒေတာပမာဏ အကြီးကြီးပေါ်မူတည်ပါလိမ့်မယ်၊ ရှာတာဖွေတာ တစ်ခုထဲကို မဆိုလိုပါဘူး ဒေတာ အသုံးက ကျယ်ပြန့်ပါတယ် ဒစ်ဂျစါတယ်စနစ်မှာ အားလုံးမှာ ဒေတာဟာ အက္ခရာကျနေပါတယ် ထုတ်လုပ်ရေး သုတေသန ဆေးရုံ ဆေးခန်း
ရုံးသုံး အရပ်သုံး စုံလင်ပါတယ် အဲဒီအထဲက အခုဇော်ဂျီအဆင်ပြေစေတဲ့ ဆက်သွယ်ရေး တစ်ခုထဲ မဟုတ်ပါဘူး။

အနာဂတ်
ပေါင်းစည်းပေးပါ တိုက်တွန်းပေးပါ ဘယ်လိုပြောင်းလဲမလဲ ကူညီစဉ်းစားပေးပါလို့ဘဲ တိုက်တွန်းပါရစေခင်ဗျာ ?

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode

ပြည်ထောင်စု font