၂၀၂၀ ရဲ့ ရန်ကုန် နောက်ဆုံး နေ့တွေကို swab test နဲ့ နှုတ်ဆက်လိုက်တယ်။ အစက swab test က Sunday မှဆိုတော့ စနေနေ့ မနက်မှာ အေးဆေး အိပ်နေတာပေါ့။ အိပ်ရာက စောနိုးနေတာတောင် ပြန်အိပ်နေလိုက်သေးတယ်။ ၉ နာရီလောက် ကျ ဖုန်းခေါ်လာတာ ကိုင်မိတော့ "သားလေး မင်း ဘယ်ရောက်နေပြီလဲ" ဆိုတဲ့အသံကြားလိုက်တော့ "အိမ်မှာ အိပ်နေတာလေ၊ ဘာဖြစ်လို့လဲ" ပြန်မေးတော့မှ နာရီဝက်အတွင်း ရောက်အောင်လာခဲ့တော့ swab ယူရမှာ တဲ့။ ကမန်းကတန်း ဘောင်းဘီ အင်္ကျီ ကောက်လဲပြီး လွယ်အိတ်လွယ်ပြီး ပြေးရတာ တန်းနေတာပဲ။ မျက်နှာတောင် မသစ်ခဲ့လိုက်ဘူး။ သူများတွေပြောတာ swab ယူရင် မျက်ရည်ကျတယ် ဆိုတော့ လန့်တာပေါ့။ တကယ်ကျတော့ နာလို့ မဟုတ်ဘူး။ ယား လို့ မျက်ရည်ကျတယ် ဆိုတာ ကိုယ်တိုင် swab ယူခံရမှ သိတယ်။ အာခေါင် က swab ယူတာ ယူလို့ ယူလိုက်မှန်းတောင် မသိဘူး။ နှာခေါင်းက ယူတာကျတော့ အတော် ခံရခက်တာ။ ယားကျိ ယားကျိနဲ့ ခံရခက်ကြီး။ အဲ့မှာ မျက်ရည် ဝိုင်းလာတာပဲ။ swab ယူပြီးသွားတာတောင် မျက်ရည်တွေ ဝဲပြီး ကျန်ခဲ့တာ။ ဒီလိုနဲ့ ရန်ကုန်ကထွက်လာပြီး ကော့သောင်းရောက်တော့ တရေးအိပ်ပျော်သွားတာနဲ့ ဘယ်မှ မသွားလိုက်ရဘူး။ ဒါတောင် ညနေဘက် မိုးတွေရွာနေတာကို ပုလုံးတုံတုံးကျွ
I keep all of my memos here.