Skip to main content

Posts

Showing posts from July, 2024

အလုပ် အကြွေးများ

 အလုပ် အကြွေးတွေ အတော်ပိနေပြီ။ Vlog ရိုက်မယ်ဆိုပြီး လုပ်ထားတာတွေလည်း များနေပြီ။ စာရေးမယ် ဆိုပြီး တေးထားတာတွေလည်း များနေပြီ။ အခုက မအားဘူးလို့ ပြောရအောင်လည်း အဲ့လောက်မအားတာ မဟုတ်ဘူး။ အချိန်ဆွဲတာရယ် ဝေ့လည်ကြောင်ပတ်လုပ်နေတာရယ်နဲ့ မလုပ်ဖြစ်ဘူးဖြစ်နေတာ။ အဲ့တော့ လုပ်ဖြစ်အောင် လုပ်ဦးမှဆိုပြီးတော့ပဲ ဒီစာကိုရေးလိုက်ပါတယ်။

𝙈𝙖𝙨𝙩𝙚𝙧𝙥𝙞𝙚𝙘𝙚 𝙎𝙥𝙧𝙞𝙣𝙜 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣 ဖောင့် (𝙐𝙥𝙙𝙖𝙩𝙚 - 𝙑𝙚𝙧𝙨𝙞𝙤𝙣 1.0)

  တကယ်က Version 1.0 ကို Sourceforge မှာ တင်ထားတာ ၃လကျော်ပြီ၊ အလုပ်များတာရော ပျင်းနေတာရောနဲ့ မရေးဖြစ်သေးတာ၊ အရင်ဗားရှင်းတွေမှာတုန်းက နသတ် နဲ့ ငသတ် ပုံစံကွဲကို Historic Ligatures feature နဲ့ထည့်ထားပြီး activate လုပ်ပေးမှ ပြောင်းတာပါ၊ ဒါပေမယ့် အပြင်မှာပြောင်းသုံးကြတာ တခါမှမတွေ့ဘူးသလိုပဲ၊ အထူးသဖြင့် နွေဦးတော်လှန်ရေးဆိုရင် သူ့မူရင်းနဲ့ လွဲသွားရော… ဒီဗားရှင်းမှာ Reph Form feature နဲ့ပဲ တခါတည်းပြောင်းအောင် ပြင်ထားပါတယ်၊ ကျန်တာတော့ အမှားလေးတချို့ပြင်ထားတာပါပဲ… အောက်ကဒေါင်းလုပ်လင့် အရင်အတိုင်းပါ။ ဖိုင်နာမည်မှာ နောက်ကဗားရှင်းနံပါတ်မပါတာက နောက်ဆုံးဗားရှင်းဖြစ်ပြီး အရင်ဗားရှင်းတွေကို နောက်ကဗားရှင်းနံပါတ်နဲ့ နာမည်ပြောင်းပေးထားပါတယ်။ Click Here To Download Credit to https://www.facebook.com/tmhtet

VPN နဲ့ပတ်သတ်ပြီး ပြောစရာလေးတွေ

iPhone အတွက် ဘယ် VPN သုံးရမလဲ လို့ မေးလိုက်တာ၊ Samsung အတွက် ဘယ် VPN ကို သုံးရမလဲ မေးလိုက်တာက အတော်ကို အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ VPN က device နဲ့ မဆိုင်ပါဘူး။ ကိုယ်သုံးတဲ့ အင်တာနက်လိုင်း ISP ( Internet Service Provider ) နဲ့ပဲ ဆိုင်တာပါ။ ဥပမာ ပြောရရင် ကျွန်တော်က Express VPN ကို သုံးတယ်ဆိုပါတော့။ ကျွန်တော်က ooredoo နဲ့ ဆိုတော့ သုံးလို့ရတယ်။ ဒါပေမယ့် MPT နဲ့ ဆိုရင်တော့ မရတော့ပါဘူး။ အိမ်သုံး wifi တွေလည်း အဲ့သလိုပါပဲ။ တခုနဲ့တခုက ရတဲ့ VPN ချင်း မတူပါဘူး။ အဲ့တာကြောင့် VPN ဘယ်ဟာသုံးရမလဲ မေးချင်ရင် သိချင်ရင် ကိုယ်သုံးတဲ့ wifi သုံးတဲ့ သူကိုပဲ မေးကြည့်တာ အကောင်းဆုံးပါ။ ကျွန်တော်သုံးနေတဲ့ VPN က ကျွန်တော့်အိမ်က wifi နဲ့ ရနေပေမယ့် ခင်ဗျားသုံးနေတဲ့ wifi နဲ့ ရချင်မှ ရတော့မှာကိုး။   နောက်တခု ရှိတာက စကစ က VPN တွေကို လိုက်ပိတ်တာပါ။ ဥပမာ ကျွန်တော် express VPN ကို အခု သုံးလို့ရနေပေမယ့် နောက်တစ်ပါတ်လောက်ဆို မရတော့ပါဘူး။ သူတို့ နည်းပညာက အင်တာနက်သုံးနေတဲ့ ကိုယ့်ကို ငုတ်တုတ်ထိုင်ကြည့်နေတာပါ။ ကိုယ့် traffic ကို ထိုင်ကြည့်နေ

Only Office Suit

  Office suit သုံးနေရင်း တနေ့က ubuntu မှာ သုံးဖို့ လိုက်ရှာမိတော့ Only Office ဆိုတဲ့ Office suit အသစ်ကို သွားတွေ့တယ်။ OS အကုန်လုံးအတွက် ရတယ်။ Window, MacOS, Linux, Android, iOS အပြင် Enterprise တွေ အတွက်ဆို Docker ပါ ရတယ်လို့ ပြောတယ်။ အရေးကြီးတာကတော့ personal တကိုယ်ရည်သုံး အတွက်ဆို Free ရပါတယ်။  ကျွန်တော်ဆို ဒီကောင် ကို install ပြီးကတည်းက MS Office ကို ဖြုတ်ထားလိုက်တော့တယ်။ MS ဆိုရင် storage ကလည််း အများကြီးနေရာယူတာလေ။ ဒီကောင်က lightweight လည်းဖြစ်တယ်၊ storage လည်း နေရာမယူဘူး။ ပိုက်ဆံပေးသုံးရင်တော့ တခြား အပို features တွေ ရပါလိမ့်မယ်။ သူတို့ website မှာ ဝင်ကြည့်လို့ ရပါတယ်။   UI ကလည်း MS နဲ့ တော်တော် တူအောင်လုပ်ထားတယ်လို့ ခံစားရတယ်။ Personal သုံးဖို့ MS Office နဲ့ တခြား ဝယ်ပြီးသုံးရတဲ့ office တွေ မသုံးချင်ဘူး၊ offline  လည်း ရအောင် သုံးချင်တယ်ဆို ဒီကောင်လေးကို စမ်းသုံးကြည့်ဖို့ ညွှန်းလိုက်ပါရစေ။   https://www.onlyoffice.com/