Posts

Showing posts from April, 2017

MAU add-on for Opera Browser

Image
 MUA Web Unicode Converter ကို Opera Browser သုံးတဲ့သူတွေအတွက် ထုတ်ပေးလိုက်ပါပြီ။ Opera Extension store မှာ download လုပ်ပြီး အသုံးပြုလို့ရပါပြီ။ https://addons.opera.com/en/extensions/details/mua-web-unicode-converter/   Contributors - Ko Thant Thet - Ko Aung Myo Kyaw - Ko သစ် ပင် - Ko ဆန်းလင်း နိုင်

ဇော်ဂျီ၊ ယူနီနဲ့ မြန်မာပြည်

"ဇော်ဂျီလား သိတာပေါ့၊ ရုပ်သေးပွဲတွေမှာတွေ့ဘူးတယ်၊ ဆေးဝိဇ္ဇာလေ၊ ယူနီတော့မသိဘူး ဒေါ်နီဘဲသိတယ်၊ သူလဲဆေးရောင်းတာဘဲလား" နောက်နေတာ မဟုတ်ပါ၊ Low level တွေ high level တွေလဲ ဃဂနဏမသိလို့ ပညာရပ်ပိုင်းပြောချင်တာလဲမဟုတ်ရပါ၊ နီးစပ်ရာအသိုင်းဝိုင်းမှာ လုံးဝမကြားဘူးသူတွေလဲ သိစေချင်လက်ရှိလိုအပ်နေတာလေးကိုလဲ အရွေ့တခုဖြစ်စေချင်တာပါ။ ဇော်ဂျီနဲ့ယူနီကုဒ်ဆိုတာ ယခုလက်ရှိ ကွန်ပျူတာမှာ ဖုန်းပေါ်မှာ မြန်မာစာကိုဖတ်လို့ရ ရေးလို့ရအောင်သုံးနေတဲ့ စနစ်နှစ်ခုပါ။ ဒါတွေမသိရင် ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး၊ လက်ရှိလဲ ဖုန်းဝယ်ပြီးသုံးနေတာဘဲ ဆိုင်က လိုတာလုပ်ပေးလိုက်တာဘဲလေ၊ fb ကောင်းကောင်းဖတ်လို့ရရင်ပြီးတာပါဘဲ၊ စာတောင်ရိုက်စရာမလိုဘူး၊ ရယ်ပြ ငိုပြတောင် ရုပ်ပုံလေးတွေနဲ့လုပ်လို့ရသေး ဟေးဟေး။ Facebook ခေတ်ကြီးမှာ online ဈေးရောင်းတာတွေ အောင်မြင်နေတာတွေ့ရတယ်၊ ဈေးသက်သာလို့လားဆိုတော့ မဟုတ်၊ ပစ္စည်းကို ဘယ်လိုသုံးရလဲရှင်းပြထားတော့ အိမ်ကနေ fb လေးဖတ်နေရုံနဲ့သိနေတော့ ဟိုဟာလေးလိုချင် ဒီဟာလေးလိုချင် အလုပ်ကိုဖြစ်လို့၊(ဒါတောင် အများအားဖြင့်က ဘာအမျိုးစား ဘာမော်ဒယ် အသေးစိတ်တွေမပါသေးဘူး)။ ပညာရပ်တွေမေးမြန်းနေကြတဲ့ ခေတ်လူငယ်တွေလဲ အတော်များလာပ