Skip to main content

Posts

Showing posts with the label Linux

Torrent သုံးပြီး ရုပ်ရှင် down မယ်

ကျွန်တော် ရုပ်ရှင်တွေကို YTS ကနေပဲ download လုပ်ပါတယ်။ YTS website က အမြဲ ကျကျ သွားတတ်တော့ သူ့ရဲ့ web address က အမြဲပြောင်းနေတတ်တယ်။ YTS dot BZ ကတော့ ကျွန်တော် သိတာ နောက်ဆုံးပဲ။ ဒါက Movie တွေ အတွက်ပေါ့။ YTS website က ရုပ်ရှင် ရှာရတာ လွယ်တယ်။ Download လုပ်ရတာလည်း ရှင်းတယ်။  Anime တွေကိုတော့  https://subsplease.org/  ကနေ download လုပ်တယ်။  https://nyaa.si/  မှာလည်း anime အပြင် တရုတ်က ဇာတ်ကားတွေပါ ရှိတယ်။ တလောက NOBODY ဇာတ်ကားလေး လိုချင်လို့ လိုက်ရှာတာ nyaa မှာပဲ ရှိတယ်။ တခြား ဘယ်ဆိုဒ်မှာမှ မရှိဘူး။ One Piece ဆိုလည်း ဒီကနေပဲ complete season ကို down လိုက်တာပဲ။ အကုန် အစုံ ရောသမမွှေထားတာဆို 1377x မှာ ရှာတယ်။ ဒီကောင်လည်း web address က အမြဲ ပြောင်းနေတာဆိုတော့ ကိုယ့်ဟာကိုပဲ လိုက်ရှာကြည့်။  နောက်ဆုံး ကတော့ မူလ လက်ဟောင်း The Pirate Bay ပဲ။  ဒါတွေက torrent ဆိုဒ်တွေပါ။ Torrent site ကနေ torrent file လေး ရလာပါလိမ့်မယ်။ အဲ့ torrent file လေးကို ကိုယ့် စက်၊ ကွန်ပျူတာ၊ ဖုန်းမှာ ရှိတဲ့ torrnet client နဲ့ ဖွင့်ပြီးမှ ရုပ်ရှင်ကို download လုပ်လို့ ရမှာပါ။ Torrent Client တွ...

Telegram Media Downloader

 Telegram က တချို့  private channel and private group တွေမှာ download လုပ်လို့ မရအောင် လုပ်ထားလေ့ရှိပါတယ်။ (သင်တန်း group တွေရယ်၊ ရုပ်ရှင် channel တွေရယ်ပါ၊ တခြား မတွေးစေချင် :P ) အဲ့က download လုပ်မရအောင် ပိတ်ထားတဲ့ video တွေကို download လုပ်လို့ ရအောင် လုပ်တဲ့ နည်းတော့ ရှိပါတယ်။ ကျွန်တော် သုံးနေတာလည်း တစ်နှစ်လောက်ရှိပါပြီ။ သူက browser ကနေ သုံးမှပဲ ရတာပါ။ Telegram app ထဲကနေ သုံးလို့ မရပါဘူး။  အရင်ဆုံး user script manager ကို install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Tampermonkey ကို သုံးပါမယ်။ https://www.tampermonkey.net/ ကိုယ်သုံးမယ့် browser ကို မူတည်ပြီး အောက်က link တွေကနေ တိုက်ရိုက် သွင်းလို့ ရပါတယ်။ Chrome:  Tampermonkey  or  Violentmonkey Firefox:  Greasemonkey ,  Tampermonkey , or  Violentmonkey Safari:  Tampermonkey  or  Userscripts Microsoft Edge:  Tampermonkey  or  Violentmonkey Opera:  Tampermonkey  or  Violentmonkey Maxthon:  Violentmonkey Add to Firefox ကိုနှိပ်ပြီး add ကို နှိပ်ပေးပါ။...

Local Send

 Cross platform တွေ သုံးတော့ file transfer လုပ်ရ file sharing လုပ်ရတာ ခေါင်းစားတယ်။ အခုတော့ အဲ့ ခေါင်းကိုက်တာကို ဖြေရှင်းပေးမယ့် software တစ်ခုတွေ့ထားလို့ စမ်းသုံးကြည့်လိုက်တယ်။ Platform အကုန်နီးပါးလည်း ရတယ်။ မြန်လည်းမြန်တယ်။ UI ကလည်း သုံးရတာ ရှင်းတယ်၊ minimal ဖြစ်တယ်။ အခုတော့ android to iOS,iPadOS, MacOS မှာ အဆင်ပြေပြေ သုံးလို့ ရတယ်။ window to android,iOS ကတော့ စမ်းမကြည့်ရသေးဘူး။ အဆင်ပြေမယ်လို့ ထင်ရတာပဲ။ File ပို့မယ့် device နဲ့ လက်ခံမယ့် device က wifi တစ်ခုတည်းကို ချိတ်ထားမှ ရမယ်။ Android phone ကနေ hotspot လွင့်ပြီး iPhone ကနေ အဲ့ hotspot ကို ချိတ်ထားလိုက်ရင်လည်း file share လို့ ရတယ်။ Android to iOS မှာ Android phone ကနေ ပို့တဲ့ ပုံက iOS ရဲ့ Photo ထဲ တန်းရောက်သွားတာက အဆင်ပြေတယ် ပြောရမယ်။  စမ်းကြည့်ကြဦး။ https://localsend.org/

Linux to Android & Android to Linux

 Linux သုံးတဲ့ သူတွေအတွက် android ဖုန်းတွေကနေ wireless file transfer လုပ်ဖို့ app အသစ်ထွက်လာပါပြီ။ ANDROID ရဲ့ Quick Share နဲ့ အလုပ်လုပ်တာဆိုတော့ android phone မှာ ဘာ app မှ ထပ်ထည့်ဖို့ မလိုတော့ဘူး။ စမ်းပြီးမှ post ကို update ထပ်လုပ်လိုက်မယ်။ အခုက တွေ့တွေ့ချင်း ရေးလိုက်တာမို့။ https://github.com/nozwock/packet

Flashing Stock Pixel rom on Mac OS

အရင်ဆုံး stock rom ကို down ပြီး extract လုပ်ပါ။  Stock Rom ကို Download လုပ်ရန် Link https://developers.google.com/android/images ပြီးရင် Android SDK ဖြစ်တဲ့ adb and fastboot ကို down ပြီး extract လုပ်ပါ။  https://developer.android.com/tools/releases/platform-tools Android SDK ကို extract လုပ်ပြီး ရလာတဲ့ file တွေကို စောန stock rom ကို extract လုပ်ထားတဲ့ folder ထဲ အတူတူထည့်ထားလိုက်ပါ။  ပြီးရင် fastboot ကို permission ပေးရပါ့မယ်။  Sudo chmod +x fastboot  လို့ ရိုက်ပါ။  Permission ပေးပြီးရင် stock rom folder ထဲက flash all . sh file ကို text editor တစ်ခုခုနဲ့ ဖွင့်ပါ။ အထဲက command တွေကို terminal မှာ တစ်ခုပြီး မှ တစ်ခု ရိုက်ပါ။  

ဒါက လိုတိုရှင်းနဲ့ အမြန်ဆုံး stock rom flash တဲ့နည်းပါ။ ဒီနည်းကို Linux နဲ့ Window မှာလည်း သုံးနိုင်ပါတယ်။ 

Free VPN for Myanmar

 လက်ရှိ ကျွန်တော်သုံးနေတဲ့ Free VPN လေးမျှပေးချင်လို့ပါ။ Free လည်းဖြစ်တယ်။ လိုင်းလည်း ကောင်းတယ်။ ads လည်း မတက်ဘူး။ သုံးရတာလည်း လွယ်တယ်။ iOS, Android, Window, Lunix, MacOS အကုန် support ပေးတယ်။  https://amnezia.org/  မှာ download လုပ်လို့ ရပါတယ်။ Click to download for Apple Devices Click to download for Android Devices Click to download APK file ( Google Play Store မရတဲ့ ဖုန်းတွေအတွက်) အသုံးပြုနည်းကတော့ software ကို install လုပ်ပြီးရင် အခု telegram bot က ပေးတဲ့ key ကို amneziaVPN ထဲမှာ paste လုပ်ပြီး connect လုပ်ပေးယုံပါပဲ။ Telegram က bot နာမည်က  @amnezia_free_myanmar_bot ပါ။ Window, Ubuntu & Mac အတွက်လည်း သူ့ website မှာ installer တွေ ရှိပါတယ်။ 

Express VPN Tips & Tricks

  Singapore marina bay Japan - Yokohama Singapore Jurong Japan Shibuya Japan osaka South Africa Pick for me  Lebanon Morocco  Italy - Naples  France - Strasbourg Canada - toronto-2 Canada - Montreal Georgia uk - wembley  UK - Midlands Hong Kong - 2  Germany - Nuremberg USA Seattle USA - New Jersey - 3 Network  အမျိုးအစားပေါ်မူတည်ပြီး   ချိတ်မရတာတွေရှိပါတယ်။ တစ်ခုမရတစ်ခုချိတ်ပေးပါ။ iOS => Options > Other Settings > VPN protocol > ikev2  မှာ   ထားပီး   အောက်ကနိုင်ငံတွေ   ချိတ်လို့ရပါတယ်။ PC/Andriod => Options > Other Settings > VPN protocol > Lightway - TCP  မှာ   ထားပီး   အောက်ကနိုင်ငံတွေ   ချိတ်လို့ရပါတယ်။ Singapore - Marina Bay Japan Osaka Japan - Yokohama USA - Santa Monica USA - Los Angeles - 5 USA - Houston USA - Tampa -1 USA - Dallas USA - Washington DC USA - New York Canada - Toronto -2 Canada - Montreal Italy - Naples France - Strasbourg Belgium Hungary Ghana Lebanon Morocco So...

𝙈𝙖𝙨𝙩𝙚𝙧𝙥𝙞𝙚𝙘𝙚 𝙎𝙥𝙧𝙞𝙣𝙜 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣 ဖောင့် (𝙐𝙥𝙙𝙖𝙩𝙚 - 𝙑𝙚𝙧𝙨𝙞𝙤𝙣 1.0)

  တကယ်က Version 1.0 ကို Sourceforge မှာ တင်ထားတာ ၃လကျော်ပြီ၊ အလုပ်များတာရော ပျင်းနေတာရောနဲ့ မရေးဖြစ်သေးတာ၊ အရင်ဗားရှင်းတွေမှာတုန်းက နသတ် နဲ့ ငသတ် ပုံစံကွဲကို Historic Ligatures feature နဲ့ထည့်ထားပြီး activate လုပ်ပေးမှ ပြောင်းတာပါ၊ ဒါပေမယ့် အပြင်မှာပြောင်းသုံးကြတာ တခါမှမတွေ့ဘူးသလိုပဲ၊ အထူးသဖြင့် နွေဦးတော်လှန်ရေးဆိုရင် သူ့မူရင်းနဲ့ လွဲသွားရော… ဒီဗားရှင်းမှာ Reph Form feature နဲ့ပဲ တခါတည်းပြောင်းအောင် ပြင်ထားပါတယ်၊ ကျန်တာတော့ အမှားလေးတချို့ပြင်ထားတာပါပဲ… အောက်ကဒေါင်းလုပ်လင့် အရင်အတိုင်းပါ။ ဖိုင်နာမည်မှာ နောက်ကဗားရှင်းနံပါတ်မပါတာက နောက်ဆုံးဗားရှင်းဖြစ်ပြီး အရင်ဗားရှင်းတွေကို နောက်ကဗားရှင်းနံပါတ်နဲ့ နာမည်ပြောင်းပေးထားပါတယ်။ Click Here To Download Credit to https://www.facebook.com/tmhtet

Only Office Suit

  Office suit သုံးနေရင်း တနေ့က ubuntu မှာ သုံးဖို့ လိုက်ရှာမိတော့ Only Office ဆိုတဲ့ Office suit အသစ်ကို သွားတွေ့တယ်။ OS အကုန်လုံးအတွက် ရတယ်။ Window, MacOS, Linux, Android, iOS အပြင် Enterprise တွေ အတွက်ဆို Docker ပါ ရတယ်လို့ ပြောတယ်။ အရေးကြီးတာကတော့ personal တကိုယ်ရည်သုံး အတွက်ဆို Free ရပါတယ်။  ကျွန်တော်ဆို ဒီကောင် ကို install ပြီးကတည်းက MS Office ကို ဖြုတ်ထားလိုက်တော့တယ်။ MS ဆိုရင် storage ကလည််း အများကြီးနေရာယူတာလေ။ ဒီကောင်က lightweight လည်းဖြစ်တယ်၊ storage လည်း နေရာမယူဘူး။ ပိုက်ဆံပေးသုံးရင်တော့ တခြား အပို features တွေ ရပါလိမ့်မယ်။ သူတို့ website မှာ ဝင်ကြည့်လို့ ရပါတယ်။   UI ကလည်း MS နဲ့ တော်တော် တူအောင်လုပ်ထားတယ်လို့ ခံစားရတယ်။ Personal သုံးဖို့ MS Office နဲ့ တခြား ဝယ်ပြီးသုံးရတဲ့ office တွေ မသုံးချင်ဘူး၊ offline  လည်း ရအောင် သုံးချင်တယ်ဆို ဒီကောင်လေးကို စမ်းသုံးကြည့်ဖို့ ညွှန်းလိုက်ပါရစေ။   https://www.onlyoffice.com/

Bootable USB Creator for Linux

 Window တင်ဖို့ Ubuntu ပေါ်ကနေ Bootable USB လုပ်မယ်ဆိုပြီး ခါတိုင်းလုပ်နေကျ balena etcher နဲ့ လုပ်လိုက်တယ်။ USB stick ကို တပ်တယ်၊ boot တက်တယ်။ boot list မှာ တက်မလာဘူး။ ဘာဖြစ်လို့လည်း လိုက်ရှာတော့ Window 10 ဆိုတော့ UEFI mode နဲ့မှ ရမှာ ဖြစ်ပြီး etcher က Legacy mode နဲ့ bootable လုပ်ပေးလိုက်တာဆိုတော့ မတက်တော့ဘူးဖြစ်နေတာ။ UEFI mode နဲ့ bootable လုပ်ဖို့ကလည်း Rufus နဲ့ပဲ ရတယ်လို့ပဲ ကိုယ်က သိထားတယ်။ Rufus ကလည်း window ပေါ်မှာပဲ ရှိတယ်။ အဲ့တာနဲ့ အင်တာနက်ပေါ် ဟိုရှာ ဒီရှာလုပ်တော့လည်း ဘာမှ ထူးခြားတာ မတွေ့။ နောက်ဆုံးကျမှ WoeUSB ကို သွားတွေ့တယ်။ အဲ့ကောင်နဲ့ကျမှပဲ Linux ပေါ်မှာ  UEFI bootable USB ကို လုပ်လို့ ရသွားတော့တယ်။  https://github.com/WoeUSB နောက်ထပ် bootable လုပ်တဲ့ software တစ်ခုလည်း ကိုကိုရဲ ညွှန်းလို့ ဝင်ကြည့်ဖြစ်တယ်။ ဒီကောင်လည်း စိတ်ဝင်စားစရာပဲ။ နောက်လမ်းကြုံမှ စမ်းရမယ်။ https://www.ventoy.net/en/index.html

စပူတီဖိုင်း ဒေါင်းလုဒ်ဒါ

  အရင်က သီချင်းတွေ download လုပ်ချင်ရင် website ပေါင်းစုံ ရှာရဖွေရနဲ့ ဂျင်းမိတာတွေလည်း ရှိရဲ့။ အခုတော့ streaming တွေ လည်း ရှိလာတော့ အတော် အဆင်ပြေနေပြီပေါ့။ ပြဿနာက data ဈေးတွေက တက်၊ ကိုယ်ကလည်း အင်တာနက် အမြဲ မရနေတော့ offline နားထောင်တာကိုပဲ အားသန်နေတုန်း။ အဲ့တာနဲ့ ဆင်ကြံ ကြံရင်း spotify က သီချင်းတွေ ကို သွားတွေ့တယ်။ ဝယ်နားထောင်ဖို့ကလည်း လစဥ်ကြေးဖိုးက မနည်းဘူး။ ( အရင်က Joox က သီချင်းတွေ သွားသွား down နေတာလေ ) အဲ့တာ တချို့ spotify downloader တွေကလည်း ဝယ်ရတာများတယ်။ အဲ့တာ လိုက်ရှာရင်း ဒီ telegram bot လေးကို သွားတွေ့တယ်။ ဘာမှ မခက်ဘူး။ ကိုယ် download လုပ်ချင်တဲ့ သီချင်းရဲ့ spotify link ကို ဒီမှာ သွားပို့လိုက်တာနဲ့ သီချင်းကို download လုပ်ပြီး ပြန်ပို့ပေးတယ်။ အေးဆေး down ပြီး ဖုန်းထဲ ထည့်ယုံပဲ။ Album link ပို့လိုက်ရင် album တခုလုံးစာ ပြန်ပို့ပေးတယ်။ android ဖုန်း နဲ့ web telegram or telegram desktop app ကနေဆို ပိုအဆင်ပြေမယ်။ iOS ကတော့ သိတဲ့အတိုင်းပဲ Music ထဲ ရောက်မှာ မဟုတ်ဘူး။  https://t.me/Spotify_downloa_bot...