Skip to main content

Posts

Showing posts with the label Ebook

XT Eink X4

  ဒီကောင်လေး ခဏ ခဏတွေ့နေတာရယ် စမ်းချင်တာရယ် ဒါလေး နဲ့ ဆို စာ တကယ်ဖတ်ဖြစ်နိုင်မလား ဆိုတာရယ် သိချင်တာနဲ့ ဝယ်စမ်းကြည့်လိုက်တယ်။ တခြား သူတွေတော့ မသိဘူး။ ကိုယ့်ဆီရောက်လာတော့ Unlock လုပ်ထားပြီး သား၊ 3rd party firmware နဲ့ ကိုပဲ လာတာ။ Stock Rom နဲ့ မဟုတ်ဘူး။ EU မှာ ရောင်းတဲ့ တချို့ အလုံးတွေက Lock လုပ်ထားတော့ Stock firmware နဲ့ ဖြစ်ပြီး တခြား Rom တင်မရလို့ reddit မှာ ပြောဆိုနေကြလေရဲ့။ ကိုယ်ဝယ်တဲ့ region ပေါ်မူတည်ပြီး firmware မတူကြဘူး။ 3rd party firmware တွေက ပိုကောင်းတယ်။ ပိုပြီး optimized ဖြစ်တယ်။ ပိုပြီး features စုံတယ်။   Crosspont နဲ့ crossink က နာမည်ကြီးတယ်။ arabic or japan or chinese cjk သမားတွေအတွက် သီးသန့် firmware တွေလည်း ရှိတယ်။   Aliexpress က တချို့ အလုံးတွေမှာ lock လုပ်ထားတာတွေ ရှိတယ်။ unlock ပြန်လုပ်ပြီး custom firmware ထည့် လို့ ရအောင် လုပ်ဖို့ နည်း ရှိတယ်။   First impression ကတော့ သေးတယ်။ သေးတော့ စာအုပ် တကယ်ဖတ်မယ်ဆို ( ဝတ္ထုရှည် တစ်အုပ် လုံး ပြီးအောင် ဖတ်တာ ) အားမရဘူးလို့ မြင်မိတယ်။ Kin...

MYANOCR

 ကို ငြိမ်းချမ်းကိုကိုရဲ့ Myan OCR ကို သုံးပြီး pdf file က မြန်မာစာတွေကို text အနေနဲ့ ပြန်ထုတ်တာကို video tutorial လုပ်ထားတာပါ။ MacOS မှာတော့ pdf file ကနေ စာမျက်နှာတွေကို ခွဲထုတ်လို့ လွယ်ပါတယ်။ Window နဲ့ Linux မှာတော့ ဘယ်လိုလုပ်ရမလဲ ရှာလိုက်ပါဦးမယ်။ 

Ornagai For Kindle

Kindle Paper White နဲ့ စာဖတ်တဲ့ အခါမှာ တစ်ခါတစ်လေ မသိတဲ့ စာလုံးတွေကို Kindle မှာ ပါတဲ့ Oxford English To English ကို အသုံးပြုဖြစ်တာ များတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ အပတ်က စာဖတ်ရင်းနဲ့ Ornagai Dictionay ရရင် ပိုကောင်းမှာပဲ လို့ စဉ်းစားမိပြီး ဒီအပတ်မှာ Kindle ကို Custom Dictionary support လုပ်မလုပ် ရှာကြည့်ဖြစ်တယ်။ ကံကောင်းတာက Kindle က custom dictionary အလုပ်လုပ်ပါတယ်။ နောက်ပြီးတော့ Unicode font ပါပြီးသား ဖြစ်တဲ့ အတွက်ကြောင့် font ပြဿနာ မရှိဘူး။ သို့ပေမယ့် Unicode Rendering အလုပ်မလုပ်တဲ့ အတွက်ကြောင့် တဝေထိုး ၊ ရရစ် ၊ ပက်ဆင့် စတာတွေကို ကောင်းကောင်း မပေါ်ဘူး။ သို့ပေမယ့်လည်း စာလုံးတွေကို မှန်းပြီးတော့ ဖတ်လို့ ရတဲ့ အတွက် အဆိုးကြီးတော့ မဟုတ်ပါဘူး။ Ornagai ကို Kindle မှာ အသုံးပြုချင်ရင်တော့ Ornagai.mobi ကို Download ချပါ။ ပြီးရင် Kindle ကို Computer နဲ့ ချိတ်။ documents > dictionaries အောက်မှာ Ornagai.mobi ကို ထည့်လိုက်ပါ။ ပြီးရင် Kindle က Settings > Device Options > Language and Dictionaries > Dictionaries > English > Ornagai ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့ Kindle မှာ...