အခုနောက်ပိုင်း ရှုတ်ထွေးလာတဲ့ပြဿနာတစ်ခုက ' တ ' နဲ့ ' တစ် ' ပြဿနာဖြစ်ပါတယ်။ ' တ ' ရေးမလား ' တစ် ' ရေးမလား၊ ဇဝေဇဝါဖြစ်နေတတ်ပါတယ်။အကြမ်းဖျင်းအားဖြင့်တော့ ကိန်းဂဏန်းလို့အဓိပ္ပါယ်ရရင် ' တစ် ' လို့ ရေးပါတယ်။ဒီလိုမှမဟုတ်ဘဲ စကားအစပ်အဆက်အနေနဲ့ စကားလုံးဖြစ်အောင်သုံးတဲ့အခါ ' တ ' လို့ ရေးပါတယ်။ " သူ တငိုငို တရယ်ရယ်ဖြစ်နေတယ် " လို့ဆိုရင် ' တ ' ပါ။ ' တစ် ' နဲ့မဆိုင်ပါဘူး။ ' တစ်ရံရောအခါ ' ၊ " တစ်ခါတုန်းက " ဆိုရင်တော့တစ်ခါ၊နှစ်ခါ၊ သုံးလေးခါအရေအတွက်ဖြစ်တဲ့အတွက် " တစ် " လို့ မှတ်ရပါမယ်။ တစ်ခါ တစ်ခါ တချို့ကိစ္စတွေက အရေအတွက်ဟုတ်သလား၊မဟုတ်သလားမပြောနိုင်တဲ့အခါ ၊အူကြောင်ကြောင်စကားလုံးတွေ တွေ့တဲ့အခါမှာ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ " တစ်ခါတလေ " ဆိုတဲ့စကားမှာ " တစ်ခါ " မှာကျတော့ " စ " သတ်တယ်၊ ' တလေ ' မှာကျတော့ " စမသတ် " ပါဘူး။ဘယ့်နှယ်လုပ်မလဲဆိုတော့ ကျွန်တော်လဲ မတတ်နိုင်ပါဘူး။ဆရာကြီးမင်းသုဝဏ်ရဲ့ ' လူလည်းတစ်ထွေ ရေလည်းတခြား
I keep all of my memos here.