Skip to main content

Posts

Showing posts with the label Xiaomi

Xiaomi Pad 7 1 week Review

  Xiaomi ထုံးစံအတိုင်း   Price to Performance ကောင်းတယ်ပေါ့။   ဒါပေမယ့် အဆင်မပြေတာလေးတွေက ရှိနေတယ်။ Tablet ကို သူ့ original Keyboard နဲ့ တွဲ ပြီး စာရိုက်တာမှာ မြန်မာစာ ရိုက်ရတာ အဆင်မပြေဘူး။ 3rd party keyboard software နဲ့မှပဲ ရတယ်။ ပြီးတော့ 3rd party keyboard ထည့်လိုက်တာနဲ့ browser search bar မှာ စာရိုက်ပြီး ရင် enter ကို နှိပ်လို့မရတော့ဘူး။   3rd party keyboard တွေ တောင်မှ Z keyboard နဲ့ပဲ အဆင်ပြေတယ်။ ကျန်တဲ့ ကီးဘုတ်တွေနဲ့ဆို language chage တဲ့ ctl+ space က အလုပ် မလုပ်ပြန်ဘူး။ ဟိုအရင်က NZ keyboard နဲ့ ရတယ်။ အခု မရတော့ဘူး။ NZ ရေးတဲ့ Dev အကိုက ခြေရာဖျောက်သွားတာက ကြာပြီ။ သူ့ဟာကိုပဲ ကိုဆန်းလင်းနိုင် က PlayStore ပေါ်တင်ပေးထားတာ။ ဆိုတော့ maintainance မရှိတော့တာ အတော်ကြာပြီ။ Default ပါတဲ့ ကီးဘုတ်က English လို့သာ ပြောတာ စာရိုက်ရင် တရုတ်စာတွေပဲ ထွက်လာတယ်။ အဲ့တော့ china rom နဲ့ ကောင် ကို ဝယ်မိရင် 3rd party keyboard က မထည့် မနေရ ထည့်ကို ထည့်မှ ရတော့တာပဲ။   အဲ့ 3rd party keyboard ထည့်လိုက်ရင် vol ခလုတ်တွေ ...

The remote for the Mi Computer Monitor Light Bar does not work

Mi Monitor Light Bar နဲ့ control knob လေး နဲ့ မချိတ်မိတော့ပဲ control လုပ်မရဖြစ်နေလို့ အင်တာနက်မှာ ရှာကြည့်တော့ သူပြောတဲ့ အတိုင်း repairလုပ်ကြည့်တယ်။ မရဘူး။ အဲ့တာနဲ့ ပြန်ပြီး Hardware reset လုပ်ကြည့်တော့ မှ ရ သွားတော့တယ်။  If the remote for the Mi Computer Monitor Light Bar does not work, please try the following troubleshooting steps to address the issue:  Try replacing the batteries with new ones to ensure that the remote has sufficient power. If the remote still doesn’t work, please turn on the light bar, and quickly press and hold the remote control knob to re-connect the devices. Please check the remote control for any damage that can affect the function of the remote control;  Dust or debris in the remote control can lead to it does not work. Please carefully clean the remote control using a small brush. Ensure that the power cable is securely connected to both the light bar and the power outlet. A loose or faulty connection will cause the remote to fail to control t...

Budget Android Tablet

 တကယ်လို့ မိတ်ဆွေက ဈေးနှုန်းသက်သာတဲ့ tablet တစ်လုံးကို ရှာနေတာဆိုရင် ဒီပိုစ့်က မိတ်ဆွေအတွက်ပါပဲ။ (ဟီး ဟို ရီဗျူးသမား အသံနဲ့ ရေးကြည့်တာ) Redmipad SE ပါ။ On Paper ပေါ်က Spec တွေ ရွတ်မပြတော့ပါဘူး။ သိချင်ရင် ဒီမှာ ဝင်ကြည့်ပါ။   redmi pad se specification on GSMArena Title က budget ဖြစ်နေပေမယ့် ၈ သိန်းတန်ကို budget လို့ ဘာလို့ပြောရသလဲ ဆိုပြီး မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ သူ့ထက် ဈေးနည်းတဲ့ tablet တွေလည်း ရှိပါတယ်။ သူနဲ့ ဈေးတူပြီး သူ့ထက် specification ပိုကောင်းတဲ့ tablet တွေလည်း ရှိပါတယ်။ Performance အကောင်းဆုံးနဲ့ ကျွန်တော့် စိတ်တိုင်းအကျဆုံး ကို ဈေးအနည်းဆုံး နဲ့ ရနိုင်တာ ဒီကောင်မို့ပါ။ ဥပမာ redmi pad 8.7 inch ဆိုရင် ဒီကောင့်ထက် ဈေးနည်းပါတယ်။ sim card ထည့်လို့ရပါတယ်။ ဒါပေမယ့် SoC က စုတ်နေတော့ လေးတာ နှေးတာတွေရှိပါတယ်။ ဈေးတန်းတူတာထဲကဆို huawei 11.5 matepad ရှိပါတယ်။ ဒါပေမယ့် Google apps တွေ သုံးလို့ အဆင်မပြေပါဘူး။ အဲ့ဒါကိုလည်း မြန်မာက ရီဗျူးလုပ်တဲ့သူတွေက သူတို့ video တွေထဲမှာ ရသလိုလို မရသလိုလို မရေမရာ ပြောပါတယ်။ honestly မပြောပါဘူး။ လမ်းကြုံလို့ ပြောရရင် မြန်မာပြည်က tech review သမ...

Mijia Coffee Capsule Machine

 ဒါကတော့ Xiaomi က ထုတ်တဲ့ mijia capsule coffee machine ပါ။ Nespresso capsule ထည့်ရပါတယ်။ espresso နဲ့ americano ၂ မျိုး ထုတ်လို့ရပါတယ်။ ဟိုးအရင်ကတော့ local ကနေ capsule တွေ မထုတ်တော့ Starbucks ကိုပဲ အားကိုးခဲ့ရတာပါ။ အခုတော့ Genius နဲ့ SawBwar Coffee ကနေပြီး nespresso capsule တွေ ထုတ်လာပါပြီ။ Genius က capsule တစ်ခုကို ၉၀၀ ဝန်းကျင် နဲ့ စော်ဘွားကတော့ တစ်ခုကို ၃၀၀၀ ဝန်းကျင်လောက် ကျပါတယ်။ Starbucks ကလည်း capsule တစ်ခုကို ၂၇၀၀ ဝန်းကျင် ကျပါတယ်။ Starbucks ကတော့ ရောင်းတဲ့ဆိုင် အပေါ်မူတည်ပြီး ဈေးကွာပါလိမ့်မယ်။ ကျွန်တော့် personal taste အရဆိုရင် စော်ဘွားကော်ဖီက Starbucks အရသာကို မှီပါတယ်။ ကော်ဖီ bean ကျ စော်ဘွားက Starbucks ထက် တစ်ဝက် ဈေးသက်သာပါတယ်။ Capsule ကျမှ ဈေးကြီးနေတာပါ။      ခလုတ်က ၂ ခါ ပါပါတယ်။ တစ်ခုက espresso ထုတ်ပေးပြီး နောက်တစ်ခုက americano ထုတ်ပေးပါတယ်။ ကော်ဖီသောက်ချင်လို့ အိမ်အလည်လာမယ်ဆို ကိုယ့်ဟာကိုယ် capsule ဝယ်ခဲ့ကြပါနော်။ ကျွန်တော်လည်း capsule ဖိုးမရှိလို့ ကော်ဖီ မသောက်ရတာ ကြာနေပါပြီ လို့။ 

Xiaomi Notebook Air 12.5

ပေါ့ပေါ့ပါးပါးနဲ့ အလေးကြီး မသယ်ချင်လို့ side kick အနေနဲ့ Xiaomi Notebook Air 12.5 inch တပါတ်ရစ်လေး ဝယ်မိတယ်။ အဓိက က အလုပ်ထဲမှာသုံးတဲ့ Engineering software တချို့က ( အတော်များများ ) က MacOS မှာ အလုပ်မလုပ်လို့ ဒါလေးနဲ့ အသက်ဆက်နေရတာ။ သုံးသမျှတော့ အတော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ Second ဆိုပေမယ့် battery က ၆ နာရီလောက်ထိ အသာလေးခံတာတွေ့ရတယ်။ (ရှေ့က ပိုင်ရှင်က ရိုရိုသေသေ ကိုင်ထားလို့လည်းနေမယ် ) Charging သွင်းတာကလည်း Mi Type C Charger နဲ့ သွင်းတော့ တစ်နာရီခွဲလောက် သွင်းရင် ၁၀၀ ပြန်ပြည့်တယ်။   ကျွန်တော့် လက်က သေးလို့လားတော့မသိ ကီးဘုတ်က စာရိုက်ရတာ တော်တော်လေးကို အဆင်ပြေတာ။ keyboard backlit လေးပါတော့ ညဘက် စာရိုက်ရတာလည်း အဆင်ပြေတယ်။   Screen resolutionကတော့ Full HD ဆိုတော့ ရုပ်ထွက်က အဆင်ပြေတယ် ဆိုတာထက် ပိုတယ်။ Screen size က 12.5 လက်မ ဆိုတော့ နည်းနည်းသေးတယ် ဆိုတဲ့ အထဲ ပါတယ်။ ဒါပေမယ့် စာရိုက်ဖို့ စာဖတ်ဖို့လောက်ပဲ ဆိုတော့ အနေတော်ပေါ့။ ဘေးဘောင်တွေက သေးတယ်ဆိုပေမယ့် အောက်ဘောင်ကတော့ တော်တော်ကြီးတယ်။ အောက် ဘောင်သာ သေးသွားမယ်ဆို Laptop size ကလည်း ဒီထက်...