Skip to main content

Posts

Showing posts from 2022

အဝါရောင် လိပ်ပြာ အကြောင်း

သီချင်းတွေ နားထောင်မိတိုင်း ကဗျာတွေ ဖတ်မိတိုင်း ကိုယ်နဲ့အကြိုက်ချင်းတူတဲ့ မင်းကို သတိရတယ်။  ကိုယ်လည်း လေးဖြူ ကို ကြိုက်တာပဲ။ ဒါပေမယ့် မင်းနဲ့တွေ့မှ ကိုယ်နားမထောင်ဖူးသေးတဲ့ လေးဖြူသီချင်းတွေ ရှိတယ် ဆိုတာ ကိုယ်သိသွားတယ်။  မင်း ကျောင်းတက်တုန်းက ရေးခဲ့တဲ့ ကဗျာ‌တွေကို ဖတ်လိုက်ရတော့ တကယ် မလေးစားပဲ မနေနိုင်ဘူး။ တကယ် ပြောတာ။ အခု ကိုယ် စာရေးနေတယ် ဆိုပေမယ့် မင်းရေးတဲ့ စာတွေရဲ့ ခြေဖျား ကို မမှီဘူး ဆိုတာ ကိုယ် ဝန်ခံရဲတယ်။ မင်းက ကိုယ့်ထက် စာဖတ်ပိုများတယ်။ ပိုပြီးလည်း စာဖတ်အားကောင်းတယ်။ ကိုယ် အသက် ၂၄ လောက်ကစပြီး စာဖတ် နည်းသွားတယ်။ စာအုပ်တွေ ဘာ အသစ်ထွက်မှန်းတောင် မသိတော့ဘူး။ စာအုပ်နဲ့ အဆက်အသွယ် ပြတ်သွားတယ် ဆိုပါတော့။ အဲ့တော့ စာဖတ်နည်းတော့ စာရေးတာလည်း အကုန်တလွဲတွေ ဖြစ်ကုန်တာပေါ့။ ကိုယ် စာရေးတယ် ဆိုတာကလည်း မင်းအကြောင်းတွေးမိတိုင်း စိတ်ထဲမှာ ရေးရင်းနဲ့ ညရောက်တော့ ဒီထဲ ချရေးဖြစ်သွားတာ။  မင်းကို စတွေ့တုန်းက ကိုယ့်ရဲ့ တခြား version တခုကို တွေ့လိုက်ရသလိုပဲ။ ကိုယ်ငယ်ငယ်က ဖြစ်ချင်ခဲ့ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်ကို မင်းက လုပ်နေတာကိုး။ ကိုယ်တကယ် လေးစား အားကျခဲ့တယ်။ ( နောက် မှ သိတာက မင်း အဲ့ဒီအလုပ်မှာ မပျော်ဘူးဆိုတာပဲ

ကြောင်စာ

ကြောင်အတွက် ရေးထားတဲ့စာမို့ ကြောင်စာ လို့ ခေါင်းစဥ်တပ်ရတာပါ။   ခင်ဗျား တွေးကောင်းတွေးလိမ့်မယ်။ ကြောင်တွေက ဘလော့ က စာ ကို ဖတ်ပါ့မလားပေါ့။ ခင်ဗျား မှန်တယ်။ ကြောင်က လူရေးတဲ့ စာ ကို ဘယ်လိုလုပ်ဖတ်တတ်ပါ့မလဲ။ ဒါပေမယ့်ဗျာ ဒီစာကို ရေးဖြစ်တာကလည်း ကြောင်တစ်ကောင် က တောင်းဆိုလို့ဗျ။   အခု အသည်းကွဲပြီးတဲ့နောက်ပိုင်း People come and go ဆိုပြီး နေလာလိုက်တာ အတော်ကြာပြီ။ ဒီမတိုင်ခင်ကလည်း ဒီလိုပဲ ဝင်လိုက် ထွက်လိုက် သွားလိုက်လာလိုက် ပြန်လာလိုက် ပြန်သွားလိုက်နဲ့ နေလာတာ မွေးကတည်းပဲ ဆိုပါတော့။   ဒီနှစ်ထဲမှာ လူတစ်ယောက် ကျွန်တော့်ဘဝထဲကနေ ထွက်သွားတယ်။ အဲ့လူတစ်ယောက် နေရာမှာ ကြောင်တွေ ရောက်လာတယ်။ အဲ့ထဲက တစ်ကောင်ကတော့ ကြောင်အစစ်ပါ။ ကျန်တာတွေက metaphors တွေပေါ့။ အိမ်မွေးတိရိစ္ဆာန် အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တစ်ကောင်မှ မမွေးဖူးဘူး။ ခုလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ လမ်းဘေးက ကြောင်တစ်ကောင်က ကိုယ့်ရင်ခွင်ထဲ အတင်းတိုးဝင်လာတာက စပြီး ဘေးနား ခေါ်ထားမိသွားတယ်။ သူနဲ့ ဆော့ပေးနေတဲ့အချိန်ရယ်လို့လည်း မရှိခဲ့ပါဘူး။ ကိုယ်အပြင်သွားရင် သူအိပ်ပြီးနေခဲ့တာ များတယ်။ ကိုယ်

Emergency Rescue

အဲ့နေ့က စိတ်နဲ့ ကိုယ်နဲ့ သိပ်မကပ်ဘူး။ တကယ်က အဲ့နေ့ကမှ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့နေ့က စ လို့ပေါ့။ ထားပါတော့။ အဲ့တာ တနေကုန် တိုင်ပတ်နေရင်းနဲ့ ညနေရောက်တော့ စိတ်က အတော်ကို ရှုပ်လာတယ်။ အဲ့တာနဲ့ အခန်းရှင်းမယ်ကွာ ဆိုပြီး အခန်းထဲက အဝတ်အညစ်တွေ ကို အရင်စု ပြီး အဝတ်လျှော်စက်ထဲ သွားထည့်၊ အခန်းပြန်လာပြီး ရှင်းနေတာပေါ့။ ရှင်းနေရင်း ၁၅ မိနစ်လောက်နေတော့မှ ရုတ်တရက် ခေါင်းထဲ ရောက်လာတာက Fiio တွေ။ ဟုတ်တယ် Fiio တွေ။ ဘောင်းဘီထဲကနေ မထုတ်မိပဲ အဝတ်လျှော်စက်ထဲ ထည့်မိလိုက်တာ။ အဲ့တာနဲ့ ပြေးပြီး သွားထုတ်ရတာပေါ့။ ထုတ်လိုက်ပေမယ့် မမှီတော့ဘူး။ အထဲမှာ ရေတွေက အပြည့်ဝင်သွားပြီ။ နားကြပ်မှာဆို အထဲက Fiio logo လေးတောင် တစစီဖြစ်နေပြီ။ ဆန်အိုးထဲ ထည့်မယ် လုပ်တော့ အိမ်မှာ ဆန်ကုန်နေတယ် :3   အဲ့တာနဲ့ ဆရာ ကိုဝင်းနောင်ဆီဖုန်းဆက်ပြီး ပေါင်းအိုး ရှိရင် လာထည့်ချင်လို့ ဆိုပြီး မေးတော့ သူက မထည့်နဲ့တဲ့။ ( ဒီနေရာမှာ ပြောတဲ့ ပေါင်းအိုး ဆိုတာက ဖုန်းတွေ ရေဝင်ရင် တစစီဖြုတ်ပြီး အဲ့ ပေါင်းအိုးလေးထဲကို ထည့်ပြီး ရေထုတ်တဲ့ စက်တမျိုးပေါ့။ )   အဲ့တာတွေက တကယ် effect

စပူတီဖိုင်း ဒေါင်းလုဒ်ဒါ

  အရင်က သီချင်းတွေ download လုပ်ချင်ရင် website ပေါင်းစုံ ရှာရဖွေရနဲ့ ဂျင်းမိတာတွေလည်း ရှိရဲ့။ အခုတော့ streaming တွေ လည်း ရှိလာတော့ အတော် အဆင်ပြေနေပြီပေါ့။ ပြဿနာက data ဈေးတွေက တက်၊ ကိုယ်ကလည်း အင်တာနက် အမြဲ မရနေတော့ offline နားထောင်တာကိုပဲ အားသန်နေတုန်း။ အဲ့တာနဲ့ ဆင်ကြံ ကြံရင်း spotify က သီချင်းတွေ ကို သွားတွေ့တယ်။ ဝယ်နားထောင်ဖို့ကလည်း လစဥ်ကြေးဖိုးက မနည်းဘူး။ ( အရင်က Joox က သီချင်းတွေ သွားသွား down နေတာလေ ) အဲ့တာ တချို့ spotify downloader တွေကလည်း ဝယ်ရတာများတယ်။ အဲ့တာ လိုက်ရှာရင်း ဒီ telegram bot လေးကို သွားတွေ့တယ်။ ဘာမှ မခက်ဘူး။ ကိုယ် download လုပ်ချင်တဲ့ သီချင်းရဲ့ spotify link ကို ဒီမှာ သွားပို့လိုက်တာနဲ့ သီချင်းကို download လုပ်ပြီး ပြန်ပို့ပေးတယ်။ အေးဆေး down ပြီး ဖုန်းထဲ ထည့်ယုံပဲ။ Album link ပို့လိုက်ရင် album တခုလုံးစာ ပြန်ပို့ပေးတယ်။ android ဖုန်း နဲ့ web telegram or telegram desktop app ကနေဆို ပိုအဆင်ပြေမယ်။ iOS ကတော့ သိတဲ့အတိုင်းပဲ Music ထဲ ရောက်မှာ မဟုတ်ဘူး။  https://t.me/Spotify_downloa_bot တခါတလေ ဆ

Adobe Series မှာ Myanmar Unicode မှန်အောင်ပြင်ခြင်း

  Adobe 2022 မှာတော့ မြန်မာ Unicode ကို အလိုလိုသိတဲ့စနစ်မျိုးပါလာတာသတိထားမိပါတယ်၊ Default အနေနဲ့ Myanmar Text နဲ့ပေါ်ပေးတာကိုတွေ့ရပါတယ်၊ ဖောင့် Search လုပ်တဲ့နေရာမှာလဲ စာလုံးနမူနာပြတဲ့နေရာမှာ မြန်မာလို က,ခ,ဃ,င ဆိုပြီးပြလာတာတွေ့ရပါတယ်။ တချို့စက်တွေမှာ ပြင်စရာမလိုပဲ အမှန်တန်းပေါ်ပေမဲ့ တချိုစက်တွေမှာတော့ ပြင်ဖို့လိုနေတတ်တာမို့ Adobe မှာ မြန်မာ Unicode ချိန်နည်းလေးကို ထက်မံမျှဝေလိုက်ပါတယ်။

Install Warp VPN on Ubuntu 22.04

 Download and install deb package from  https://pkg.cloudflareclient.com/packages/cloudflare-warp After that install this on terminal sudo apt install cloudflare-warp   After installation, register warp warp-cli register   To connect VPN, run this command warp-cli connect   To disconnect, run this command warp-cli disconnect      

အရင်အတိုင်းပဲလား

  အရာရာက အရင်အတိုင်းပဲလား။ ကျွန်တော့်အတွက်တော့ အရာရာက အရင်အတိုင်းပါပဲ။ သူမ မရှိတော့ပေမယ့် ကျွန်တော့်ပိုက်ဆံအိတ်ထဲက သူမ ဓါတ်ပုံလေးက အရင်အတိုင်း ရှိနေတုန်းပဲ။ ကျွန်တော့် laptop log in password ကလည်း သူမ နာမည်နဲ့ ရှိနေတုန်းပဲ။ ကျွန်တော့် security code ကလည်း သူမ မွေးနေ့ နဲ့ ရှိနေဆဲပဲ။ ကမ္ဘာကြီးကလည်း အရင်လို လည်ပတ်နေဆဲပဲ။ ဘာတွေ ပြောင်းလဲသွားလဲ။ ဘာမှ မပြောင်းလဲဘူး။ အရာရာ အရင်အတိုင်းပဲ မဟုတ်လား။ ကျွန်တော့်ကိုယ့်ဟာကိုယ် ညာနေတာပါ။ အရင်လို ကျွန်တော် မပျော်တော့ဘူး။ သူမ မရှိတော့ဘူးဆိုတဲ့ ခံစားချက်က ကျွန်တော့်ကို နေ့နေ့ညည နှိပ်စက်နေတယ်။ ညအိပ်ခါနီးတိုင်း သူမ ဘယ်လိုများ အိပ်ပျော်အောင် အိပ်မလဲ ဆိုပြီး အတွေးတွေနဲ့ကျွန်တော် အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော် ဆေးလိပ်တွေ ပိုသောက်ဖြစ်တယ်။ ဆေးလိပ်က ထွက်ပေါက်မဟုတ်မှန်း တော့ သိတာပေါ့။ နီကိုတင်းက stress တော့ လျော့စေတယ်လေ။ နောက်ပြီး ဆေးလိပ်သောက်ပြီး နည်းနည်းမူးလာတော့ အိပ်ပျော်သွားတာပေါ့။ မသိခြင်းတွေ မရှိခြင်းတွေ မမြဲခြင်းတွေအကြောင်းပြောတတ်တဲ့ အိမ်လွမ်းနေတဲ့ ဂြိုလ်သားတစ်ယောက် အကြောင်းကို ပြေ