Posts

Showing posts from January, 2023

စာအုပ်ဆိုင်ယဥ်ကျေးမှု့

  စာအုပ်ဆိုင်တွေအကြောင်းပြောရမယ်ဆိုရင်   ကျွန်တော်   ငယ်ငယ်ဆိုမှ   တော်တော်ငယ်ငယ်က   အကြောင်းက   စပြောမှရမယ်။ ငယ်ငယ်လေးတုန်းကပေါ့။   စာဖတ်တတ်တဲ့   အရွယ်ရောက်တော့   အဘွားလေး  ( အဘိုးရဲ့   ညီမ )  က   စာအုပ်ဆိုင်ကနေ ကလေးကာတွန်းတွေ   အမြဲငှားလာပေးတယ်။   အဲ့တာနဲ့   ကာတွန်းစာအုပ်ဖတ်ဖြစ်တယ်ပေါ့။   တခုသောနွေရာသီကျောင်းပိတ်ရက်ကျမှာ   အမေက   ဖောင်ကြီးသင်တန်းသွားတက်တော့   ကျွန်တော်က   အဘွား ( အဖေရဲ့   အမေ )  နဲ့   အတူနေရတယ်။   အဘွားက   ဈေးထဲမှာ   ဖိနပ်ဆိုင်ဖွင့်ထားတော့   မနက်လင်းတာနဲ့   အဘွားနဲ့   အတူ ဆိုင်ဖွင့်   တနေကုန်   ဈေးရောင်း၊   ညနေမှ   အိမ်ပြန်ရတာပေါ့။   အဲ့ဈေးထဲမှာ   ငြိမ်းချမ်းရေး   ဆိုတဲ့နာမည်နဲ့   စာအုပ်အငှားဆိုင်   ရှိတယ်။   ဈေးထဲက   လူတွေ   အတွက်ကျတော့   အဆင်ပြေအောင်လုပ်ပေးထားတယ်။   တခြားအပြင်က စာအုပ်ဆိုင်တွေနဲ့   မတူတာက   သူက   နေ့ချင်း   ငှားလို့ရတယ်။   ဒီနေ့ငှားပြီး   ဒီနေ့ပြန်အပ်ရင်   တဝက်ဈေးပဲ   ပေးရတာမျိုးပေါ့။   ဒါပေမယ့်   အပေါင်သဘောတော့   ငှားခကို   တဝက်ပေးရတာ   ရှိတယ်။   ကျွန်တော်က   အဲ့အချိန်မှာ   စာဖတ်တာ   နည်းနည်းမြန်နေပြီ။   တစ်ရက်ကို   ကာတွန်း   ၃   အုပ်လောက်တော့ပြီးတ

အပိုင်းအစများ

  ကျွန်တော်တို့   အမြဲတမ်း   လမ်းဆုံတွေမှာ   ရပ်နေမိကြတတ်တယ်။   လမ်းဆုံးသွားပြီလားဆိုပြီး   အတွေးတွေ   ဝင်မိတတ်ကြတယ်။   လမ်းဆုံကနေ   ဘယ်လမ်းကို   လိုက်ရမလဲ   ဆိုတာလည်း   အမြဲ   ဝေခွဲမရဖြစ်မိတယ်။   ကျွန်တော်အခု   ဘယ်   လမ်းဆုံ   မှာ   ရောက်နေတယ်ဆိုတာ   ကိုယ်တိုင်   မသိတော့ဘူး။   ကျွန်တော့်ဘေးမှာ ဘယ်သူမှ   မရှိတော့ဘူး။   ကျေးဇူးပြုပြီး   ထွက်သွားပေးကြပါလို့   ကျွန်တော်   တောင်းဆိုလိုက်တော့   လူတွေအကုန်ထွက်သွားကြတယ်။   ကျွန်တော့်မှာ   ကြောင်တစ်ကောင်ပဲ   ရှိတော့တယ်။   ကျွန်တော် ကြောင်နဲ့ပဲ   အချိန်ကုန်တယ်။   ကိုယ့်ဒဏ်ရာတွေကို   ဘယ်သူ့မှ   မပြောပြဖြစ်တော့ဘူး။   နားထောင်ပေးမယ့်သူလည်း   မရှိတော့ဘူးလေ။ ကြောင်ကို   ပြောလည်း   ကြောင်က   နားလည်   မှာ   မဟုတ်ဘူးလေ။ ကျွန်တော့်မှာ   အချစ်နဲ့ပတ်သတ်ပြီး   ဖွင့်ဆိုချက်တွေ   မရှိသလောက်နည်းတယ်။   အရင်ကလည်း   မရှိခဲ့ဘူး။   မရှိခဲ့လို့လည်း   အခုလို   ဘဝမျိုး   ရောက်သွားရတာနေမယ်။   နောက်ထပ်   ကျွန်တော်   တွေးနေမိတာက   ထုံးတမ်းစဉ်လာတွေ   ဘာလို့   ရှိနေရတာလဲ။   မရှိတော့ရင်ရော   ဘာဖြစ်သွားနိုင်မလဲ။   ကျွန်တော်   စာနဲ့ရေးလို့   မဖြစ်နိုင်တဲ့   အချိန်ကာလ   တစ်ခု