Skip to main content

Revolution ရဲ့နောက်

Revolution
ဆိုတာလေးကို အခြေအနေတစ်ခုကနေ တစ်ခုထင်ထင်ရှားရှား ပြောင်းလဲသွားတဲ့ အခြေအနေအချိန်အခါမျိုးတွေမှာ အသုံးပြုကြပါတယ်
ကမ္ဘာပေါ် ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားတယ်
ကောင်းကင်ကင်က ကြယ်တာရာ အကြီးကြီးတွေ ကမ္ဘာကို ဝင်တိုက်ခဲ့လို့လို့ ဆိုပါတယ် တကောင်တမှီးမှမကျန်ခဲ့ပါဘူး ဂြိုဟ်သားတွေ လာပစ်သွားတာလဲ ဖြစ်နိုင်ပါတယ် နောက်လူသားတွေ မျောက်ကနေ ပုံစံအဆင့်ဆင့်ပြောင်းလဲ လာတယ် တွေးတော ရေးသားနိုင်တယ် ဒါလဲ revolution တစ်ခုလို့ဆိုမမှားပါဘူး
စာရေး စက္ကူကို တီထွင်ခဲ့တယ် စာတွေတော့ ရေးနိုင်လာတယ် ဒါပေမယ့် ကုန်ကြမ်း သစ်တောတွေ အမြောက်အများ ပျက်ဆီးခဲ့ပါတယ် ကမ္ဘာကြီး ပူနွေးလာတယ်ပေါ့ နောက် လည်လည်ပီး သွားတဲ့ ဘီး တီထွင်တယ် သယ်ယူပို့ဆောင်ရေး အဆင်ပြေတယ် ကိုလိုနီ နယ်ချဲ့ စနစ် ကို ပိုအားပေးမယ်ထင်ပါတယ်
Apple က အိုင်ဖုန်းကို တီထွင်ပြတယ် လူတွေအများကြီး ဝိုင်းသုံးကြတယ် ဒါပေမယ့် ယခင် စျေးကွက်ဦးထားခဲ့တဲ့ နိုကီယာက အခုတော့ ဝယ်သူအဆင့်ဆင့်ပြောင်းခံနေရလောက်အောင်ကို ကျဆင်းသွားတယ်
တီဗီတွေ ပေါ်လာတယ် ကျွန်တော်တို့ အိမ်တွေထဲ ရောက်လာကြတယ် ဒါပေမယ့် နည်းပညာ နောက်ကျလို့ ကျွန်တော်တို့ရဲ့ ပြန်မရနိုင်တဲ့ resource လို့ခေါ်ရမယ့် ကျွန်း အဖိုးတန်ရတနာ ထုတ်ကုန်တွေနဲ့ လဲလှယ်ခဲ့ရပါတယ်
ဆိုချင်တာက revolution ပြောင်းလဲမှုတိုင်းမှာ နစ်နာဆုံးရှုံးမှုတွေရှိနေပါတယ် အခုလဲ ခေတ်ကြီးက AI Automation အလိုအလျောက်စနစ်ကို ပြောင်းလဲဖို့ရာ ခြေလှမ်းနေခဲ့တာ အပြောင်းအလဲကို ပြူတစ်စပြုနေပါပီ အသိဉာဏ်အတု ဝါ လူလိုတွေးခေါ်နိုင်မှုတွေ
စဉ်းစားဆင်ခြင်မှုတွေ စတင်လာတော့မယ်
အရာရာ နှုတ်ဖြင့်စေခိုင်းတဲ့ စနစ် အလိုအလျောက် စနစ် စတင်ပါလိမ့်မယ်
ဒီပွဲမှာ ကျွန်တော်တို့ တွေ နှုတ်ဆွံအနေသူလို ကျန်ခဲ့မလား ကျန်ခဲ့လို့ ဘာမှ မထိခိုက်ဖူးဆိုရင်တောင် သူများတွေ အထင်သေး အမြင်သေးကြည့်တာကို ကျွန်တော်တို့ မျိုးဆက်ကို အမွေပေးခဲ့မလား တကယ်တန်းတော့ ဒါတွေဟာ ဒေတာ ပြောင်းလဲ စီးဆင်းနေမှုတွေပါဘဲ ဒါပေမယ့် ယခုလက်ရှိသုံးနေတဲ့ ဒေတာတွေနဲ့တော့ ဘာမှ သုံးမရပါဘူး ပညာရှင်တွေကို စောင့်အုန်းမှာလား သူတို့တွေ အတတ်နိုင်ဆုံး လုပ်ခဲ့ကြပီးပါပီ သုံးစွဲသူ အကူအညီမပါဘဲ သူတို့လဲ လက်ခုပ်၂ ဖက်ရှိမှ အသံမြည်အောင် တီးနိုင်မယ့် အခြေအနေမျိုးပါ ဘယ်သူ့စောင့်နေမှာပါလဲ အုပ်ချုပ်သူလား သူ့တို့မှာလဲသူတို့ အလုပ်နဲ့ ရှုပ်နေပါလိမ့်မယ်
AI ဥပမာတစ်ခု အဆိုးတွေးလေးတွေး ကြည့်ရအောင်
အသိ မိတ်ဆွေတစ်ယောက် အသက်လဲကြီးပါပီ အခုနေ အင်္ဂလိပ်စာသင်ဆို မသိလွယ်တော့ပါဘူး
ကားမှာ CarPlay ပါပါတယ် Siri လဲ အသင့်ပါဘဲ ဒါပေမယ် စိတ်မကောင်းစရာ စီရီ မြန်မာစာ လုံးဝနားမလည်ပါဘူး ဆိုတော့ အဆိုပါမိတ်ဆွေကြီးအတွက် CarPlay ကလုံးဝအပိုသက်သက်ပါ မိုးစပ်စပ်ရွာနေတယ် သူအရေးတကြီး သွားရပီ ရုတ်တရက်ဆိုတော့ ဖုန်းမပါသွားခဲ့ဘူး CarPlay နဲ့ ဆက်သွယ်ရမယ် သူသိတယ် ဒါပေမယ့် မသုံးတတ်ဖူး ဒါဆို စိတ်မကောင်းစရာ ဇာတ်လမ်း ဆက်လို့ရမှာပါ၊ ဆုတောင်းယုံပါဘဲ။
ကျွန်တော်တို့ မိမိဘာသာ အပြစ်တင်မလား ကံကိုဘဲ ပုံချမလား
ဘာလို့ ပြောင်းသုံးခိုင်းရတာလဲ အဆင်မပြေပါဘူး ဆိုတော့ မသုံးပါဘူး
ဟုတ်ပါတယ် ဒီနေ့ကျွန်တော်တို့ ကျောခိုင်းထားနိုင်မယ် မနက်ဖြန်တော့ သူက ကျွန်တော်တို့ကို ကျောခိုင်းမှာပါဘဲ revolution တစ်ခုတိုင်းမှာ ကောင်းတာဆိုးတာ ရှိပါတယ် ရှိနေမှာပါဘဲ
သိပ္ပံစာအုပ်တွေဖတ်ပီး ဒါဟာ စာရေးသူရဲ့ စိတ်ကူးယဉ် ရူးကြောင်ကြောင် အတွေးတွေပါလို့ဘဲ မျက်စိမှိတ် ယုံချင်နေမိပါတော့တယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။