Skip to main content

Posts

Showing posts from 2020

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

NTFS for MacOS (Only For WD Harddisks)

  Window မှာ သုံးတဲ့ External Hard disk တွေက MacOS မှာ read လို့ပဲ ရပါတယ်။ Write လို့ မရပါဘူး။ ဆိုတော့ အဲ့ထဲက ဖိုင်တွေကိုပဲ ဖွင့်လို့ ရမှာပါ။ အဲ့ထဲကို ဖိုင်တွေကူးထည့်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ macOS က NTFS ကို support မပေးလို့ပါ။ အဲ့အတွက် write လို့ရအောင် 3rd party software ထည့်ပေးရပါမယ်။  Software တွေ အများကြီး ရှိတဲ့အထဲက အလွယ်ဆုံးနည်းလို့ ကျွန်တော်ထင်ရတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ external HDD ဝယ်တဲ့ အခါမှာ WD discovery for Mac ပြီး External HDD ထဲ မှာ ပါလာပါတယ်။ အဲ့ကောင်လေးကို install လုပ်ပေးရမှာပါ။ Install လုပ်ပြီးသွားရင် ပုံမှာပြထားတဲ့ အတိုင်း Read-only, install driver ဆိုတာလေး ကို နှိပ်ပြီး NTFS for Mac ကို သူ့ဟာသူ Download  လုပ်ပြီး install လုပ်ပေးသွားပါလိမ့်မယ်။   Install ပြီးသွားရင်တော့ Laptop ကို reboot ချပေးရပါမယ်။ အဆင်ပြေကြပါစေ။  Big Sur ကျတော့ အရင် WD HDD တွေထဲ ပါတဲ့ installer က အလုပ်မလုပ် support မလုပ်ဘူးဖြစ်နေတယ်။ သူ့ရဲ့ website ကနေ software ကို download လုပ်မှပဲ ရတော့တယ်။ Click this to download latest version

Mi Book Air 12.5 hackintosh

Hackintosh  လုပ်မယ် လုပ်မယ်နဲ့ အတော်ကြာသွားတယ်။ MacOS ရှိရင် ပိုလွယ်တယ်။ မရှိရင် Window ကနေ OSX ကို downloader နဲ့ ဆွဲပေါ့။ Window အတွက်ကတော့ မူရင်းပိုစ့်မှာ ရေးထားတယ်။ ကျွန်တော်ကတော့ window အတွက် မရေးတော့ဘူး။ အရင်ဆုံး ကိုယ်တင်ချင်တဲ့ OSX ကို bootable USB installer လုပ်ရမယ်။ Apple website မှာ အသေးစိတ်ရေးထားတယ်။ အဲ့အတိုင်း လိုက်လုပ်လိုက််။ မလုပ်ခင် bootable လုပ််မယ့် USB drive ကို OSX မှာ ပါတဲ့ disk utiltity နဲ့ Format ရိုက်ရပါမယ်။ Name ကို လွယ်တာပေးလိုက်ပေါ့။ Format က MacOS Extended (Juournaled) ကို ရွေးပေးပါ။ Schema မှာ GUID partation table ကို ရွေးပြီး မှ format ရိုက်ပါ။ https://support.apple.com/en-us/HT201372 အပေါ်က Apple website မှာရေးထားသလို OSX installer ကို download လုပ်ပြီး USB Drive ကို တပ်၊ ready ဖြစ်ပြီဆိုရင် သူပေးတဲ့ command ကို terminal မှာ ရိုက်လိုက်ယုံပဲ။ သတိထားရမှာက နောက်ဆုံးမှာ ပါတဲ့ MyVolume ဆိုတဲ့ နေရာမှာ စောန usb drive ကို format ရိုက်တုန်းက ပေးခဲ့တဲ့ နာမည်ကို ထည့်ပေးရမှာပါ။ (ကျွန်တော့်တုန်းက အဲ့တာ ရွာလည်သွားလိုက်သေးလို့) ပြီးရင် ဒီကနေ နောက်ဆုံး version ကို downloa

Me & Ubuntu

 Ubuntu သုံးနေတာ တော်တော် ကြာပြီ၊ End user တယောက်အနေနဲ့ ရေးမယ် စိတ်ကူးထားတာတွေလည်း များနေပြီ ဆိုတော့ ရေးဖြစ်သွားတယ်။ ကျွန်တော်လည်း Ubuntu ကို သုံးတာ end user အဆင့်ပါပဲ။ ဟိုတလောက အကို တယောက်က လာမေးတယ်။ သာမာန် ရုပ်ရှင်ကြည့်၊ စာဖတ်ဖို့ အတွက် Ubuntu ပြောင်းချင်လို့ အဆင်ပြေမလားတဲ့။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ်။ ပြေတာမှ ဟိုဘက်လွန်သေးတယ် အကို လို့။ ဘာလို့လဲ ဆို Window မှာ ဆို window တင်ပြီး Driver တွေ ထည့်ရ၊ ဟို Software တွေထည့်ရ၊ MS office က ထည့်ရ။ Crack ထည့်ရ Virus ရန် ကြောက်ရနဲ့။ Ubuntu ကျ တင်လိုက်တာနဲ့ လက်တင် တန်းသုံးလို့ရပြီ။ Libre Office Suit ကလည်း MS Office နဲ့ အကုန်လုံး တူတူပဲ။ တခုတော့ ရှိတာပေါ့။ mp3 mp4 တွေ အတွက် code တွေ တော့ ထည့်ဖို့လိုတာ။ အဲ့တာကလည်း အင်တာနက်ချိတ်ပြီး လုပ်လိုက်ရင် ခဏလေးပါပဲ။ Ubuntu install လုပ်ဖို့ ကတော့ Laptop model ပေါ် မူတည်ပြီး နည်းအမျိုးမျိုး ရှိတာမို့ မရေးတော့ဘူး။ ဒီမှာ Install လုပ်ပြီး ဘာတွေလုပ်ရမလဲ ဆိုတာပဲ ရေးတော့မယ်။ အသေးစိတ်ကိုတော့ ဆရာအိမောင် ရေးထားတဲ့ Ubuntu for You စာအုပ်မှာ ဖတ်လို့ရပါတယ်။ eimaung.com မှာ အခမဲ့ download လို့ ရနိုင်ပါတယ်။ Office အတွက်ကတ

Disable Gate Keeper on MacOS

 Google ကို အားကိုးတာ လျော့မှဖြစ်တော့မယ်။ တခုခုဆို google ပြေးခေါက်နေတော့ ဦးနှောက်က ဘာမှကို မမှတ်မိတော့တာ။ ဟိုတလောကပဲ Gate Keeper ကို disable လုပ်နည်း ရှာဖတ်ပြီး လုပ်ထားတာ ခုကျ ပြန်ပွင့်နေလို့ ပိတ်မယ်လုပ်တော့ command ကို မမှတ်မိတော့ဘူး။  ဘာမှခက်တာလည်းမဟုတ်တာကို။    Terminal ကနေ ဒီ command ရိုက်လိုက်။ ပြီးတော့  password ရိုက်လိုက်ရင် ရပြီ။  sudo spctl --master-disable Gate Keeper ပိတ် မပိတ် စစ်ဖို့ ဒီ command ရိုက်ရင် ပြလိမ့်မယ်။ spctl --status Virtual Box ကို install နေတာ ဘယ်လိုမှ ထည့်မရလို့ google ထပ်ခေါက်တော့ အဖြေတွေ့ပြန်ရော။ Virtual Box ရဲ့ kernel extension ကို ထည့်ပေးမှ install လို့ ရမှာတဲ့။  MacOS  ကို reboot ချ၊ ပါဝါ ပြန်ပွင့်တဲ့ အချိန် cmd နဲ့ R နဲ့ တွဲနှိပ်၊ ပြီးရင် ကိုယ့် အကောင့်ကို ရွေး၊ ပြီးရင် terminal ကို ဖွင့်ပြီး ရိုက်  open a Terminal and enter: spctl kext-consent add VB5E2TV963 ပြီးရင် restart ပြန်ချ။ VB5E2TV963 ဆိုတာက VB အတွက် kext Restart ပြီး ပြန်ပွင့်လာရင် စောနက Virtual box install ကို ပြန် run လိုက်။ successfully insta

Xiaomi Notebook Air 12.5

ပေါ့ပေါ့ပါးပါးနဲ့ အလေးကြီး မသယ်ချင်လို့ side kick အနေနဲ့ Xiaomi Notebook Air 12.5 inch တပါတ်ရစ်လေး ဝယ်မိတယ်။ အဓိက က အလုပ်ထဲမှာသုံးတဲ့ Engineering software တချို့က ( အတော်များများ ) က MacOS မှာ အလုပ်မလုပ်လို့ ဒါလေးနဲ့ အသက်ဆက်နေရတာ။ သုံးသမျှတော့ အတော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ Second ဆိုပေမယ့် battery က ၆ နာရီလောက်ထိ အသာလေးခံတာတွေ့ရတယ်။ ( ရှေ့က ပိုင်ရှင်က ရိုရိုသေသေ ကိုင်ထားလို့ လည်းနေမယ် ) Charging သွင်းတာကလည်း Mi Type C Charger နဲ့ သွင်းတော့ တစ်နာရီခွဲလောက် သွင်းရင် ၁၀၀ ပြန်ပြည့်တယ်။   ကျွန်တော့် လက်က သေးလို့လားတော့မသိ ကီးဘုတ်က စာရိုက်ရတာ တော်တော်လေးကို အဆင်ပြေတာ။ keyboard backlit လေးပါတော့ ညဘက် စာရိုက်ရတာလည်း အဆင်ပြေတယ်။    Screen resolution ကတော့ Full HD ဆိုတော့ ရုပ်ထွက်က အဆင်ပြေတယ် ဆိုတာထက် ပိုတယ်။ Screen size က 12.5 လက်မ ဆိုတော့ နည်းနည်းသေးတယ် ဆိုတဲ့ အထဲ ပါတယ်။ ဒါပေမယ့် စာရိုက်ဖို့ စာဖတ်ဖို့လောက်ပဲ ဆိုတော့ အနေတော်ပေါ့။ ဘေးဘောင်တွေက သေးတယ်ဆိုပေမယ့် အောက်ဘောင်ကတော့ တော်တော်ကြီးတယ်။ အောက် ဘောင်သာ သေးသွားမယ်ဆို Laptop size ကလည်း ဒီထက် သေး

Covid19 ရက်စွဲများ (၂)

ထင်ထားတဲ့အတိုင်း second wave ဖြစ်တော့တာပဲ။ ရက်ပိုင်းနဲ့ ထောင်ဂဏန်း ဖြစ်သွားတယ်။ ဆရာ မောင်မောင်ဦး ရေးသလိုပဲ တဖြည်းဖြည်းနဲ့ ကိုယ့်နားရောက်လာတယ်။ အရင်က ရန်ကုန်တခုတည်းကနေ အခုဆို နယ်ပေါင်းစုံအထိ ဖြန့်ကျက်သွားပြီ။ နယ်မြို့တွေပါ lockdown ချရတဲ့အထိ ဖြစ်ကုန်တယ်။ ကံကောင်းတာလား ကံဆိုးတာလားမသိ။ second wave မှာ ကိုယ်က ကမ္ဘာ့အပြင်ဘက်ရောက်နေတာပဲ။ နယ်က ကိုယ့်အဖေနဲ့အမေ တောင် lockdown ထဲပါသွားတယ်။  second wave ဖြစ်တဲ့အချိန်မှာ ကျွန်တော် မြန်မာနိုင်ငံထဲ မရှိတော့ ရန်ကုန်က ဘော်ဒါတွေကတော့ လှမ်းပြောကြတယ်။ မင်းသာ ရန်ကုန်မှာဆို ပျင်းနေမှာတဲ့။ အကုန်လုံး ဘယ်မှ သွားလို့မရတော့ဘူး။ လမ်းတွေလည်း ပိတ်ထားကြတယ်တဲ့။ ဟုတ်ရင်လည်း ဟုတ်မှာ။ ကျွန်တော်က အိမ်ထဲနေရတာ သိပ်မကြိုက်ဘူး။ ပျင်းစရာကြီးကိုး။ မြန်မာ မှာ မရှိပေမယ့်လည်း အခု အလုပ်ရုံနဲ့ အိပ်ခန်းနဲ့ပဲ ကူးချည်သန်းချည် နေနေရတာပါပဲ။ အလုပ်လေး ရှိပြီး အာရုံလေးလွဲလို့ရနေတော့ မပျင်းတော့တာပေါ့။ ပြီးတော့ အရင်လို မဟုတ်ပဲ အင်တာနက်က အမြဲရနေတော့ အားနေရင် အွန်လိုင်းပေါ်ရှိတဲ့သူနဲ့ အာလူးဖုတ်နေတာ၊ မပျင်းရတော့ဘူးပေါ့။  ဒီရက်ပိုင်း လူက motivation မရှိဘူး ဖြစ်နေတယ်။ စာဖတ်စရာတွေလည်း အများကြီး အ

ဖုန်းဆိုင်ပုံပြင် (၃)

လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့။ ကျွန်တော့်သူငယ်ချင်းတယောက် Xiaomi Redmi Note 3 လေး ခါးပိုက်နှိုက်ခံလိုက်ရတယ်။ အဲ့တာနဲ့ find device နဲ့ရှာတယ်။ မတွေ့ဘူး။ မတွေ့တာနဲ့ lost mode ဖွင့်ထားလိုက်တယ်ပေါ့။ ပြန်လည်း မတွေ့တော့ပါဘူး။ အဲ့လိုနဲ့ မေ့မေ့ ပျောက်ပျောက်နေလိုက်တာ။ လွန်ခဲ့တဲ့ ၂ လ က ကျွန်တော့်ဆီကို ဖုန်း ဝင်လာပါလေရော။ ဖုန်းထဲမှာက မိန်းကလေး အသံနဲ့ "အကို အကို့ ဖုန်း ရဲ့ password လေးပေးပါတဲ့"။ ကျွန်တောင်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ အဲ့တာနဲ့ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးမှ "ညီမ ဖုန်းကို လေး လို့ဆိုပြီး factory reset ချလိုက်တာ ပြန်ပွင့်လာတော့ အကို့ဖုန်းနံပါတ်ကြီးပဲပေါ်နေတော့တာ ။ ဘာမှ လုပ်မရတော့လို့" ဆိုပြီး ပြောပါလေရော။ အဲ့ကျမှ သတိရတယ်။ ဟိုကောင် ဖုန်းပျောက်တုန်းက lost mode ဖွင့်တုန်းက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ကျွန်တော့်ဖုန်း ထည့်ထားမိတာကိုး။  အဲ့တာနဲ့ ကျွန်တော်လည်း password ပေးချင်ပေမယ့် ကိုယ်ဖုန်းမဟုတ်တာရော ဖုန်းပိုင်ရှင်ကလည်း နိုင်ငံခြားရောက်နေတာ ဖြစ်တဲ့အတွက် မေးပေးလို့ မရတော့တာ ဖြစ်လို့ " ညီမရေ အဲ့ဖုန်းကတော့ ကျွန်တော် ပျောက်တာ ၃ နှစ်ရှိသွားပြီ။ ပြန်လည်း မလိ

Equation

အချစ်က ကျန်းမာရေးနဲ့ တိုက်ရိုက်အချိုးကျတယ်။  အချစ်မရှိတော့ ခေါင်းကိုက်သလိုလို ဖျားချင်သလိုလိုနဲ့။ 

mi mouse

ဒီဟာလေး review ရေးတာ တနှစ်ကြာသွားတယ်။  Mi က ထုတ်တဲ့ mouse လေး တွေ့တော့ တကယ့်ကြွက်ကလေး နဲ့တူလို့ မြင်မြင်ချင်း သဘောကျပြီး တန်းဝယ်မိတာပဲ။ Spec တောင် မကြည့်မိလိုက်ဘူး။ (ရန်ကုန်မှာလည်း Mi showroom မှာ မြန်မာငွေ ၁၈၅၀၀ နဲ့ ဝယ်လို့ရပါတယ်) တကိုယ်ရေသုံးထက် ရုံးသမားတွေအတွက် အဆင်ပြေမယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ Bluetooth 4.0 ရော 2.4GHz adapterနဲ့ရော ၂ မျိုးသုံးလို့ရတယ်။ နောက်ပြီး သူ့ရဲ့ ထူးခြားချက်က အဲ့ ၂ ခုလုံး ကို switch လေးနဲ့ ပြောင်းလို့ရတာ။ ရှုပ်သွားပြီလားမသိဘူး။ ပြန်ရှင်း ပြမယ်။ ကျွန်တော့် laptop မှာကျ Bluetooth ပါတော့ mouse ကို Bluetooth နဲ့ pair လုပ်ပြီး သုံးတယ်ဗျာ။ ရုံးက Desktop မှာကျတော့ 2.4GHz adapter လေးနဲ့ သုံးတယ်ဗျာ။ laptop နဲ့ desktop ပြိုင်တူ သုံးတဲ့အခါကျတော့ ဒီ mouse လေးရဲ့အောက်က switch လေး ကို နှိပ်ပြီး ပြောင်းယုံပဲ။ Laptopရော desktopရော ကို mouse တလုံးတည်းနဲ့ သုံးရတာပေါ့။ 

Migrate to Type C

ခရီးသွားရင် gadget တွေ ပေါလှတဲ့ ကိုယ့်အတွက် charger တွေ သယ်ရတာ အလုပ် အတော်ရှုပ်တယ်။ ဖုန်းအတွက်၊ power bank အတွက်၊ ကင်မရာအတွက်၊ လက်ပတော့ အတွက် စသည်ဖြင့်ပေါ့။ ခု ၂၀၂၀ မှာ Type C ကို migrate လုပ်မယ်ကွာ ဆိုပြီးတော့ ပိုက်ဆံအကုန်ခံပြီး လုပ်လိုက်တယ်။ သက်သာသွားတာကတော့ charger အများကြီး သယ်ရတဲ့ ဒုက္ခက ကင်းသွားတာပဲ။ အဲ့တာနဲ့ ဒီ charger လေးကို ဝယ်ဖြစ်တယ်။ (တကယ်က လုလာတာရယ်။) ဝယ်တုန်းက order တင်လိုက်ပြီးမှ ရန်ကုန်က ထွက်ဖို့ အကြောင်းဖန်လာတော့ ကိုအေးမင်းလတ် ဆီကနေ သူသုံးနေတာကို အတင်းယူလာလိုက်တာ။ ခုသုံးနေတဲ့ laptop ၂ ခုစလုံးက Type C charging ပေါက်တွေဆိုတော့ 65Watt အထိပေးနိုင်တဲ့ charger ဆိုတော့ အသာလေး အဆင်ပြေတယ်။ အားသွင်းရင် ပူတာ ဘာညာ မရှိဘူး။ ဆိုဒ်ကလည်း compact လေးဆိုတော့ ကျွန်တော့်အကြိုက်ပဲ။ ဖုန်းကလည်း 18Watt နဲ့ရတယ်ဆိုတော့ ဖုန်းအတွက်လည်း ဒီ charger ပဲ။ ကင်မရာကလည်း Type C နဲ့ဆိုတော့ ကင်မရာ အားသွင်းလည်း ဒီ charger ပဲ။ Power bank, Bluetooth Speaker ကလည်း Type C နဲ့ဟာပဲ အစကတည်းက ရွေးဝယ်ထားတော့ သူတို့အတွက်လည်း အတော် အဆင်ပြေတယ်။ ဘာ လာလာ ဒေါင်းတယ်ပေါ့ဗျာ။ ဈေးကတော့ ကျွန်တော် ဝယ်တုန်

ဝင်းဒိုး ကျတော်မူခြင်း

ဇာတ်လမ်းက ဘယ်ကစလဲ ဆိုတော့ printer တာ က print မရတာက စတယ်။ print မရလို့ လာခေါ်တော့ သွားတယ်။ ကြည့်တယ်။ driver ပြန်ထည့်တယ်။ မရဘူး။ အဲ့တာနဲ့ restart ချမယ် ဆိုပြီး ချလိုက်တာ ပြန်တက်မလာတော့ဘူး။ window startup repair ဆိုပြီး ပေါ်လာတယ်။ ပြီးရင် cannot repair ဆိုပြီး ပေါ်လာရော။ အဲ့တာနဲ့ အင်တာနက်ထဲ လျှောက်ရှာပြီး အကုန်လျှောက်လုပ်ကြည့်ရတော့တာပဲ။  အင်မတန် ကံကောင်းတာက ဒီမတိုင်ခင်ကမှ inmarsat တပ်လိုက်တာဆိုတော့ အင်တာနက်က ကြိုက်သလို အဆင်ပြေပြေသုံးလို့ရသွားတာပဲ။ အရင် fbb နဲ့ဆို ငုတ်တုတ်မေ့ပဲ။  System restore လုပ်မယ်ဆိုပြီးကြည့်တော့ restore point က မရှိဘူး။ အဲ့တော့ restore က လုပ်မရတော့ဘူး။  c:\windows\system32\drivers\acpi.sys file ပျက်နေပြီဆိုတဲ့စာ ပေါ်လာတယ်။ ( ပြောလို့သာရယ်။ Window ရဲ့လက်က ပြေးလို့ကို မလွတ်တာ။ တနေ့က OS ပြန်တင်တော့ bootable usb လုပ်တာ။ Etcher က Mac ရော Ubuntu ရော အဆင်မပြေ။ rufus နဲ့ပဲ အဆင်ပြေသွားတယ်။ တချို့ software တွေကြောင့် ဝင်းဒိုး တလုံးကလည်း အမြဲဆောင်ထားနေရတုန်းပဲ။ )

FBB မှ inmarsat သို့

 Company က inmarsat တပ်မယ် ဆိုပြီး mail ဝင်လာတော့ အပျော်ဆုံးက ကိုယ်ပဲ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်လေ။ အင်တာနက် ကောင်းကောင်း သုံးရတော့မှာကိုး။ ဒါနဲ့ လိုအပ်တဲ့ preparation တွေလုပ်ထားပါဆိုပြီး လိုတာတွေ ပြင်ဆင်၊ network cable တွေ နေရာချ၊ power cable တွေ သွယ်နဲ့ အားကြိုးမာန်တက် ကို လုပ်ပလိုက်တာပေါ့။ အဲ့တာနဲ့ သူတို့ ပို့ပေးထားတဲ့ drawing တွေကြည့်ပြီး ကြိုးတွေ ပြင်ဆင်ပြီး သကာလ singapore ရောက်တော့ network engineer ၂ ယောက် ရောက်ချလာပြီး configure လာလုပ်တယ်။ မနက် ၇ နာရီ ကတည်းက လုပ်တာ ည ၈ နာရီမှ ပြီးတာပဲ။ ကိုယ်လည်း တနေကုန် bunker နဲ့မို့ သူတို့ကို လှည့် မကြည့်အားဘူးလေ။ သူတို့ပြီးတော့မှ handover လုပ်ချင်လို့ လာခဲ့ပါ ခေါ်လို့ သူတို့ handover လုပ်ပေးတာပဲ နားထောင်လိုက်ရတယ်။ စမ်းစရာ ရှိတာ တခါတည်း စမ်းပေါ့။ ဘယ် cable က ဘယ် ကို သွယ်ထားတာ ဘာညာ စသည်ဖြင့်ပေါ့။ ဘာ ပြဿနာ ဘာ error ဖြစ်ဖြစ် system ကို reboot ချပါ ပဲ ပြောတယ်။ အေးတာပဲ။ Wifi AP ကို စမ်းပြပေးပြီး ပြန်ဖြုတ်လိုက်တယ်။ အဲ့ကျမှ သတိရသွားလို့ AP ကို control လုပ်ချင်ရင် wifi password ဖြုတ်ချင်ရင် ဘယ်လို လုပ်ရမလဲ မေးမိတယ်။ အဲ့တာနဲ့ AP ရဲ့ ip address ကို ဝင် ပြီး

J Music

ဒီနှစ်ထဲ Japan သီချင်းတွေ နားထောင်ဖြစ်တယ်။ ဂျပန် သီချင်းတွေ နားထောင်တယ် ဆိုလို့ ဂျပန်စကား ဂျပန်စာ တတ်တယ် မထင်နဲ့။ တစ်လုံးမှကို နားမလည်တာ။ အရင်ဆုံးက Baby Metal နားထောင်တယ်။  ပြီးတော့ iron bunny နားထောင်တယ်။ နားထောင်ဖြစ်တဲ့ အကြောင်းရင်းက Baby Metal အဖွဲ့ကွဲသွားတော့ Iron Bunny က နေရာယူမှာ ဆိုပြီး သတင်းတက်လာတာ တွေ့ပြီး နားထောင်ဖြစ်သွားတာ။  နောက်တော့ Wagakki Band(和楽器バンド) ကို သွားတွေ့တယ်။ အားပါးပါး။ မိုက်မှ မိုက်ပဲ။ ခေတ်ပေါ်ဂီတနဲ့ ရိုးရာဂီတ ကို mix လုပ်လိုက်တာ။ ဂျပန် ကြိုးသုံးချောင်းတပ် မယ်ဒလင် အသံက Rock နဲ့တွဲလိုက်တော့လည်း အတော်နားထောင်လို့ ကောင်းတာပဲ။ Performance တွေကလည်း အတော်မိုက်တယ်။ တီးနေတာကိုက လုံးဝ mood ဝင်ပြီး တီးနေတာ။ မျက်နှာတွေကို ကြည့်လိုက်တာနဲ့ ကိုယ်ပါ mood ဝင်သွားတယ်။ Solo တွေ တီးသွားတာ arrangement တွေ က အစ လုံးဝ ကြိုက်တယ်။သူတို့ အဖွဲ့က အစက vocaloid သီချင်းတွေပြန်ဆိုပေမယ့် အဲ့ကတည်းက ကိုယ်ပိုင်သီချင်းတွေ ရှိနေပြီးသား။ Stage တီးတဲ့ အခါမှာလည်း ဝတ်ထားတာတွေက ရိုးရာဝတ်စုံနဲ့ပဲ။ ( မြန်မာမှာဆို ဆဲခံ နေရလောက်ပြီ) သီချင်းဆိုတော့လည်း ဂျပန်ယပ်တောင်လေးကိုင် ဂျပန်ထီးလေးကိုင်ပြီး ဆိုတာ ( အဲ

Dash to dock error

Ubuntu 20.04 မှာ dash to dock ထည့်ထားပြီး lock screen ကနေ log in ပြန်ဝင်တဲ့ အခါ dock က ၂  ခု ဖြစ်ဖြစ်နေတယ်။        အလွယ်ဆုံးက alt+ F2 ကို  နှိပ် ပြီးရင် command နေရာမှာ  r လို့ရိုက် ရင် restart ဖြစ်ပြီး ပျောက်သွားလိမ့်မယ်။ ခဏတိုင်း ရိုက်မနေချင်ရင်တော့ Terminal မှာ ဒါလေးတွေ ရိုက်လိုက် cd /usr/share/gnome-shell/extensions/ sudo mv ubuntu-dock@ubuntu.com{,.bak}    

Life as Engineer

  မနက် အိပ်ရာထတော့ အလုပ်ဆင်းမယ် ဆိုပြီး ထွက်လာတာ အလုပ်တောင် မလုပ်ရသေးဘူး ။ ဖုန်းဆက်ပြီး လှမ်းခေါ်တာ။ cargo tank control system အလုပ်မလုပ်တော့တာ လာကြည့်ပေးပါဦီးဆိုပြီး။ အပေါ်ရောက်တော့ Electrical Engineer ကြီးက ချနေပြီ။ တစစီ ဖြုတ်ပြီး backup laptop လေးကနေ server ကို remote နဲ့ ဝင်ဖို့ လုပ်နေပြီ။ ပြဿနာက remote နဲ့ ဝင်ဖို့ကိုပဲ log in password က ဘယ်လို မှ ရိုက်လို့ မရဘူး။ passwrd ကို laptop ပေါ် မှာပါ စာနဲ့ရေးထားတာကို သူရေးထားတဲ့ အတိုင်း ရိုက်တာကိုပဲ မရတာ။ ရောက်သွားတော့ အနေအထားကို တချက်ကြည့်ပြီး server ကို restart ချလိုက်တယ်။ boot screen ကို စစ်တယ်။ အကုန်ပုံမှန်ပဲ။ သူ့ software logo ရောက်တော့ ရပ်သွားတယ်။ အဲ့တာနဲ့ ကိုယ် က အဲ့ အပိုင်း နားမလည်တော့ သုံးတဲ့ သူတွေကို မေးကြည့်ရတာပေါ့။ ခါတိုင်း အဲ့လို ပေါ်လာရင်k eyboard က home key ကို နှိပ်ရင် ရပြီတဲ့။ အဲ့တာနဲ့ နှိိပ်ကြည့်တော့ မထူးခြား။ ထင်တာနဲ့ ကြည့်လိုက်တော့ ကိုယ့်ဆရာတွေက keyboard ကြိုးကြီး ဖြုတ်ထားတာကိုး။ ပြန်တပ်ပြီး home key နှိပ်လိုက်တော့ တန်းရသွားပါလေရော။ ၂ နာရီလောက်ကြာတယ်။ manual တွေ လိုက်ရှာ drawing တွေ ဖတ်နဲ့ EE ခမျာ သနားပါတယ်။

Blog is ready NOW

 Blogger နဲ့ တခြားဟာတွေ ချိတ်လို့တော့ပြီးသွားပြီ။ Instagram, Flickr နဲ့ Youtube ဆိုတော့ စုံသလောက်ရှိနေပြီ။ တခြားဘာတွေနဲ့ ချိတ်ရဦးမလဲတော့ မသိဘူး။ အရင်က dropbox နဲ့ချိတ်ပြီး ပုံတွေတင်တာ dropbox က public folder access မရတော့ တော်တော်တိုင်ပတ်သွားတယ်။ Covid ဖြစ်နေတော့ ဘယ်မှ မသွားရ မလာရတဲ့ အတူတူ စာလေး ဘလော့လေး ရေးဖြစ်အောင်တော့ ရေးဦီးမှ လို့ စိတ်ကူးထားတာပဲ။ ပြီးတော့ ဒီတခါ satellite internet က inmarsat ပြောင်းလိုက်တော့ သုံးရတာ အဆင်ပြေသွားတယ်။ လိုင်းလည်း တော်တော်ကောင်းသွားတယ်။ အရင် FBB နဲ့ဆို အဝိုင်းလည်ဖို့ နေနေသာသာ အဝိုင်းတောင် မမြင်ရဘူး။ text message ပဲ ကောင်းကောင်းပို့လို့ရတယ်။ ပြီးရင် အဆိုးဆုံးက တစ်လ ကို 100MB ပဲ ပေးသုံးတာ။ ကုန်သွားရင် ဘာမှ ထပ်လုပ်လို့ မရ။ ခု inmarsat ကျ ကုန်ရင် visa or master card နဲ့ ထပ်ဝယ်လို့ရတယ်။ ဈေးကတော့ သက်သာတယ်ပြောလို့ရတယ်။ 1 GB ကို 15$ ဆိုတော့ အတော် သက်သာတယ်။ Telenor sim ကို roaming ဈေးနဲ့ သုံးရသလောက်ပဲ ရှိတာဆိုတော့ သက်သာတယ်လို့ ပြောလို့ရတယ်။ ပုံကတော့ တွေ့တဲ့ ပုံ ထည့်လိုက်တာပဲ။ ပိုစ့်မှာ ပုံမပါရင် ကြည့် မကောင်းလို့။ အဝါရောင်ကိုက်ခဲမှု့ album အတွက် ရိုက်ထားတာတွေတေ

Dolphins

တွေ့ချင်နေတာ ကြာပြီ။ တွေ့မယ်လို့ ထင်မထားတဲ့အချိန်မှာ တွေ့မယ့်တွေ့တော့လည်း မိသားစုလိုက်ကြီး ၇ ကောင် ၈ကောင်လောက် ရှိမယ်ထင်တယ်။ တွေ့တွေ့ချင်း ကင်မရာပြေးယူပြီး ရိုက်တော့ ချောင်ထိုးထားတဲ့ ကင်မရာက ၃ ပုံပဲ ရိုက်ရသေးတယ် ဘက်ထရီ ကုန်သွားရော။ တခါ အခန်းပြန်ပြေး ဘက်ထရီ နောက်တခဲ ထပ်ထည့် ပြန်ရိုက်ရတယ်။ ထိုင်ရိုက်နေတာကိုမှ ၃ ပုံပဲ ကောင်းကောင်းရတယ်။ အငြိမ်ကို မနေပဲ ဂျွမ်းပဲထိုင်ထိုးနေကြတာ။ bulbous bow နဲ့ အပြေးပြိုင်နေရတာကို သဘောတွေတွေ့နေကြတာ။ အဖွဲ့လိုက်ကြီး ကျွမ်းထိုးနေကြတာ ပျော်စရာကြီး။ တစ်ယောက်တစ်လှည့်နဲ့ ထိုးနေကြတာ။ နှစ်ကောင်တွဲ သုံးကောင်တွဲ ကျွမ်းထိုးတာက ရှိသေး။ Dolphins Video ရိုက်ထားဖြစ်သေးတယ်။ ပြဿနာက တစ်ကောင်မှ အငြိမ်မနေပဲ ခုန်ပေါက်နေတော့ ဘယ်ကို ချိန်ရိုက်လို့ ရိုက်ရမှန်း မသိဘူး။ 

meow

J Me သီချင်းထဲက စာသားတချို့ တပိုင်းတစ နားထောင်လိုက်ရတယ်။ ကြောင်တက်နင်းသွားသော စန္ဒရားခလုတ်များတဲ့။ တကယ်လို့ အဲ့ကြောင်က သံစဉ်တွေကိုနားလည်တဲ့ကြောင်တစ်ကောင်ဖြစ်နေမယ် ဆိုရင်ရော? နားထောင်လို့ကောင်းမှာပါ။ ကျွန်တော်သိတဲ့ ကြောင်တ‌စ်ကောင်က သံစဉ်တွေကို နားလည်တယ်။ ဘယ်အချိန်မှာ ဘယ်သံစဉ်ကို သူတီးရမယ် ဆိုတာ ပိုလို့တောင်နားလည်သေးတယ်။ ကျွန်တော်ကရော? အစကတော့ မသိလို့ပေါ့။ ခုတော့ သူဘယ်သံစဉ်တီးတော့မယ်ဆိုတာတောင် ကြို ခန့်မှန်းတတ်နေပြီ။ 

၂၀၂၀ ရန်ကုန် နှုတ်ဆက်စာ

၂၀၂၀ ရဲ့ ရန်ကုန် နောက်ဆုံး နေ့တွေကို swab test နဲ့ နှုတ်ဆက်လိုက်တယ်။ အစက swab test က Sunday မှဆိုတော့ စနေနေ့ မနက်မှာ အေးဆေး အိပ်နေတာပေါ့။ အိပ်ရာက စောနိုးနေတာတောင် ပြန်အိပ်နေလိုက်သေးတယ်။ ၉ နာရီလောက် ကျ ဖုန်းခေါ်လာတာ ကိုင်မိတော့  "သားလေး မင်း ဘယ်ရောက်နေပြီလဲ" ဆိုတဲ့အသံကြားလိုက်တော့ "အိမ်မှာ အိပ်နေတာလေ၊ ဘာဖြစ်လို့လဲ" ပြန်မေးတော့မှ နာရီဝက်အတွင်း ရောက်အောင်လာခဲ့တော့ swab ယူရမှာ တဲ့။ ကမန်းကတန်း ဘောင်းဘီ အင်္ကျီ ကောက်လဲပြီး လွယ်အိတ်လွယ်ပြီး ပြေးရတာ တန်းနေတာပဲ။ မျက်နှာတောင် မသစ်ခဲ့လိုက်ဘူး။  သူများတွေပြောတာ swab ယူရင် မျက်ရည်ကျတယ် ဆိုတော့ လန့်တာပေါ့။ တကယ်ကျတော့ နာလို့ မဟုတ်ဘူး။ ယား လို့ မျက်ရည်ကျတယ် ဆိုတာ ကိုယ်တိုင် swab ယူခံရမှ သိတယ်။ အာခေါင် က swab ယူတာ ယူလို့ ယူလိုက်မှန်းတောင် မသိဘူး။ နှာခေါင်းက ယူတာကျတော့ အတော် ခံရခက်တာ။ ယားကျိ ယားကျိနဲ့ ခံရခက်ကြီး။ အဲ့မှာ မျက်ရည် ဝိုင်းလာတာပဲ။ swab ယူပြီးသွားတာတောင် မျက်ရည်တွေ ဝဲပြီး ကျန်ခဲ့တာ။  ဒီလိုနဲ့ ရန်ကုန်ကထွက်လာပြီး ကော့သောင်းရောက်တော့ တရေးအိပ်ပျော်သွားတာနဲ့ ဘယ်မှ မသွားလိုက်ရဘူး။ ဒါတောင် ညနေဘက် မိုးတွေရွာနေတာကို ပုလုံးတုံတုံးကျွ

Anger Management

Big Bag ရဲ့ Anger management album ကို နားထောင်ဖြစ်တယ်။ ဟို ဖောင်းထုတဲ့ သီချင်း FMWO ကတော့ တော်တော် ဂယက် ရိုက်သွားတာပေါ့။ ထွက်ခါစကတော့ Starry Night တို့ ဘာတို့ကတော့ အတော် hot ဖြစ်ခဲ့တာပေါ့။ ကောင်းလည်း ကောင်းပါတယ်။ သတိရတယ် သီချင်းကလည်း အတော်ကောင်းတယ်။ သတိရတယ် MV ကို Pencil Animation Studio ကနေ ဆွဲ လိုက်တော့လည်း ထပ်ပြီး ပေါက်သွားပြန်ရော။  သတိရတယ် သီချင်းက သူဆိုနေကျပုံစံ မဟုတ်ပဲ EDM ပုံစံနဲ့ သီချင်း tempo လေးက တက်သွားတာ။ နောက်ဆုံး Solo တွေ ဝင်တဲ့နေရာဆို Live show မှာ လုံးဝ အလွင့်ဖြစ်ပြီး ပေါက်ကွဲထွက်လို့ ရတာမျိုး။ အဲ့ထဲကမှ နောက်ဆုံးအပုဒ် Running Away သီချင်းကို ကိုကျားပေါက် ဘယ်လို ခံစားချက်နဲ့ ရေးခဲ့လဲ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ဒီ  album title ကိုက Anger Management ဆိုတော့ သူဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကို ဒီသီချင်းခွေထဲမှာ မြင်ရမှာပေါ့။ ဒီ album ထွက်ပြီး သိပ်မကြာဘူး သူအိမ်ထောင် ကွဲ သွားတယ်။ ဒါဆို ဒီသီချင်းက မကွဲခင်မှာ သူဖြစ်နေတာတွေကို သူ ထုတ်ပြောထားတာလို့ ကျွန်တော် ထင်တယ်။  Running Away သီချင်းကို သူရေးခဲ့တဲ့ အချိန်မှာ ဘယ်လောက်တောင် ခံစားနေရမလဲ မသိဘူး။ သီချင်းက နားထောင်ရတာနဲ

ကြောင်နေ့

ဒီနေ့က တကယ်ထူးဆန်းတယ်။ မနက်က အားနေတာနဲ့ ကြည့်မိတဲ့ ရုပ်ရှင်က A whisker away , ကြောင်မလေး တကောင် အကြောင်းပေါ့။ ကြည့်လို့ပြီးသွားတော့ ဖတ်လတ်စ စာအုပ်ဆက်ဖတ်ဖြစ်တယ်။ ရောက်လာတဲ့ အခန်းက ကြောင်တကောင်နဲ့ လူတယောက် စကားပြောတဲ့ အခန်း။ ညနေ စားသောက်ဆိုင်ရောက်တော့ ကြောင်လေးတစ်ကောင်တွေ့လို့ ဓါတ်ပုံရိုက်မိတယ်။ ကြောင်အနက် ကလေး က သူ့ကို ဓါတ်ပုံရိုက်မှန်းသိတော့ ပိုစ့် ပေးတော့တာပဲ။ View this post on Instagram A post shared by Htet Wai Aung (@phoehtt) on Jun 22, 2020 at 5:47am PDT