Skip to main content

Posts

Showing posts from June, 2022

Install Warp VPN on Ubuntu 22.04

 Download and install deb package from  https://pkg.cloudflareclient.com/packages/cloudflare-warp After that install this on terminal sudo apt install cloudflare-warp   After installation, register warp warp-cli register   To connect VPN, run this command warp-cli connect   To disconnect, run this command warp-cli disconnect      

အရင်အတိုင်းပဲလား

  အရာရာက အရင်အတိုင်းပဲလား။ ကျွန်တော့်အတွက်တော့ အရာရာက အရင်အတိုင်းပါပဲ။ သူမ မရှိတော့ပေမယ့် ကျွန်တော့်ပိုက်ဆံအိတ်ထဲက သူမ ဓါတ်ပုံလေးက အရင်အတိုင်း ရှိနေတုန်းပဲ။ ကျွန်တော့် laptop log in password ကလည်း သူမ နာမည်နဲ့ ရှိနေတုန်းပဲ။ ကျွန်တော့် security code ကလည်း သူမ မွေးနေ့ နဲ့ ရှိနေဆဲပဲ။ ကမ္ဘာကြီးကလည်း အရင်လို လည်ပတ်နေဆဲပဲ။ ဘာတွေ ပြောင်းလဲသွားလဲ။ ဘာမှ မပြောင်းလဲဘူး။ အရာရာ အရင်အတိုင်းပဲ မဟုတ်လား။ ကျွန်တော့်ကိုယ့်ဟာကိုယ် ညာနေတာပါ။ အရင်လို ကျွန်တော် မပျော်တော့ဘူး။ သူမ မရှိတော့ဘူးဆိုတဲ့ ခံစားချက်က ကျွန်တော့်ကို နေ့နေ့ညည နှိပ်စက်နေတယ်။ ညအိပ်ခါနီးတိုင်း သူမ ဘယ်လိုများ အိပ်ပျော်အောင် အိပ်မလဲ ဆိုပြီး အတွေးတွေနဲ့ကျွန်တော် အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော် ဆေးလိပ်တွေ ပိုသောက်ဖြစ်တယ်။ ဆေးလိပ်က ထွက်ပေါက်မဟုတ်မှန်း တော့ သိတာပေါ့။ နီကိုတင်းက stress တော့ လျော့စေတယ်လေ။ နောက်ပြီး ဆေးလိပ်သောက်ပြီး နည်းနည်းမူးလာတော့ အိပ်ပျော်သွားတာပေါ့။ မသိခြင်းတွေ မရှိခြင်းတွေ မမြဲခြင်းတွေအကြောင်းပြောတတ်တဲ့ အိမ်လွမ်းနေတဲ့ ဂြိုလ်သားတစ်ယောက် အကြောင်းကို ပြေ

MacBook Secondhand ဝယ်မယ်ဆိုရင်

  ဒီပုံလေးကို သတိထားမိတဲ့သူ   သိတဲ့သူနည်းမယ်လို့ထင်မိပါတယ် ။ Intel base model မှာ firmware password ခံထားတဲ့ပုံလေးပါ။ သူက iPhone iPad တွေမှာ Apple ID lock  ကျတာ ( တနည်းအားဖြင့်   icloud  lock ) အဲ့တာနဲ့တူပါတယ်။   apple မှ လွဲပြီး ဘယ်သူမှ မဖွင့်ပေးနိုင်တဲ့ Lock ကျတာဆိုလည်း မမှားပါဘူး ။ ( ဟို service ဆိုင်မှာရတယ် ဒီ service  ဆိုင်မှာ lock  ဖြည်လို့ရတယ်ဆိုတာ ကိုယ့်သမိုင်းနဲ့ကိုယ်ပါ   )  ဒီ firmware password ကို ဖွင့်ထားတဲ့သူ တော်တော်နည်းပါတယ်။   ဘာကြောင့်လဲဆိုတော့ မသိကြတာကလည်း တပိုင်းပါတာကို ။ သူက တခြား password တွေလိုမျိုး   setting ထဲကနေ လွယ်လွယ်ဖွင့်ရတာမဟုတ်ပဲ recovery mode ထဲမှာ ဖွင့်ရတဲ့ password ဖြစ်နေတာဆိုတော့။   Secondhand ဝယ်ရင်  အဲ့တာလေးကိုတော့ စစ်စေချင်တယ်။ မတော်တဆ အဲ့လိုအလုံးဝယ်မိသွားရင်   ဘာမှမဖြစ်ရင်တော့ ကံကောင်းတာပေါ့ဗျာ။   မတော်တဆ dead boot ဖြစ်သွားပြီး recovery ကနေ OS ပြန်တင်ရမယ်ဆိုရင် အဲ့   password မရှိရင် ဘာမှလုပ်မရတော့ဘူး။ လုပ်ရမယ့် နည်းကလည်း တစ်ခုပဲရှိတယ်။ အဲ့တာက   apple service ကို ကိုယ်တိုင်သွားပြီး အော်ရီဂျင်နယ် ဘောက