တနေ့ကမှ ကိုယ့်ဟာကိုယ် အလုပ်ခွင်ထဲမှာ အရင်ကလို မဟုတ်တော့ပဲ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးနဲ့လုပ်နေမိတာပဲဟ ဆိုပြီး ရုတ်တရက် တွေးမိတယ်။ အရင်လို စိုးရိမ်ပူပန်ကြောင့်ကျနေစရာ ဘာမှ မရှိတော့ဘူးလား။ အရင်တုန်းကဆို အင်တာနက်လိုင်းပြတ်သွားပြီဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားပြီ ဆိုတာနဲ့ လောင် တော့တာပဲ။ သူ အဆင်ရောပြေရဲ့လား။ နေရောကောင်းရဲ့လား။ မေးခွန်းပေါင်းများစွာနဲ့ ပူပန်သောက ရောက်နေရတဲ့ အဖြစ်ကနေ သူနဲ့ ကိုယ်နဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိတော့ဘူး ဆိုတဲ့ အခြေအနေကို ဝုန်းဒိုင်းကြီးရောက်သွားတယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ကိုယ်လည်း အဲ့လို စိတ်ဒုန်းဒုန်းချပြီး စိတ်ပြတ်နိုင်မယ်လို့ မထင်မိခဲ့ဘူး။ Time will heal ဆိုတာတော့ လက်ခံလိုက်ရတယ်။ အချိန်တခုက ကုစားပေးသွားတာပါပဲ။ ခုတော့ ဘယ်သူ့ ဘယ်သူကိုမှ စိတ်ပူစရာလည်း မရှိတော့ဘူး။ ကိုယ်မရှိပဲ နေနိုင်သွားပြီဆိုတာလည်း သေချာသွားပြီလေ။ ကိုယ်က သူ့အတွက် ရှိနေစရာမလိုတော့ဘူး။ ကိုယ်က ကိုယ့်အတွက်ပဲ ဖြစ်သွားပြီ။ အဲ့ဒီစိတ်နဲ့အတူ အတ္တတွေလည်း ပိုကြီးလာတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တော့တာမျိုးပေါ့။ ဘယ်သူ့အတွက်မှ စိတ်ထဲ ထည့်မနေတော့ဘူး။ သူမအတွက် ရေးထားတဲ့ စာတွေကိုလည်း တခါတည်း ဖျက်လိုက်ရင်
I keep all of my memos here.