ဒီနေ့တွေဟာ ၂၀၁၉ အတွက် ရန်ကုန်မှာ နေရတဲ့ နောက်ဆုံးရက်တွေပဲ။ ဖျားနေတာရော စိတ်ကျန်းမာရေး မကောင်းတာရော ဘာတွေမှန်းမသိအောင် အလုပ်တွေရှုပ်နေတာရော ပေါင်းပြီး လူက ဘာလုပ်ရမယ် မှန်း ကို မသိတော့တာ။ စိတ်ရှုပ်ရှုပ်နဲ့ Facebook ကိုပါ log out လုပ်ပစ်လိုက်တယ်။ လူက ဖျားနေတော့ နားမှ သက်သာမယ် ဆိုတာ သိပေမယ့် မလုပ်လို့ မရတဲ့ အလုပ်တွေက ရှိနေပြန်တော့ ဖျားပေမယ့်လည်း လုပ်နေရပြန်ရော။ အဲ့တာနဲ့ ဖျားတာလည်း သက်သာလာတယ်ကို မရှိဘူး။ အရင်လို သူငယ်ချင်းတွေနဲ့ မနေ တော့တဲ့ အကျိုးဆက်ပေါ့။ သူငယ်ချင်းတွေ ရှိနေရင် ဘာကူလုပ်ပေးပါဦး ညာကူလုပ်ပေးပါဦးနဲ့ ့အကုန်ဝိုင်းလုပ်ပေးတော့ မြန်မြန် ပြီးတာပေါ့။ ရန်ကုန်ကလည်း သိတဲ့အတိုင်း တနေရာနဲ့ တနေရာ သွားရတာ မလွယ်လှဘူး။ ဒီရက်ပိုင်းတော့ တရက်ကို taxi ခ သုံးသောင်းနီးပါးကျနေတယ်။ ဘတ်စ်ကားကျတော့လည်း အချိန် တအားကုန်တယ်။ တနေကုန်မှ ၂ နေရာ လောက်ပဲ သွားလို့ရတယ်။ အချိန်သည် ငွေ ဆိုတာ အဲ့တာကို ပြောတာနေမှာ လို့တောင် တွေးမိလိုက်သေးတယ်။ စာရေးရတာ ပျင်းတဲ့ ကိုယ်ဟာ ခုတလောဆို စာပဲ ရေးချင်စိတ်ပေါက်နေတော့တယ်။ ဒီစာတွေတောင် taxi ပေါ် ရောက်နေတဲ့အချိန်တွေမှာ ရေးနေဖြစ်တာ သာကြည့်တော့။ ဖြစ်တာက ကိုယ့်ခံစားချက်တွေကို ပြေ
I keep all of my memos here.