Skip to main content

Posts

Showing posts with the label camera

ခရီးသွားမှတ်တမ်းများ - မုလအိသို့

 English လိုကျ mulayit လို့ ရေးပြီး မြန်မာလိုကျ မုလအိ လို့ ရေးတယ်။ မွန် ဘာသာနဲ့  ကျတော့  ဒဵုမုဟ်လအိတ်  လို့ ရေးတယ်။  Click Wikipedia Link to read about မုလအိတောင် ခရီးစဉ် စီစဉ်တဲ့ သူတွေက မသွားခင် တစ်ရက်အလိုမှာပဲ ကားတွေ မရလို့ ခရီးစဉ်ဖျက်တယ် ပြောတာကို ကား မရလည်း ရတာနဲ့ တက်မယ် တောင်ခြေအထိပဲ ရအောင် စီစဉ်ပေးပါဆိုပြီး ပြောလို့ ခရီးက ထွက်ဖြစ်သွားတာ။  ရန်ကုန်ကနေ မော်လမြိုင်အထိ ရထားနဲ့ သွားတယ်။ Upper class ကနေ သွားရတာဆိုတော့ သက်တောင့်သက်သာပါပဲ။ ကားနဲ့ သွားတာနဲ့ ရထားနဲ့ သွားတာက ဘာကွာသလဲဆိုတော့ ဂိတ်တွေ မရှိတော့ ခဏခဏ အောက်မဆင်းရဘူး။ အာရုံမနောက်ရတော့ဘူးပေါ့။ ရထားနဲ့ သွားတာက ကားနဲ့ သွားတာထက် အချိန်တော့ ပိုပေးရတယ်။ ရထားပေါ်မှာ လက်ဖက်ရည်လေး ဝယ်သောက်လိုက်၊ ထမင်းပေါင်းလေး ဝယ်စားလိုက်၊ အိပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆိုတော့ ၈ နာရီ ကြာအောင် ရထားစီးရပေမယ့် အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး ဖြစ်သွားတယ်။  မော်လမြိုင်ဘူတာကနေ ညအိပ်မယ့် အိမ်အထိကို Light truck နဲ့ ခရီးဆက်ရတယ်။ သင်္ကြန်တွင်းဆိုတော့ ကားပေါ်မှာ ရေ ပက်ခံရတာ၊ လွယ်အိတ်တွေနဲ့ တောင်တက်အိတ်တွေကို ရေလုံအောင် မလုပ်မိတော့ အထဲပ...

Light Set Up များ

  Lighting set up တွေ အကြောင်း ရေးမှ ရတော့မယ်။ ကိုယ့်ဟာကိုယ်လည်း စိတ်ထဲ အမြဲ မှတ်မထားနိုင်တော့ဘူး။ စာရေးရင်း မှတ်ထားမှ မှတ်မိတော့မယ်။ နောက်ခါ လိုတဲ့အချိန်ကျရင် ပြန်ကြည့် ပြန်ဖတ် လို့လည်း လွယ်တာပေါ့။ sketch ဆွဲဖို့တော့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ကိုယ့် drawing skill က သိတဲ့အတိုင်းပဲ။ ကြောင်ခြစ်တာကမှ ကြည့်လို့ ကောင်းသေးတယ်။ ကျွန်တော် ဒီ post မှာ educational purpose အနေနဲ့ light set up တွေကို ထပ်ဖြည့်သွားပါ့မယ်။ အခုကတော့ ဘာမှ သိပ်ရှိဦးမှာ မဟုတ်ဘူး။ ကြာလာလေ စုံလာလေ ဖြစ်မှာပါ။ ဒီဟာတွေရေးဖို့ အတွက် အဓိက ပံ့ပိုးပေးတဲ့ Bliss Studio က ကိုနှောင်း ကို ကျေးဇူးတင်ရမှာပါပဲ။ သူ့ ရူတင်တွေမှာ ရိုက်ထားတာတွေချည်းပဲလေ။ ဆိုတော့ ဒီ set up တွေကလည်း ကိုနှောင်းရဲ့ set up တွေပါ။ ကျွန်တော် အဲ့လောက်မတတ်ပါဘူး။ အထင်မကြီးကြပါနဲ့ လို့။ ကျွန်တော်က ကျွန်တော့်အတွက် note သဘောမျိုးနဲ့ မှတ်ထားတာကို တခြားသူတွေလည်း ကြည့်လို့ရအောင် ပြန် မျှဝေပေးတဲ့ သဘောနဲ့ ဒီမှာ လာသိမ်းထားတာပါ။ set up 1 ထိုင်ခုံနောက်က AD 200 က backdrop ကို light ပေးထားတာ။ ပုံကို ISO 100, Shutter 1/160, f 11 နဲ့ ရိုက်ထားပ...

Canon EOS M50 Review

 Review ဆိုတာထက် ကိုယ်တိုင်သုံးပြီး အတွေ့အကြုံကို ပြန် မျှဝေတာ လို့ ပြောရင် ပိုမှန်မယ်။ M50 က ကျွန်တော့်ရဲ့ တတိယမြောက် Digital camera ပါ။ ကျွန်တော် mirrorless ပဲ ကိုင်ခဲ့တာပါ။ ပထမဆုံးက Canon EOS M3 ပါ။ ဒုတိယက Fujiflim XT 20 ပါ။ T20 က တော့ ကျွန်တော်ဝယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း ဗလကြီး ဟာပါ။ သူမရိုက်ဖြစ်လို့ ကျွန်တော်ယူထားပြီး ကျွန်တော်ပဲ ရိုက်နေဖြစ်သွားတာပါ။ M3 ကနေ M50 ပြောင်းဖို့ သိပ်မစဉ်းစားလိုက်ရပါဘူး။ M3 ကို တစ်နှစ်ကျော် ကိုင်ပြီးတဲ့ အခါ အားနည်းချက် ကို သွားတွေ့ပါတယ်။ EVF ( Electrical Viewfinder ) မပါတာပါ။ EVF က နေပူထဲ ရိုက်တဲ့ အခါ မရှိမဖြစ်ကို လိုပါတယ်။ နောက်တစ်ချက်က Digit 8 ဖြစ်သွားတာပါ။ ပြီးတော့ M50 ကို အကြိုက်ဆုံးက Touch foucs ပါပဲ။ View finder ကို မျက်နှာကပ်လိုက်တဲ့အခါ နောက်က LCD panel က trackpad လို ဖြစ်သွားပြီး foucs point ကို လိုက်ရွေ့လို့ရတာပါ။ M50 ရဲ့ မကောင်းတဲ့ အချက်တွေကတော့ dial က တစ်ခုတည်းပါတာပါ။ M3 မှာ dial က ၂ ခုပါပါတယ်။ ပြီးတော့ body က plastic ဖြစ်နေတာပါ။ M3 က metal body နဲ့ ပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အကုန် အဆင်ပြေပါတယ်။ သေးသေးလေး ဖြစ်တာကတော့ ပြော...

DJI OSMO Pocket

 Video ရိုက်မယ်ဆို စိတ်ကူးမိတော့ ရှိပြီးသား Canon EOS M50 အတွက် Gimble ဝယ်မလား Pocket ပဲ ဝယ်မလား ရွေးရမယ်ဆိုတော့ သေးသေးကွေးကွေးလေးတွေ ကို ကြိုက်တဲ့ ကိုယ့် ဝသီ အတိုင်း Pocket ပဲ ရွေးလိုက်တယ်။ Pocket က တော်တော် အဆင်ပြေတယ်။ Vlog သမားတွေ အတွက် တကယ်ကို မရှိမဖြစ်ပဲ။ Travel သမားတွေ Travel Vlog သမားတွေ အတွက် တကယ်ကို RECOMMEND ပေးတယ်။ ကင်မရာ ကြီးလို ထုတ်လိုက် ထည့်လိုက်နဲ့ လုပ်စရာမလိုဘူး။ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်။ လိုအပ်တဲ့ အချိန် ထုတ်ရိုက်လိုက်ယုံပဲ။ ပြီးတော့ ကျွန်တော် စက်ဘီး စီးရင်း ရိုက်ဖို့ ဆိုပြီး ၅၀၀၀ တန် mount လေး ဝယ်ပြီး စက်ဘီးမှာ တပ်ပြီး ရိုက်တော့လည်း တော်တော် မိုက်တယ်။ ကျွန်တော် photo shoot တွေ မှာ BTS တွေ ရိုက်ဖို့ဆိုလည်း ကွက်တိပဲ။ ပြီးတော့ Pocket ကို ကြိုက်တဲ့ အချက်က ဖုန်းနဲ့ ( Type-C & Lighting Port ) တန်းချိတ်ပြီး ရိုက်ထားတာတွေ ကူးထည့်၊ သူ့ DJI app နဲ့ပဲ edit လုပ်လိုက်တာနဲ့ တော်တော်လေးကောင်းတဲ့ short clips တွေ ထွက်လာတာပဲ။ ( ကျွန်တော်တော့ အဲ့ Type-C adapter လေးက ခဏတိုင်းပျောက်တယ်။ ပျောက်တိုင်းပြန်ဝယ်ရတာနဲ့ တင် တော်တော် ထိနေပြီ ) USB Connection မသုံးချင်လို့ရှိရင် ...

Camera Terminology

Camera နဲ့ ပတ်သတ်တဲ့ အခေါ်အဝေါ်တွေကို ဒီီပိုစ့်မှာ စုပြီး ရေးပါ့မယ်။ အလျဉ်းသင့်ရင် သင့်သလို ထပ်ဖြည့်သွားပါ့မယ်။ Sensor Digital Camera ရဲ့ အသက်က ကင်မရာရဲ့ sensor size ပါ။ ကင်မရာရဲ့ lens ကိုဖြုတ်လိုက်ရင် ကင်မရာထဲမှာ တွေ့ရတဲ့ လေးထောင့်ကြီးက camera sensor ပါ။ အဲ့ဒီ sensor size ကို မူတည်ပြီး ကင်မရာတွေကို အမျိုးအစားခွဲကြတာပါ။ အဲ့အကြောင်းကို မပြောခင် အရင်ဆုံး ဖလင်ကို အရင်ပြောရပါလိမ့်မယ်။ အရင် ဖလင်ခေတ်က standard film က 35mm( ကန့််လန့်ဖြတ်တိုင်း) 36 x 24mm  ပါ။ Digital ခေတ်ကို ရောက်လာတဲ့ အခါ film နေရာမှာ sensor တွေဖြစ်သွားပါတယ်။  Sensor size က မူလ 35mm film size အတိုင်း ရှိနေတယ်ဆိုရင် အဲ့ ကင်မရာကို Full Frame Camer a လို့ သတ်မှတ်ပါတယ်။ အဲ့တော့ Full frame ထက် ၁ ဆခွဲ ငယ်တဲ့ sensor တွေကို crop frame လို့ ခေါ်ပြီး အဲ့ဒီ crop frame sensor ပါတဲ့ camera တွေကို Crop Frame Camera လို့ ခေါ်ပါတယ်။ Crop frame ကို APS-C လို့လည်း ခေါ်ပါသေးတယ်။ 35mm Full Frame နဲ့ Crop Frame ကြားထဲမှာ APS-H (သူ့ ဆိုဒ်ကတော့ 28.1 x 18.7mm )ဆိုပြီး အရင်က Canon က ထုတ်တဲ့ Sensor လည်း ရှိပါသေးတယ်။ အဲ့ဒါကိုကျတော့ Ca...

Sunday Thoughts

ထုံးစံလိုဖြစ်နေတဲ့အတိုင်း ၂၀၂၀ နှစ်အစမှာ ရန်ကုန် ကို ပြန်ရောက်လာတယ်။ ရန်ကုန်ဟာ အရင်ကထက်ပိုပြီး ဖုန်ထူလာတယ်။ လေထုညစ်ညမ်းမှု့ပိုများလာတယ်။ ရောက်ကတည်းက ဘယ်သူ့မှ အသိမပေးပဲ တိတ်တိတ်လေးနေနေတာတောင် ဘာတွေအလုပ်ရှုပ်လို့ ရှုပ်မှန်းမသိ။ (ဒီ post တောင် မနည်းရေးယူရတာ၊  Window ကနေ MacOS ကို ပြောင်းသုံးတာ အရင်သုံးနေကျ waitzar keyboard မရှိတော့ စာရိုက်ရတာ အတော်တိုင်ပတ်နေတယ်) ကင်မရာလည်း မကိုင်တာ အတော်ကြာပြီမို့ ပြန်ကိုင်ကြည့်ဖို့ ကြိုးစားနေတယ်။ လူကလည်း ရန်ကုန် ပြန်ရောက်မှပဲ အိပ်ရေးမဝ အစား မမှန်နဲ့ အတော် တိုင်ပတ်သွားတယ်။ ဒီလိုနဲ့ပဲ Sunday မှာ ရန်ကုန်မြို့ထဲ လျှောက်သွားရင်း ဓါတ်ပုံရိုက်ဖြစ်တယ်ပေါ့။ ဒီအချိန်မှာတွေးမိလိုက်တာက lens အများကြီး မလိုဘူးဆိုတာပဲ။ ‌အခု ဘာကို သဘောကျနေလဲဆိုတော့ ef-m 22 mm လေးကို အတော်သဘောတွေ့နေတာ။ ဘာရိုက်ရိုက် သူလေးနဲ့ အတော်ကို အလုပ်ဖြစ်တယ်။  Bokeh လေးလည်း အတော်လှတယ်။ သယ်ရပြုရလည်း အနေတော်လေးပဲ။ STM လည်းပါတော့  auto focus အတွက် သိပ်ပြီး စိတ်ပူစရာမလိုဘူး။ နောက်ခါတွေ ခရီးထွက်ရင် ဒါလေးပဲ ယူသွားတော့မယ်လို့ စိတ်ကူးထားတာပဲ။ အရင်တုန်းက auto focus မလိုပါဘူး ဆိုပြီး တွေးခဲ့ဖ...

Unicode blog မှသည် Camera Blog ဆီသို့

ခုနောက်ပိုင်း ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကင်မရာလွယ်ပြီး ဓါတ်ပုံရိုက်လာတဲ့သူတွေ အတော်များလာသကိုး။ ဓါတ်ပုံပညာနဲ့ ပတ်သက်ပြီး စာတွေရေးမယ်ဆိုပြီး လိုက်ကြည့်တော့ အကုန်နီးပါး မြန်မာလိုရေးပြီးသားတွေရှိနေတယ်။ ကိုယ်လည်း တအားတော် တအားတတ်နေလို့တော့ မဟုတ်ပါဘူး။ ကိုယ်တွေတုန်းက မသိတာရှိရင် မေးရမယ့် ဆရာသမားတွေ မရှိခဲ့လို့ နောက်လူတွေ ကိုယ့်လို လိုက်မေးစရာမလိုအောင် ကိုယ်သိတာလေးတွေ မျှဝေပေးချင်ယုံတင်ပါ။တော်လွန်း တတ်လွန်းလို့တော့ မဟုတ်ပါဘူး။ အဲ့တော့လည်း စိတ်ကူးပေါက်ရာ ပိုစ်တွေပဲ ရေးရတော့တာပေါ့။ ရေးတော့မယ်ဆိုတော့ သူများရေးပြီးသားတွေနဲ့ မထပ်အောင် မရေးရသေးဘူးလို့ထင်ရတဲ့ဟာတွေကိုပဲ ရေးမယ်စိတ်ကူးထားတယ်။ လောလောဆယ်တော့ ဘာရေးရမလဲ လိုက်ရှာလိုက်ဦးမယ်။ ခင်ဗျားတို့လည်း ရေးစေချင်တာလေးတွေရှိရင် ပြောသွားပေးဦး။

ချပ်... ဝှီး

 (ဘာမှမရေးခင် ခေါင်းစဉ်ကို အရင် ရှင်းရမယ်။ ဖုန်းဆားဗစ်ဆရာတွေက ဒေါက်ဝှီး Tool ဆိုပြီး software ထုတ်တော့ အဲ့နာမည်လေး သဘောကျလို့  ချပ်... ဝှီး လို့ ခေါင်းစဉ်ပေးမိတာပါ။ ဒေါက်ဝှီး ရဲ့  ဆိုလိုရင်းက ဖုန်းကို ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ ဝှီး ခနဲ  အဆင်ပြေသွားမယ် လို့ ပြောချင်တာ။ ဒီ ကင်မရာကလည်း ချပ် ခနဲ ရိုက်လိုက်တာနဲ့ ဝှီး ခနဲ ပုံတန်းထွက်လာလို့ ဒီခေါင်းစဉ် ပေးမိတာပါ။ )  တကယ်က instax camera လိုချင်နေတာကြာပြီ။ ဝယ်မယ် ဝယ်မယ်နဲ့ မဝယ်ဖြစ်ဘူး ဖြစ်နေတာ။ အဲ့ဒါ မွေးနေ့လည်း ရောက်ရော သူငယ်ချင်းက "မွေးနေ့လက်ဆောင် ဘာလိုချင်လဲ" မေးတာနဲ့ အဲ့ဒါလေး လိုချင်တယ်ပြောလိုက်တာ။ သူလက်ဆောင်ပေးမှပဲ လက်ထဲရောက်တော့တယ်။ ကင်မရာမှာ mini 7 S ထက် ဘာတွေပိုကောင်းလဲဆိုရင် selfie ရိုက်ဖို့ lens နားမှာ mirror သေးသေးလေး ပါလာတာ နဲ့ macro ရိုက်ဖို့ attach lens လေး ပါလာတာပဲ။ battery က တခါထည့်ပြီးရင် ဖလင် ၁၀ လိပ်ထိ ရိုက်လို့ရတယ် ဆိုပါတယ်။ ဖလင်ကတော့ ရန်ကုန်က FujiFilm offical stores တွေမှာ တဘူးကို ၁၂၀၀၀ ကျပ် ၊ တခြား monochrome နဲ့ ဘောင်လှလှ ဖလင်ဆို တဘူးကို ၁၅၀၀၀ ကျပ် နဲ့ ဝယ်လို့ရတယ်။ ကျွန်တော် လိုက်ရှာရင်း ၃၄ လမ်းက R...

ပုဂံ ( ၂ )

ပုဂံကို ခဏတိုင်းသွားပြီး ဓါတ်ပုံတွေရိုက်တယ်။ လျှောက်သွားတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုတော့ ပုဂံကို လာလည်တဲ့ မြန်မာလူမျိုးတွေ (တချို့) ပုဂံလာရကျိုး မနပ်သလိုပဲ။ တခါလာလည်း စွယ်တော်လေးဆူနဲ့ တခြား နာမည်ကြီး ဘုရားတွေပဲ ဘုရားရှိခိုးပြီးပြန်သွားကြတယ်။ သူတို့တော့ဘယ်လိုနေမယ်မသိဘူး။ ကိုယ်တော့ လာရကျိုးမနပ်ဘူးလို့ သူတို့အစား နှမျောမိတယ်။ တကယ်ဆို ပုဂံမှာ ကြည့်စရာတွေ အပြည့်ပါဗျာ ။ ကြည့်ရတာ မြန်မာတွေက ပုဂံကို ဘုရားရှိခိုးဖို့ပဲလာပြီး နိူင်ငံခြားသားတွေက ရှေးဟောင်းအမွေအနှစ်တွေကို ကြည့်ဖို့လာတာပဲ ဖြစ်ရမယ်။ ပုဂံမှာ နှစ်ပေါင်းထောင်ချီပြီး တည်မြဲနေတဲ့ ဗိသုကာလက်ရာတွေ ရှေးဟောင်း အနုပညာလက်ရာတွေ မှ အများကြီးပါ။ ကျွန်တော်ဆို ပုဂံသွားခါနီးတိုင်း  ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ တခါတုန်းကဆို ဆရာ ပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်ဖတ်ပြီး ပုဂံရောက်သွားတာ စာအုပ်ထဲက ဘုရားတွေကို လိုက်ရှာ ပြီး ရောက်အောင်သွားတော့တာပဲ။ ပုဂံဘုရားတွေမှာ ဘီလူးပန်းဆွဲတွေ တွေ့မိတာနဲ့ ရှာဖတ်မိတဲ့စာလေး တွေ့လို့ ပြန်မျှဝေလိုက်တာပါ။ ဘီလူးပန်းဆွဲ (သို့) ဘီလူးပန်းကိုက် ဗုဒ္ဓ နဲ့ဆိုင်တဲ့သာသနိကအဆောက်ဦးတွေမှာ ဟိန္ဒူ နဲ့ဆိုင်တဲ့ ...

Fujiflim နဲ့ ကျွန်တော်

ကျွန်တော် ကင်မရာ စပြီး ရိုက်တတ်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်း ကိုဗလ တစ်ယောက်လည်း ကင်မရာရောဂါဝင်ပြီး Fujiflim XT-20 လေး ဝယ်လာပါတယ်။ အဲ့တော့ ကျွန်တော်လည်း သူ့ဆီက ဖူဂျီလေး ငှားပြီး ဓါတ်ဖမ်း ရင်း ဒီစာတွေကို ရေးမိတာပါ။ ပထမဆုံး ကြိုက်မိတာက retro ဖြစ်နေတဲ့ camera design ပါ။ အန်းတိတ် ဖြစ်နေတဲ့ဖလင်ကင်မရာတွေ ရဲ့ ဒီဇိုင်းအတိုင်း လုပ်ထားလို့ကင်မရာလေးလွယ်ထားရရင်ကိုပဲ  လှပါတယ်။ အဲ့ဒါကြောင့် မိန်းကလေးတွေ က Fuji ပဲ ဝယ်ကိုင်ကြတာထင်တယ်။ ကင်မရာကို စ သုံးတော့ တိုင်ပါတ်ပါတယ်။ ခလုပ်အနေအထားတွေက Canon, Nikon နဲ့ မတူပါဘူး။ အဲ့ဒါနဲ့ Manual စာအုပ်တောင်းဖတ်ပြီးတော့ မှ ရိုက်လို့ ရသွားပါတယ်။ Aperture က Lens မှာ Ring နဲ့ adjust လုပ်ရတာပါ။ အစကတော့ ကျင့်သား မရသေး လို့ တိုင်ပါတ်ပေမယ့် နောက်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။ Mirrorless ဆိုတော့ View Finder က EVF( Electronic View Finder) ပါပါတယ်။ EVF ဆိုတာက ပုံမှန် ကင်မရာတွေမှာလို ချောင်းကြည့်ပေါက်မှာ မှန် မဟုတ်ပဲ LED screen သေးသေးလေး တပ်ပေးထားတာပါ။ ကျွန်တော်ကတော့ ကင်မရာ စကိုင်ကတည်းက mirrorless နဲ့ စရိုက်လို့လားမသိ။ Mirrorless ရဲ့ viewfinder ကို သဘောကျပါတ...