Skip to main content

Posts

Showing posts from 2023

Zapya

  ဟိုအရင်တုန်းကတော့ ဒီဟာက ပြဿနာမဟုတ်ပေမယ့် အခုဖုန်းတွေက model တွေ အများကြီးဖြစ်လာပြီ။ ဖုန်းတလုံးနဲ့တလုံးကလည်း CPU တွေမတူတာကြောင့် zapya ကနေကူးတဲ့ app တွေ install လို့ မရတာပါ။ အကောင်းဆုံးကတော့ Google Play Store ကနေ download လုပ်တာ အကောင်းဆုံးပါ။

ပေါက်ကရလေးဆယ် ဘလော့များ

 ကနေ့ ပန်းချီပြပွဲတခုကို ရောက်ခဲ့တယ်။ တကူးတကသွားတာမဟုတ်ပဲ လမ်းကြုံလို့ ရောက်သွားတာ။ ပန်းချီကားတွေကို မကြည့်တတ်ပါဘူး။ ခံလည်း မခံစားတတ်ဘူး။ ဒီအတိုင်းခေါ်လို့ ရောက်သွားတာ။ အဲ့မှာ ပန်းချီကားတစ်ချပ် ကို Title ပေးထားတာလေးတွေ့မိတော့ အသံထွက်ပြီး သဘောကျမိတယ်။ နာမည်က "မင်းလဲမင်း ငါလဲငါ" တဲ့။ တကယ်ဗျာ။ ငါ့ကိုများ တည့်တည့်ကြီးပြောနေသလားပေါ့။  တကယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ကိစ္စမှာ ဘယ်သူမှ မမှားခဲ့ကြဘူးလို့ ကျွန်တော်က အခုထိ ယုံကြည်နေတုန်း။ ဘယ်သူမှ မမှားခဲ့ကြပေမယ့်လည်း နှလုံးသားနဲ့ ဦးနှောက် စီးချင်းထိုးတဲ့ပွဲမှာ ကျွန်တော် ရှုံးရတာပေါ့ မဟုတ်လား။  ခုမှ သတိရလို့ ပြက္ခဒိန်ကို ကြည့်လိုက်မိတော့ စက်တင်ဘာလဆိုတာ သတိရသွားတယ်။ စက်တင်ဘာလရောက်တိုင်း Green Day ရဲ့ Wake me up when september ends ကို ဂစ်တာတီးပြီး ဆိုနေကျ။ ဒီနှစ်တော့ ငါ့ကို မနှိုးကြနဲ့တော့။ ငါ ဒီ စက်တင်ဘာလကုန်ရင်တော့ မနိုးသော အိပ်ခြင်းနဲ့ အိပ်ပြီပဲ လို့ ကြွေးကြော်မိလိုက်တော့တာပဲ။ စက်တင်ဘာလကုန်တာနဲ့အတူ သူမလည်း ပြန်မလာနိုင်တဲ့နေရာကို ထွက်သွားခဲ့ပြီပဲ။  Hey Googel Play a song ဆိုပြီး ပြောလိုက်မိတော့ Spotify ကနေ သီချင်းတစ်ပုဒ် အသံထွက်လာတယ်။ I'm

SDB Account ဖွင့်ကြမယ်

ရေးမယ် လုပ်နေပြီး မရေးဖြစ်၊ Myan Crypto က ရေးထားတာတွေ့တာနဲ့ သူ့ဆီကပဲ copy ကူးလိုက်တယ်။ Special Thanks and Credit to Myan Crypto Facebook Page.  SDB (Spring Development Bank) account ဖွင့်ဖို့ စောင့်နေကြသူတွေရှိလား?  အချိန် ၅ မိနစ်ပေးရုံ၊ E-mail address တစ်ခုရှိရုံနဲ့ SDB account ကို လူတိုင်းအလွယ်တကူဖွင့်လို့ရနေပါပြီ။ ဒါပေမယ့် သတိထားစရာအချက်အချို့ကိုတော့ သိထားရပါမယ်။ မြန်မာပြည်တွင်းနေထိုင်သူတွေအနေနဲ့ SDB account ဖွင့်ဖို့အတွက် email တစ်ခု သက်သက်ဖွင့်သင့်ပါတယ်။ ဒီ email ကိုလည်း Google Chrome လိုမျိုး built-in browser တွေထဲမှာ မထည့်ဘဲနဲ့ Kiwi browser၊ Brave browser နဲ့ Opera Mini တို့လိုမျိုး third party browser တွေထဲမှာသာ ထည့်ထားသင့်ပါတယ်။ဒါ့အပြင် website ထဲဝင်တဲ့အခါ VPN ခံဝင်သင့်ပါတယ်။   ဒါမှသာ အစစ်အဆေးတစ်ခုခုနဲ့ကြုံလာတဲ့အခါ browser ကိုပါ တစ်ခါတည်း uninstall လုပ်လိုက်ဖို့လွယ်ကူမှာပါ။ ဒါကြောင့် SDB ဖွင့်ထားတဲ့ email password၊ SDB account password တွေကိုတော့ သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။  . Waitlist မှာတုန်းက join ထားပြီးတော့ Account Activation email ဝင်ထားတာ မသိလိုက်သူတွေအနေနဲ့လည်း email

NearDrop

 ကျွန်တော်က backup phone အနေနဲ့ pixel 3 ကို သုံးတယ်။ Laptop က MacBook Pro ကိုသုံးတယ်။ Apple ECO System ထဲမှာဆိုရင် file တွေ share တာက airdrop နဲ့ လွယ်လွယ် share လို့ရပေမယ့် android phone နဲ့ MacBook မှာ file share ဖို့က အတော် အလုပ်ရှုပ်တယ်။ Google Photo သုံးရင် သုံး၊ ဒါမှမဟုတ် Google Drive သုံးပဲ။ ဒါမှမဟုတ် ကြိုးနဲ့ချိတ်ပြီး ကူးပဲ။ အခုတော့ ဒီကောင်လေးနဲ့ အဆင်ပြေသွားပြီ။ android phone ကနေ macbook ကို nearby share နဲ့ ပို့လို့ ရသွားတော့ အလုပ်ရှုပ်သက်သာသွားပြီ။ Geek တွေကတော့ မူရင်းလင့်မှာပဲ ကြည့်လိုက်တော့။  https://github.com/grishka/NearDrop install လုပ်ရတာလည်း မခက်ဘူး။ download လုပ်လို့ရတာလေးကို application folder ထဲ ဆွဲထည့်လိုက်။ Launchpad ကနေ ဖွင့်လို့ damaged ဖြစ်နေတယ်ပြနေရင်  terminal ကနေ  xattr -cr /Applications/Signal.app   လို့ ရိုက်လိုက်။ ပြီးရင် allow နှိပ်ပေး။ ပြီးရင် network နဲ့ noti ကိုလည်း access ပေးလိုက်။ တခုရှိတာက ဒီ app သုံးပြီး share တဲ့အခါ mac ရော android phone ရော wifi တခုတည်းမှာ ချိတ်ထားမှ ရမယ်။

How to Uninstall Omi NTFS Disk Pro

Uninstall in App Right-click the status bar icon of Omi NTFS Disk Pro. Then click uninstall the app, and enter the system password. Uninstall manually ​ 1. Open Finder -> Press [command + shift + g], input /Library/Filesystems/, delete  omni_ntfs.fs  file. ​ 2. Open Finder -> Press [command + shift + g], input /Library/Extensions/, delete  omni_ntfs.kext  file. ​ 3. Open Finder -> Press [command + shift + g], input /Library/PrivilegedHelperTools/, delete  NTFS-Pro-by-Omi-Helper  file. ​ 4. Open Finder -> Press [command + shift + g], input /Library/LaunchDaemons/, delete  HelperTool-Launchd.plist  file. ​ 5. Open Finder -> Press [command + shift + g], input /Applications, delete  xNTFS Pro  file. ​ 6. Reboot the system. If you are a programmer, please use Terminal to enter the following commands, then reboot the system. sudo rm -rf /Library/Filesystems/omni_ntfs.fs sudo rm -rf /Library/Extensions/omni_ntfs.kext sudo rm -f /Library/PrivilegedHelperTools/NTFS-Pro-by-Omi-Hel

Undelete

ဇာတ်လမ်းအစက ဒီလို။ အရင်က external HDD ကို ဖုန်းမှာ တပ်သုံးနေကျ။ အဲ့တာကို window မှာ တပ်လိုက်တော့ ဘာမပြော ညာမပြောနဲ့ format ရိုက်ခိုင်းတာနဲ့ ရိုက်လိုက်သတဲ့။ အဲ့မှာတင် အထဲ ရှိသမျှ data တွေ အကုန် ကုန်သွားတော့တာပဲ။ အဲ့တော့ ဖျက်မိလိုက်တဲ့ format ရိုက်လို့ ပျက်သွားတဲ့ video file တွေ ပုံတွေ ကို ပြန်ဆယ်ယူဖို့ လုပ်ရတော့တာပဲ။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက File System တွေ အကြောင်း နဲ့ format ရိုက်ရင် ဘယ် device အတွက် ဘယ်ဟာနဲ့ format ရိုက်သင့်တယ်ဆိုတာ သိထားသင့်တယ်။ External HDD တွေ ဝယ်မယ်ဆို ဘူးခွံမှာ ဘယ် OS တွေမှာ အလုပ်လုပ်တယ်ဆိုပြီးပါတယ်။ အဲ့ File System တွေ အကြောင်းမသိရင် အခုလိုပဲ format ရိုက်မိနေဦးမှာပဲ။ ကိုယ်က ဘယ် device နဲ့ ဘယ် OS နဲ့ သုံးမှာလဲ ဆိုတာသိရင် ဘယ် format နဲ့ ရိုက်ရမလဲ သိတာပေါ့။  Window အတွက်ဆို NTFS ကို သုံးတယ်။ NTFS က Microsoft က မူပိုင်ယူထားတယ်။ NTFS နဲ့ format ရိုက်ထားရင် window only ပဲ သုံးလို့ အဆင်ပြေမယ်။ NTFS နဲ့ လုပ်ထားတဲ့  HDD ကို mac မှာ သုံးမယ်ဆိုရင် ကြားခံ software တခုလိုမယ်။ NTFS နဲ့ လုပ်ထားတဲ့ HDD ကို Android Phone မှာ တပ်လိုက်ရင် မဖတ်တာများတယ်။ ဒါပေမယ့် xiaomi phone

Router Review

 Facebook ကို VPN နဲ့ သုံးမှ ရလာတဲ့ အချိန်မှာ ကျွန်တော့်အတွက် အဆင်မပြေတာတွေများလာတယ်။ ကျွန်တော့်မှာ devices တွေက များတယ်။ ဖုန်းတွေ laptop တွေ tablet တွေ အပြင် တခြား gadget တွေပါ ရှိနေတာကိုး။ အကုန်လုံးကို VPN ထည့်ဖို့ အလုပ်တခုကလည်း ပိုလာတယ်။ အဲ့တာနဲ့ အဆင်ပြေမယ့်နည်းလမ်းကို လိုက်ရှာရင်း facebook ပေါ်က ကိုကျော်စွာသွင် တင်ထားတဲ့ router လေးကို သွားတွေ့မိတယ်။  Router မှာ တခါတည်း VPN ထည့်လို့ရတဲ့ router ပေါ့။ အဲ့ router မှာ တခါတည်း VPN ထည့်ထားတော့ အဲ့ router က လွင့်တဲ့ wifi ကို ချိတ်တဲ့ devices တွေ အကုန် လုံး VPN ထည့်စရာမလိုတော့ဘူးပေါ့။  Router အကြောင်း product info အသေးစိတ်ကို သူ့ website မှာ ဖတ်လို့ရပါတယ်။ Click here for more info Router Mode က ၄ မျိုးပါတယ်။ Lan Cable တပ်ပြီး AP router အနေနဲ့ သုံးလို့ရတယ်။ Wifi ကို ဖမ်းပြီး repeater, range extender အနေနဲ့လည်း သုံးလို့ရတယ်။  ဖုန်းက usb tethering လုပ်ပြီး USB မှာ ဖုန်းနဲ့ချိတ်ပြီး portable router အနေနဲ့လည်း ရတယ်။ 3G/4G moden တပ်ပြီး portable router အနေနဲ့လည်း ရတယ်။ Router ထဲကို ထည့်ဖို့ VPN အတော်များများကိုလည်း support လုပ်တယ်။ တကယ်လို့ V2Ray

ImageUSB

PassMask ကနေ လုပ်ထားတဲ့ ImageUSB ပါ။ Forensics Purpose အတွက် အဓိက အသုံးပြုတာပါ။  USB ပေါ်ကို Forensics Image File တွေ Write လုပ်ဖို့အတွက်။ USB ရဲ့ Forensics Image တွေကို Write လုပ်ဖို့အတွက် အဓိက သုံးတာဖြစ်ပါတယ်။ ဒါပေမဲ့ USB ၊ External Storage ရဲ့ MBR, GPT အပိုင်းတွေပေါ်ကိုပါ Zero တွေပဲ Write လုပ်လိုက်တာဖြစ်ပါတယ်။ MBR, GPT ပျောက်သွားရင် File, Folder တွေရဲ့ Location တွေကို မှတ်ထားတာပျောက်သွားတဲ့အတွက် Can't Recovery ပါ။ ဒါ့အပြင် ကျန်တဲ့ Data Storage ပေါ်ကိုပါ Zero တွေကို Write လုပ်လိုက်ပါတယ်။ Storage တစ်ခုလုံးက All Zero ဖြစ်သွားတာပါ။ နောက်ပီးရင် Format လုပ်လို့မရတဲ့ USB, Storage တွေကိုလဲ Format ပြုလုပ်နိုင်ပါတယ်။ Download Link  https://www.osforensics.com/tools/write-usb-images.html #ForensicsMyanmar #DigitalForensics နည်းပညာ Page တစ်ခုမှာ တွေ့လိုက်တာက Storage တစ်ခု May Be (Computer Storage, Or USB) ကို အခြားလူတစ်ယောက်ကို အပြီးတိုင်ပေးသုံးရမယ်ဆိုရင် Completely Destroy (ထုချေဖြစ်ဖို့) ။ Best Opinion.....  အခြားလူတစ်ယောက်ကို ကိုယ်ရဲ့ Storage တစ်ခုခုပေးသုံးမယ်ဆိုရင် Completely Destroy )

ဖုန်းအားသွင်းရာမှာ သတိထားရမယ့် အချက်များ

အားသွင်းကြိုးကို   ဖုန်းမှာထိုးတဲ့အခါ   မြဲမမြဲ   သေချာစစ်ဆေးပါ။   အရည်အသွေး   ညံ့တဲ့   ဖုန်းကာဗာတွေကြောင့်   အားသွင်းကြိုးက   ဖုန်းမှာ   မထိတထိ   ဖြစ်နေတတ်တယ်။   စိတ်မချရရင်   ဖုန်းကာဗာ   ဖြုတ်ပြီးမှ အားသွင်းပါ။ ဖုန်းဘတ်ထရီကို   ဘယ်တော့  ( ဘယ်တော့ )  မှ   ၅ %  အောက်   လျော့တဲ့အထိ   မသုံးမိပါစေနဲ့။   ၂၀ %  နား ရောက်တာနဲ့   ဖုန်းကို   ပြန်အားသွင်းတဲ့   အလေ့အကျင့်   လုပ်ထားပါ။   ၅ %  အောက်   ရောက်တဲ့အထိ   သုံးတဲ့ အကြိမ်ရေ   များလာရင်   ဖုန်းဘတ်ထရီက   ခ‌ဏလေးနဲ့   ပျက်စီးသွားပါတယ်။ ဒီဘက်ခေတ်   ဖုန်းတွေမှာ  Quick charge/ Fast Charge/ Super charge  စသဖြင့်   ဘတ်ထရီကို   အားအမြန်   သွင်းပေးတဲ့   စနစ်ပါလာတယ်။   ၈၀ %  လောက်ကို   ၄၅   မိနစ်အတွင်း   ပြည့်အောင်   ဖြည့်ပေးနိုင်တယ်။ အဲဒါ   အင်မတန်မှ   အသုံးတည့်တဲ့   လုပ်ဆောင်ချက်တစ်ခုပါပဲ။   ဒါပေမယ့်   သူ့မှာ   အားနည်းချက်   အကြီးကြီး   ရှိနေပါတယ်။   သတိထားမိမယ်   ထင်ပါတယ်။  Quick charge  နဲ့   အားသွင်းနေတဲ့   အချိန်မှာ   ဖုန်းက အတော်လေး   ပူနေပါတယ်။   သဘောက   ဝပ်များများနဲ့   လျှပ်အားတွေ   အတင်း   ထိုးသွင်းနေလို့ပါ။   ဒါကြောင့်  Quick charge  ချည်း

MS Window Direct Download

 Window ISO file ကို download လုပ်မယ်ဆိုရင် အင်တာနက်မှာ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ ကိုစိုးဝင်းပြောလို့ ဒီ ဆိုဒ်လေးကိုပဲ သုံးဖြစ်တယ်။ ကိုယ်လိုချင်တဲ့ window version, edition ရွေးပြီး direct download link or magnet link ထုတ်ပေးပါတယ်။  https://tb.rg-adguard.net / https://files.rg-adguard.net/

Bootable USB Creator for Linux

 Window တင်ဖို့ Ubuntu ပေါ်ကနေ Bootable USB လုပ်မယ်ဆိုပြီး ခါတိုင်းလုပ်နေကျ balena etcher နဲ့ လုပ်လိုက်တယ်။ USB stick ကို တပ်တယ်၊ boot တက်တယ်။ boot list မှာ တက်မလာဘူး။ ဘာဖြစ်လို့လည်း လိုက်ရှာတော့ Window 10 ဆိုတော့ UEFI mode နဲ့မှ ရမှာ ဖြစ်ပြီး etcher က Legacy mode နဲ့ bootable လုပ်ပေးလိုက်တာဆိုတော့ မတက်တော့ဘူးဖြစ်နေတာ။ UEFI mode နဲ့ bootable လုပ်ဖို့ကလည်း Rufus နဲ့ပဲ ရတယ်လို့ပဲ ကိုယ်က သိထားတယ်။ Rufus ကလည်း window ပေါ်မှာပဲ ရှိတယ်။ အဲ့တာနဲ့ အင်တာနက်ပေါ် ဟိုရှာ ဒီရှာလုပ်တော့လည်း ဘာမှ ထူးခြားတာ မတွေ့။ နောက်ဆုံးကျမှ WoeUSB ကို သွားတွေ့တယ်။ အဲ့ကောင်နဲ့ကျမှပဲ Linux ပေါ်မှာ  UEFI bootable USB ကို လုပ်လို့ ရသွားတော့တယ်။  https://github.com/WoeUSB နောက်ထပ် bootable လုပ်တဲ့ software တစ်ခုလည်း ကိုကိုရဲ ညွှန်းလို့ ဝင်ကြည့်ဖြစ်တယ်။ ဒီကောင်လည်း စိတ်ဝင်စားစရာပဲ။ နောက်လမ်းကြုံမှ စမ်းရမယ်။ https://www.ventoy.net/en/index.html

စာအုပ်ဆိုင်ယဥ်ကျေးမှု့

စာအုပ်ဆိုင်တွေအကြောင်းပြောရမယ်ဆိုရင် ကျွန်တော် ငယ်ငယ်ဆိုမှ တော်တော်ငယ်ငယ်က အကြောင်းက စပြောမှရမယ်။ ငယ်ငယ်လေးတုန်းကပေါ့။ စာဖတ်တတ်တဲ့ အရွယ်ရောက်တော့ အဘွားလေး ( အဘိုးရဲ့ ညီမ ) က စာအုပ်ဆိုင်ကနေ ကလေးကာတွန်းတွေ အမြဲငှားလာပေးတယ်။ အဲ့တာနဲ့ ကာတွန်းစာအုပ်ဖတ်ဖြစ်တယ်ပေါ့။   တခုသောနွေရာသီကျောင်းပိတ်ရက်ကျမှာ အမေက ဖောင်ကြီးသင်တန်းသွားတက်တော့ ကျွန်တော်က အဘွား ( အဖေရဲ့ အမေ ) နဲ့ အတူနေရတယ်။ အဘွားက ဈေးထဲမှာ ဖိနပ်ဆိုင်ဖွင့်ထားတော့ မနက်လင်းတာနဲ့ အဘွားနဲ့ အတူ ဆိုင်ဖွင့် တနေကုန် ဈေးရောင်း၊ ညနေမှ အိမ်ပြန်ရတာပေါ့။ အဲ့ဈေးထဲမှာ ငြိမ်းချမ်းရေး ဆိုတဲ့နာမည်နဲ့ စာအုပ်အငှားဆိုင် ရှိတယ်။ ဈေးထဲက လူတွေ အတွက်ကျတော့ အဆင်ပြေအောင်လုပ်ပေးထားတယ်။ တခြားအပြင်က စာအုပ်ဆိုင်တွေနဲ့ မတူတာက သူက နေ့ချင်း ငှားလို့ရတယ်။ ဒီနေ့ငှားပြီး ဒီနေ့ပြန်အပ်ရင် တဝက်ဈေးပဲ ပေးရတာမျိုးပေါ့။ ဒါပေမယ့် အပေါင်သဘောတော့ ငှားခကို တဝက်ပေးရတာ ရှိတယ်။ ကျွန်တော်က အဲ့အချိန်မှာ စာဖတ်တာ နည်းနည်းမြန်နေပြီ။ တစ်ရက်ကို ကာတွန်း ၃ အုပ်လောက်တော့ပြီးတယ်။ မနက် အဘွားနဲ့အတူဆိုင်ဖွင့်ရင်း ဈေးဦးပေါက်အောင် စောင်