အကယ်၍ သူ့မှာသာ အသက်ရှိခဲ့ရင်ပေါ့

ကျွန်တော့မှာ ဘာများအပြစ်ရှိပါသလဲ ခင်ဗျာ?
ကျွန်တော်နောက်ကျမှ ထွက်ခဲ့ရတာ ပြည့်စုံစံမှီအောင် လုပ်ခဲ့ရလို့ပါ
ဟိုးရှေးခေတ် မင်းသားနှစ်ပါး ဘုရား အလျင် အမြန်တည်ပီး ရှင်ဘုရင် နေရာလုရသလိုမျိုးလို့ ဖြစ်စဉ်တူနေခဲ့တယ်လေ
ပြိုင်ဘက်မင်းသားလေးက ညတွင်းခြင်းပီးအောင် နှီးတွေနဲ့တည်ခဲ့တာပါ ဟုတ်ပါတယ် မှန်ပါတယ် ဘုရားလဲရုပ်လုံးပေါ်ခဲ့တာပါဘဲ
ဒါပေမယ့် မင်းသားကြီးကတော့ ရှေးထုံးအစဉ်အလာအတိုင်း အုတ် ဘိလပ်မြေ အခိုင်အခန့်တည်တော့ အချိန်ပိုကြာသွားခဲ့ပါတယ်၊
ဒါနဲ့ဘဲ မင်းနေရာကို စွန့်ခွါခဲ့ရတယ်ပေါ့၊ ဒါပေမယ့် ဘယ်မင်းသား တည်တဲ့ ဘုရား ရေရှည်တည်တံ့မလဲက အချိန်သက်သေနေပါ့မယ်၊
ဒါမျိုးတွေ သူမေးခွန်းထုတ်ကောင်း ထုတ်ပါလိမ့်မယ်
နောက်အခု နေရာယူပွဲက အလျင်ပီးဖို့ မဟုတ်ပါဘူး အဆင်ပြေဖို့ရာ တစ်ခုထဲလဲ မဟုတ်ပါဘူး
မြင်နေရဖို့ တစ်ခုထဲလဲမဟုတ်ပါဘူး အနာဂတ် ဘဝ ပိုမိုအဆင်ပြေစေဖို့ဆိုတာ သူသိနေစေချင်ပါလိမ့်မယ်၊ အခုတော့ အများက ဆန့်ကျင်ဘက် နောက်ကျလို့ အပြစ်မြင် အစွန်းရောက်သူတွေက ဖိအားပေး သုံးသူတွေကို လှောင်ပြောင် ရှုံချ
စည်းအပြင်ကိုတွန်းထုတ်ကြနဲ့လေ
သူငိုနေမယ် မြင်နိုင်မလား
သူနာကျင်နေမယ် သူဖျားနာနေခဲ့မယ်
ဒါပေမယ့် သေချာတယ် သူအသက်ရှင်နေပါလိမ့်အုန်းမယ် ဖျော့တော့နေတဲ့ မျှော်လင့်ချက် တစ်ခုကို နှစ်ချိုက်စွာ အိမ်မက်မက်နေရင်းနဲ့ပေါ့လေ။

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

ပြည်ထောင်စု font

Typing Tutor For Myanmar Unicode